
ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကတော့
ဆီးကျိတ်ကင်ဆာဝေဒနာခံစားနေရတဲ့ နယ်သာလန်နည်းပြကြီး
လူးဝစ်ဗန်ဟားလ်ကို အားပေးစကားပြောဆိုသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အသက် ၇၀ ရှိပြီဖြစ်တဲ့နည်းပြကြီးဟာ
ယူနိုက်တက်နည်းပြအဖြစ်တာဝန်ယူခဲ့စဉ်က မားကပ်စ်ရက်ရှ်ဖိုဒ့်ကို
လူငယ်အသင်းကနေ အသင်းကြီးထံခေါ်ယူပွဲထုတ်ခဲ့ကာ
ဘောလုံးစင်မြင့်ထက်ကို တင်ပေးခဲ့သူဖြစ်ပါတယ်။
၂၀၁၆တုန်းက ယူရိုပါလိဂ် ၃၂ သင်းအဆင့်၊ ဒုတိယအကျော့
မစ်ဂျယ်လန်းတို့နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ကို ပွဲထွက်သုံးခဲ့တဲ့
ဗန်ဟားလ်ရဲ့ဆုံးဖြတ်ချက်ကြောင့် အများအံ့သြခဲ့ရပါတယ်။
ယူနိုက်တက်တို့က သူတို့ရဲ့မန်နေဂျာဟောင်းကို ဆိုရှယ်မီဒီယာပေါ်ကနေ
အားပေးစကားပေးပို့ခဲ့သလို ရက်ရှ်ဖို့ဒ်ကလည်း
သူ့ကိုပရော်ဖက်ရှင်နယ်ဘောလုံးလောကထဲ ပထမဆုံးခေါ်ပေးခဲ့တဲ့ဆရာအတွက်
အဲဒီပို့စ်ကိုရှဲပြီး ဆုတောင်းပေးခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ပွဲဦးထွက်ကို LVG ဆီကနေရရှိခဲ့တာပါ။
အမြဲတမ်းအကြွေးတင်သွားတော့မှာဖြစ်ပါတယ်။
ဒါကိုခင်ဗျားတိုက်ခိုက်နိုင်ပါတယ်။
ခင်ဗျားရဲ့နောက်မှာ ကျွန်တော်တို့အားလုံးရှိနေတယ်နော်။”လို့ ရက်ရှ်ဖို့ဒ်ကရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဗန်ဟားလ်ရဲ့အသင်းဟောင်းတွေဖြစ်ကြတဲ့ ဘာစီလိုနာ၊
ဘိုင်ယန်မြူးနစ်တို့ရဲ့ တရားဝင်စာမျက်နှာတွေကလည်း
ဗန်ဟားလ်အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။
zawgyi
ေဘာလုံးေလာကထဲ ပထမဆုံးေခၚေပးခဲ့တဲ့ဆရာ ကင္ဆာေရာဂါျဖစ္ေနတဲ့အတြက္ အားေပးစကားဆိုခဲ့တဲ့ ရက္ရွ္ဖိုဒ့္
ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မႉး ရက္ရွ္ဖိုဒ့္ကေတာ့
ဆီးက်ိတ္ကင္ဆာေဝဒနာခံစားေနရတဲ့ နယ္သာလန္နည္းျပႀကီး
လူးဝစ္ဗန္ဟားလ္ကို အားေပးစကားေျပာဆိုသြားခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အသက္ ၇၀ ရွိၿပီျဖစ္တဲ့နည္းျပႀကီးဟာ
ယူႏိုက္တက္နည္းျပအျဖစ္တာဝန္ယူခဲ့စဥ္က မားကပ္စ္ရက္ရွ္ဖိုဒ့္ကို
လူငယ္အသင္းကေန အသင္းႀကီးထံေခၚယူပြဲထုတ္ခဲ့ကာ
ေဘာလုံးစင္ျမင့္ထက္ကို တင္ေပးခဲ့သူျဖစ္ပါတယ္။
၂၀၁၆တုန္းက ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္၊ ဒုတိယအေက်ာ့
မစ္ဂ်ယ္လန္းတို႔နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္ကို ပြဲထြက္သုံးခဲ့တဲ့
ဗန္ဟားလ္ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ အမ်ားအံ့ၾသခဲ့ရပါတယ္။
ယူႏိုက္တက္တို႔က သူတို႔ရဲ႕မန္ေနဂ်ာေဟာင္းကို ဆိုရွယ္မီဒီယာေပၚကေန
အားေပးစကားေပးပို႔ခဲ့သလို ရက္ရွ္ဖို႔ဒ္ကလည္း
သူ႔ကိုပေရာ္ဖက္ရွင္နယ္ေဘာလုံးေလာကထဲ ပထမဆုံးေခၚေပးခဲ့တဲ့ဆရာအတြက္
အဲဒီပို႔စ္ကိုရွဲၿပီး ဆုေတာင္းေပးခဲ့ပါတယ္။
“ကြၽန္ေတာ့္ရဲ႕ပြဲဦးထြက္ကို LVG ဆီကေနရရွိခဲ့တာပါ။
အၿမဲတမ္းအေႂကြးတင္သြားေတာ့မွာျဖစ္ပါတယ္။
ဒါကိုခင္ဗ်ားတိုက္ခိုက္ႏိုင္ပါတယ္။
ခင္ဗ်ားရဲ႕ေနာက္မွာ ကြၽန္ေတာ္တို႔အားလုံးရွိေနတယ္ေနာ္။”လို႔ ရက္ရွ္ဖို႔ဒ္ကေရးသားခဲ့ပါတယ္။
ဒါ့အျပင္ ဗန္ဟားလ္ရဲ႕အသင္းေဟာင္းေတြျဖစ္ၾကတဲ့ ဘာစီလိုနာ၊
ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ တရားဝင္စာမ်က္ႏွာေတြကလည္း
ဗန္ဟားလ္အတြက္ ဆုေတာင္းေပးခဲ့ၾကပါတယ္။