မက်ဆီကို  ပြန်ခေါ်ဖို့ မရှိကြောင်း လာပေါ်တာ အတည်ပြု

ဒန်နီ အဲလ်ဗတ် နှင့် ပက်ဒရီ ဂွန်ဇာလက်တို့က ပဲရစ် စိန့် ဂျာမိန်း တိုက်စစ်မှူးကြီးကို

ကမ့်နူးမှာ ပြန်လည်မြင်တွေ့လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီးနောက်

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အဆိုပါ အခြေအနေအပေါ် မှတ်ချက်ပေးသွားခဲ့ပါတယ်။

အသက် ( ၃၄ ) နှစ်အရွယ် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းက

ငွေကြေးဆိုင်ရာကန့်သတ်ချက်တွေကြောင့်

သူ့ကို စာချုပ်သစ်ကမ်းလှမ်းနိုင်ခြင်း မရှိတော့တဲ့အတွက်

ပြီးခဲ့တဲ့နွေရာသီမှာ ကတ်တလန်ဒေသကို စွန့်ခွာခဲ့ရပါတယ်။

လာပေါ်တာကတော့ သူဟာ အာဂျင်တီးနား တိုက်စစ်မှူးနဲ့

အဆက်အသွယ်လုံးဝ မရှိကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

သူက beinSPORTS နဲ့ တွေ့ဆုံရာမှာ “ လက်ရှိမှာတော့

အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေး မရှိပါဘူး ။

ကျွန်တော်လည်း သူနဲ့ စကားမပြောဖြစ်ပါဘူး ။

ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်လည်း မရှိပါဘူး။”လို့ ဆိုခဲ့ပါတယ်။

“ သူက ပဲရစ်မှာ ရှိနေတယ်။ ဒါပေမယ့် သူ့ကိုတော့ သတိရပါတယ်။

ပေြာနေကြတာတွေကိုလည်း ကျွန်တော်သိပါတယ်။

ဒါပေမယ့် ကျွန်တော် သူနဲ့ စကားမပြောဖြစ်ပါဘူး ။

ကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေကနေ မှတ်ချက်စကားတွေကြားရပါတယ်။”

“ လီယို‌ေရာ ၊ သူနဲ့ နီးစပ်တဲ့သူတွေထံကကပါ ပြန်လာမယ့်အကြောင်းနဲ့ ပတ်သက်ပြီး

ကျွန်တော့်ကို တစ်စုံတစ်ရာပြောဆိုတာမျိုးမရှိပါဘူး ။

အမှန်ကတော့ ကျွန်တော်တို့ လက်ရှိမှာ ဒါကို စဥ်းစားထားခြင်း မရှိပါဘူး ။”

“ ကျွန်တော်တို့က အတွေ့အကြုံရင့် ကစားသမားတွေဝန်ရံပြီး

လူငယ်အသင်းတစ်ခု တည်ဆောက်နေပါတယ်။”

“ ဒါပေမယ့် လီယိုကတော့ လီယိုပါပဲ ။

သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါ ။

သူ့အနေနဲ့ ကစားသမားတစ်ဦးအနေနဲ့ရော

လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ရိုသေလေးစားခံရဖို့ ထိုက်တန်ပါတယ်။”

မက်ဆီ ထွက်ခွာမှုနဲ့ ပတ်သက်ပြီး လာပေါ်တာက

“ ကျွန်တော့်အတွက် မလွယ်ကူပါဘူး ။ ဒါပေမယ့် အဲ့လိုပဲ ဖြစ်သွားခဲ့ပါတယ်။

ကျွန်တော်ကတော့ အသင်းက ပထမဦးစားပေးဖြစ်ရမယ်လို့ ထင်ပါတယ်။

ဘာစီလိုနာကို ပိုပြီး စွန့်စားမှုတွေ မလုပ်စေချင်တော့ဘူး ။

ကျွန်တော်ကတော့ လုပ်သင့်တာကို လုပ်ခဲ့တယ်လို့ ထင်ပါတယ်။” ဟု ဆိုခဲ့ပါတယ်။

zawgyi

မက္ဆီကို  ျပန္ေခၚဖို႔ မရွိေၾကာင္း လာေပၚတာ အတည္ျပဳ

ဒန္နီ အဲလ္ဗတ္ ႏွင့္ ပက္ဒရီ ဂြန္ဇာလက္တို႔က ပဲရစ္ စိန႔္ ဂ်ာမိန္း တိုက္စစ္မႉးႀကီးကို

ကမ့္ႏူးမွာ ျပန္လည္ျမင္ေတြ႕လိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကၿပီးေနာက္

ဘာစီလိုနာ ဥကၠဌ လာေပၚတာက အဆိုပါ အေျခအေနအေပၚ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

အသက္ ( ၃၄ ) ႏွစ္အ႐ြယ္ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းက

ေငြေၾကးဆိုင္ရာကန႔္သတ္ခ်က္ေတြေၾကာင့္

သူ႔ကို စာခ်ဳပ္သစ္ကမ္းလွမ္းႏိုင္ျခင္း မရွိေတာ့တဲ့အတြက္

ၿပီးခဲ့တဲ့ေႏြရာသီမွာ ကတ္တလန္ေဒသကို စြန႔္ခြာခဲ့ရပါတယ္။

လာေပၚတာကေတာ့ သူဟာ အာဂ်င္တီးနား တိုက္စစ္မႉးနဲ႔

အဆက္အသြယ္လုံးဝ မရွိေၾကာင္း ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

သူက beinSPORTS နဲ႔ ေတြ႕ဆုံရာမွာ “ လက္ရွိမွာေတာ့

အဆင္ေျပေခ်ာေမြ႕တဲ့ ဆက္ဆံေရး မရွိပါဘူး ။

ကြၽန္ေတာ္လည္း သူနဲ႔ စကားမေျပာျဖစ္ပါဘူး ။

ပုဂၢိဳလ္ေရးဆိုင္ရာ အဆက္အသြယ္လည္း မရွိပါဘူး။”လို႔ ဆိုခဲ့ပါတယ္။

“ သူက ပဲရစ္မွာ ရွိေနတယ္။ ဒါေပမယ့္ သူ႔ကိုေတာ့ သတိရပါတယ္။

ေျပာေနၾကတာေတြကိုလည္း ကြၽန္ေတာ္သိပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ သူနဲ႔ စကားမေျပာျဖစ္ပါဘူး ။

ကြၽန္ေတာ္နဲ႔ရင္းႏွီးတဲ့သူေတြကေန မွတ္ခ်က္စကားေတြၾကားရပါတယ္။”

“ လီယို‌ေရာ ၊ သူနဲ႔ နီးစပ္တဲ့သူေတြထံကကပါ ျပန္လာမယ့္အေၾကာင္းနဲ႔ ပတ္သက္ၿပီး

ကြၽန္ေတာ့္ကို တစ္စုံတစ္ရာေျပာဆိုတာမ်ိဳးမရွိပါဘူး ။

အမွန္ကေတာ့ ကြၽန္ေတာ္တို႔ လက္ရွိမွာ ဒါကို စဥ္းစားထားျခင္း မရွိပါဘူး ။”

“ ကြၽန္ေတာ္တို႔က အေတြ႕အႀကဳံရင့္ ကစားသမားေတြဝန္ရံၿပီး

လူငယ္အသင္းတစ္ခု တည္ေဆာက္ေနပါတယ္။”

“ ဒါေပမယ့္ လီယိုကေတာ့ လီယိုပါပဲ ။

သူက ကမာၻေပၚမွာ အေကာင္းဆုံး ကစားသမားပါ ။

သူ႔အေနနဲ႔ ကစားသမားတစ္ဦးအေနနဲ႔ေရာ

လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ ႐ိုေသေလးစားခံရဖို႔ ထိုက္တန္ပါတယ္။”

မက္ဆီ ထြက္ခြာမႈနဲ႔ ပတ္သက္ၿပီး လာေပၚတာက

“ ကြၽန္ေတာ့္အတြက္ မလြယ္ကူပါဘူး ။ ဒါေပမယ့္ အဲ့လိုပဲ ျဖစ္သြားခဲ့ပါတယ္။

ကြၽန္ေတာ္ကေတာ့ အသင္းက ပထမဦးစားေပးျဖစ္ရမယ္လို႔ ထင္ပါတယ္။

ဘာစီလိုနာကို ပိုၿပီး စြန႔္စားမႈေတြ မလုပ္ေစခ်င္ေတာ့ဘူး ။

ကြၽန္ေတာ္ကေတာ့ လုပ္သင့္တာကို လုပ္ခဲ့တယ္လို႔ ထင္ပါတယ္။” ဟု ဆိုခဲ့ပါတယ္။