
ဘာစီလိုနာနောက်ခံလူဂါရတ်ပီကေးဟာဘာစီလိုနာကစားသမားဟောင်းများ
မိတ်ဆုံစားပွဲသို့ လီယွန်နယ်မက်ဆီရဲ့ဖိတ်ကြားမှုပြုလုပ်ခြင်းမခံခဲ့ရမှုနဲ့အတူ
၎င်းတို့အကြားဆက်ဆံရေးပြတ်သွားပြီဖြစ်ကြောင်းသတင်းထွက်ပေါ်နေပါတယ်။
မက်ဆီဟာနွေရာသီတုန်းကပီအက်စ်ဂျီသို့ပြောင်းခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့သူဟာပီအက်စ်ဂျီတွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရပြီး
လီဂူး၁ ၁၂ပွဲကစားထားရာမှာ၁ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။
အာဂျင်တီးနားစူပါစတားဟာတနင်္လာနေ့တုန်းကဘာစီလိုနာသို့ပြန်လာခဲ့ပြီး
ကစားဖော်ဟောင်းများကိုဖိတ်ကြားကာညစာစားပွဲပြုလုပ်ခဲ့ပါတယ်။
မက်ဆီဟာညစာစားပွဲကိုဘာစီလိုနာရှိအဆင့်မြင့်ဂျပန်စားသောက်ဆိုင်တစ်ခုတွင်
ကျင်းပတာဖြစ်ပြီး ဆာဂျီယိုဘက်စကွက်၊ဂျော်ဒီအယ်လ်ဘာနှင့်
၎င်းတို့ရဲ့မိသားစုတို့လည်းတက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင်ဘာစီလိုနာနည်းပြဇာဗီးဟာနန်ဒက်ဇ်မှာလည်း
စားသောက်ဆိုင်သို့ ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့မက်ဆီရဲ့ဘာစီလိုနာကစားသမားဟောင်းများတွေ့ဆုံပွဲသို့
ပီကေး လာရောက်ခြင်းမရှိပါဘူး။
ပီကေးနှင့်မက်ဆီတို့ဟာဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီမှာကတည်းက
အတူကစားလာခဲ့ကြသူများလည်းဖြစ်ပါတယ်။
စပိန်မီဒီယာများရဲ့ဖော်ပြချက်အရပီကေးဟာပြီးခဲ့တဲ့နှစ်တုန်းက
မက်ဆီရဲ့စာချုပ်နဲ့ပတ်သက်ပြီးဘာစီလိုနာဥက္ကဌလာပေါ်တာအား
သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်းမက်ဆီဟာပီကေးအပေါ်အမြင်မကြည်ဖြစ်နေပြီး
ဘာစီလိုနာကစားသမားဟောင်းများညစာစားပွဲသို့မဖိတ်ခဲ့တာလို့သိရပါတယ်။
zawgyi
ဘာစီလိုနာကစားသမားဟောင်းများ မိတ်ဆုံစားပွဲသို့ ပီကေးကို ဖိတ်ကြားမှုမပြုလုပ်ခဲ့တဲ့ မက်ဆီ