မက်ဆီက သူ့ကို မြည်းလို့ခေါ်ဝေါ်ကာသီးသန့်မက်ဆော့ချ်ပို့ခဲ့ကြောင်း ကာရေဂါ ဖွင့်ချလာ

ဂျေမီကာရေဂါက Monday Night Football တွင်

ဝေဖန်မှုပြုလုပ်ခဲ့ခြင်းအတွက် လီယွန်နယ်မက်ဆီကသူ့ကို မြည်းလို့ခေါ်ဝေါ်ကာ

သီးသန့်မက်ဆော့ချ်ပို့ခဲ့ကြောင်းဖွင့်ချလာပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက

ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုမှာလည်း

ဂျူဗင်တပ်မှထွက်ခွာကာယူနိုက်တက်သို့ပြန်ခဲ့ပါတယ်။

Monday Night Football အစီအစဉ်တွင်လီဗာပူးဂန္ထဝင်နောက်ခံလူဟာ

ယင်းအပြောင်းအရွှေ့နှစ်ခုလုံးအပေါ်တွင်

အယုံအကြည်မရှိကြောင်းပြောကြားခဲ့ပါတယ်။

ကာရေဂါဟာမနေ့ညတုန်းကဝက်ဖို့ဒ်ကိုနော့ဝှစ်ချ်က၃-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်

ဂယ်ရီနဗီးလ်၊ဂျုံးစ်တို့နှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။

၎င်းတို့ဟာ ၂၀၂၁ခုနှစ်ရဲ့အကောင်းဆုံးအသင်းကို

ရွေးချယ်ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

ကာရေဂါက “မက်ဆီကိုမရွေးဘူး။ရာသီအစတုန်းက

ကျုပ်တို့ရော်နယ်ဒိုလား၊မက်ဆီလားဆိုပြီးငြင်းခုန်ခဲ့ကြတယ်။

ကျွန်တော့်ကမက်ဆီဘက်က။သူ(နဗီးလ်)ကရော်နယ်ဒိုဘက်က။ဒါပေမဲ့အဲဒါတောင်သူက”

နဗီးလ်က “မင်းနဲ့ပတ်သက်ပြီးသူမပျော်မရွှင်ဖြစ်နေတာလား။မက်ဆီလေ?

ကာရေဂါက ‘အင်း၊သူကငါနဲ့ပတ်သက်ပြီးတစ်ခါမှမပျော်ခဲ့ဘူး”

နဗီးလ်က “ဘာလို့လဲ?”

ကာရေဂါ “ရာသီအစတုန်းကရော်နယ်ဒိုနဲ့ပတ်သက်ပြီး

နည်းနည်းပိုပိုသာသာပြောခဲ့တယ်။

ကျုပ်ကလည်းယူနိုက်တက်အတွက်အရမ်းကောင်းတဲ့ခေါ်ယူမှုဖြစ်မယ်လို့မထင်ခဲ့ဘူး။

ပြီးတော့မက်ဆီကိုဥပမာပြုခဲ့တယ်။မက်ဆီကိုလည်းပီအက်စ်ဂျီအတွက်

ကြီးကျယ်တဲ့ခေါ်မှုလို့မထင်ဘူးလို့ပြောခဲ့တယ်”

ဂျုုံးစ် “အဲဒီတုန်းက Monday Night Football အစီအစဉ်မှာမဟုတ်လား”

ကာရေဂါ “ဟုတ်တယ်။ Monday Night Football အစီအစဉ်မှာပဲ။

အင်စတာဂရမ်ကနေ မက်ဆော့ချ်အပို့ခံရတယ်”

ဂျုံးစ် “သူ့ဆီကလား”

ကာရေဂါ “သူ့ဆီကပဲ။မက်ဆော့ချ်ကိုတော့မပြတော့ဘူး။

ဒါပေမဲ့သူကကျုပ်ကိုမြည်းလို့ပြောထားတာ”

ဂျုုံးစ် “အဲဒီနောက်ပိုင်း သူ့ပွဲတွေကိုကြည့်သေးလား”

ကာရေဂါက “သူက Monday Night Football ကိုကြည့်တယ်။

ဒီတော့ Friday Night Football ကိုလည်းသူ့ကြည့်ဖို့မျှော်လင့်တယ်။

လီယွန်နယ်ကိုကျွန်တော်တကယ်ချစ်တာပါ။

သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားပါ။

ကိုယ့်ကိုမြည်းနဲ့ခိုင်းနှိုင်းလာတယ်။ကျွန်တော်လည်းမြည်းတစ်ကောင်ဖြစ်ခဲ့ပါတယ်။

ဒီအသင်းမှာ(တစ်နှစ်တာအကောင်းဆုံးအသင်း)မထည့်ဘူး။

နွေတုန်းကကိုပါအမေရိကဖလားရခဲ့တယ်ဆိုပေမဲ့

မင်းကစားတာမကောင်းဘူး။မင်းကိုဖယ်ထားဖို့လုံလောက်တယ်။

မိုဆာလက်ပါ”လို့ ပြောကြားသွားပါတယ်။

ကာရေဂါဟာသူ့ရဲ့အကောင်းဆုံးအသင်းရဲ့တိုက်စစ်မှာ

မိုဟာမက်ဆာလက်၊ရောဘတ်လီဝန်ဒေါ့စကီးနှင့်

ကိုင်လီယန်ဘက်ပေးတို့ကိုရွေးချယ်သွားခဲ့ပါတယ်။

ဒါ့အပြင်အလယ်တန်းတွင်အန်ဂိုလိုကန်တီ၊မာကိုဗာရက်တီနှင့်

ကီဗင်ဒီဘရိုင်းတို့ကိုလည်းကောင်း၊နောက်တန်းတွင်ထရန်းအလက်ဇန္ဒားအာနိုး၊

ရူဘင်ဒိုင်ယက်စ်၊ချီရယ်လီနီ၊စပီဇီယာတို့ကိုလည်းကောင်း၊

ဂိုးသမားနေရာတွင်ဒွန်နာရမ်မာကိုလည်းကောင်းရွေးချယ်ခဲ့ပါတယ်။

zawgyi

မက္ဆီကသူ႔ကို ျမည္းလို႔ေခၚေဝၚကာသီးသန႔္မက္ေဆာ့ခ်္ပို႔ခဲ့ေၾကာင္း ကာေရဂါ ဖြင့္ခ်လာ

ေဂ်မီကာေရဂါက Monday Night Football တြင္

ေဝဖန္မႈျပဳလုပ္ခဲ့ျခင္းအတြက္ လီယြန္နယ္မက္ဆီကသူ႔ကို ျမည္းလို႔ေခၚေဝၚကာ

သီးသန႔္မက္ေဆာ့ခ်္ပို႔ခဲ့ေၾကာင္းဖြင့္ခ်လာပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက

ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုမွာလည္း

ဂ်ဴဗင္တပ္မွထြက္ခြာကာယူႏိုက္တက္သို႔ျပန္ခဲ့ပါတယ္။

Monday Night Football အစီအစဥ္တြင္လီဗာပူးဂႏၴဝင္ေနာက္ခံလူဟာ

ယင္းအေျပာင္းအေ႐ႊ႕ႏွစ္ခုလုံးအေပၚတြင္

အယုံအၾကည္မရွိေၾကာင္းေျပာၾကားခဲ့ပါတယ္။

ကာေရဂါဟာမေန႔ညတုန္းကဝက္ဖို႔ဒ္ကိုေနာ့ဝွစ္ခ်္က၃-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္

ဂယ္ရီနဗီးလ္၊ဂ်ဳံးစ္တို႔ႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကပါတယ္။

၎တို႔ဟာ ၂၀၂၁ခုႏွစ္ရဲ႕အေကာင္းဆုံးအသင္းကို

ေ႐ြးခ်ယ္ေဆြးေႏြးခဲ့ၾကတာလည္းျဖစ္ပါတယ္။

ကာေရဂါက “မက္ဆီကိုမေ႐ြးဘူး။ရာသီအစတုန္းက

က်ဳပ္တို႔ေရာ္နယ္ဒိုလား၊မက္ဆီလားဆိုၿပီးျငင္းခုန္ခဲ့ၾကတယ္။

ကြၽန္ေတာ့္ကမက္ဆီဘက္က။သူ(နဗီးလ္)ကေရာ္နယ္ဒိုဘက္က။ဒါေပမဲ့အဲဒါေတာင္သူက”

နဗီးလ္က “မင္းနဲ႔ပတ္သက္ၿပီးသူမေပ်ာ္မ႐ႊင္ျဖစ္ေနတာလား။မက္ဆီေလ?

ကာေရဂါက ‘အင္း၊သူကငါနဲ႔ပတ္သက္ၿပီးတစ္ခါမွမေပ်ာ္ခဲ့ဘူး”

နဗီးလ္က “ဘာလို႔လဲ?”

ကာေရဂါ “ရာသီအစတုန္းကေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး

နည္းနည္းပိုပိုသာသာေျပာခဲ့တယ္။

က်ဳပ္ကလည္းယူႏိုက္တက္အတြက္အရမ္းေကာင္းတဲ့ေခၚယူမႈျဖစ္မယ္လို႔မထင္ခဲ့ဘူး။

ၿပီးေတာ့မက္ဆီကိုဥပမာျပဳခဲ့တယ္။မက္ဆီကိုလည္းပီအက္စ္ဂ်ီအတြက္

ႀကီးက်ယ္တဲ့ေခၚမႈလို႔မထင္ဘူးလို႔ေျပာခဲ့တယ္”

ဂ်ဳုံးစ္ “အဲဒီတုန္းက Monday Night Football အစီအစဥ္မွာမဟုတ္လား”

ကာေရဂါ “ဟုတ္တယ္။ Monday Night Football အစီအစဥ္မွာပဲ။

အင္စတာဂရမ္ကေန မက္ေဆာ့ခ်္အပို႔ခံရတယ္”

ဂ်ဳံးစ္ “သူ႔ဆီကလား”

ကာေရဂါ “သူ႔ဆီကပဲ။မက္ေဆာ့ခ်္ကိုေတာ့မျပေတာ့ဘူး။

ဒါေပမဲ့သူကက်ဳပ္ကိုျမည္းလို႔ေျပာထားတာ”

ဂ်ဳုံးစ္ “အဲဒီေနာက္ပိုင္း သူ႔ပြဲေတြကိုၾကည့္ေသးလား”

ကာေရဂါက “သူက Monday Night Football ကိုၾကည့္တယ္။

ဒီေတာ့ Friday Night Football ကိုလည္းသူ႔ၾကည့္ဖို႔ေမွ်ာ္လင့္တယ္။

လီယြန္နယ္ကိုကြၽန္ေတာ္တကယ္ခ်စ္တာပါ။

သမိုင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးကစားသမားပါ။

ကိုယ့္ကိုျမည္းနဲ႔ခိုင္းႏႈိင္းလာတယ္။ကြၽန္ေတာ္လည္းျမည္းတစ္ေကာင္ျဖစ္ခဲ့ပါတယ္။

ဒီအသင္းမွာ(တစ္ႏွစ္တာအေကာင္းဆုံးအသင္း)မထည့္ဘူး။

ေႏြတုန္းကကိုပါအေမရိကဖလားရခဲ့တယ္ဆိုေပမဲ့

မင္းကစားတာမေကာင္းဘူး။မင္းကိုဖယ္ထားဖို႔လုံေလာက္တယ္။

မိုဆာလက္ပါ”လို႔ ေျပာၾကားသြားပါတယ္။

ကာေရဂါဟာသူ႔ရဲ႕အေကာင္းဆုံးအသင္းရဲ႕တိုက္စစ္မွာ

မိုဟာမက္ဆာလက္၊ေရာဘတ္လီဝန္ေဒါ့စကီးႏွင့္

ကိုင္လီယန္ဘက္ေပးတို႔ကိုေ႐ြးခ်ယ္သြားခဲ့ပါတယ္။

ဒါ့အျပင္အလယ္တန္းတြင္အန္ဂိုလိုကန္တီ၊မာကိုဗာရက္တီႏွင့္

ကီဗင္ဒီဘ႐ိုင္းတို႔ကိုလည္းေကာင္း၊ေနာက္တန္းတြင္ထရန္းအလက္ဇႏၵားအာႏိုး၊

႐ူဘင္ဒိုင္ယက္စ္၊ခ်ီရယ္လီနီ၊စပီဇီယာတို႔ကိုလည္းေကာင္း၊

ဂိုးသမားေနရာတြင္ဒြန္နာရမ္မာကိုလည္းေကာင္းေ႐ြးခ်ယ္ခဲ့ပါတယ္။