
အာဂျင်တီးနားဘောလုံးအိုင်ကွန်ဖြစ်တဲ့ လီယွန်နယ်မက်ဆီမှာ
Ballon d’Or ဆု ၇ ခုနဲ့ ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ်ဆိုတဲ့
ကြီးကျယ်တဲ့အောင်မြင်မှုတွေ ပိုင်ဆိုင်ထားပါတယ်။
အခုတော့ သူ့ရဲ့အောင်မြင်မှုတွေထဲမှာ ဟမ်ဘာဂါတစ်ခုကိုလည်း ထည့်တွက်ရတောမှာပါ။
အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာ အခြေစိုက်တဲ့ Hard Rock Cafe ဟာ
အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးနဲ့တွဲဖက်ပြီး ဘာဂါသစ်တစ်မျိုးဖြစ်တဲ့
မက်ဆီဘာဂါကို စားသုံးသူတွေအတွက် တီထွင်လိုက်ပါတယ်။
Hard Rock Cafe ဟာ အမေရိကန်မှာတင်မဟုတ်ဘဲ
ကမ္ဘာ့အနှံ့မှာပါ ဆိုင်ခွဲတွေဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။
”ဒီဘာဂါအတွက် စမ်းသပ်မှုမှာ မက်ဆီနဲ့သူ့အဖွဲ့လည်း
အကြိမ်အနည်းငယ်ပါဝင်ခဲ့ပြီး နောက်ဆုံးမှာမှ
အစပ်အဟပ်တည့်သွားတဲ့ဘာဂါတစ်ခုကိုရရှိခဲ့တာပါ။
မက်ဆီနဲ့သူ့အဖွဲ့ အတည်ပြုပေးခဲ့တဲ့ အရသာပေ့ါ”လို့
Hard Rock Cafe ရဲ့တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လက်ရှိမှာတော့ မက်ဆီဘာဂါကို ဖလောရီဒါက
Hard Rock Cafe ဆိုင်နှစ်ခုမှာပဲ ဝယ်ယူစားသုံးလို့ ရဦးမှာပါ။
ကမ္ဘာအနှံ့ဆိုင်ခွဲတွေမှာတော့ လာမယ့်မတ်လရောက်မှ
ရောင်းချသွားမယ်လို့ သိရပါတယ်။
မက်ဆီဘာဂါအတွက် ဈေးနှုန်းအတိအကျမသိရသေးပေမယ့်
စမ်းသပ်ရောင်းချတဲ့ကာလမှာတော့ တစ်ခုကို ၁၁.၉၅ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။
Hard Rock Cafe ဟာ အရှေ့တောင်အာရှနိုင်ငံအချို့မှာလည်း
ဆိုင်ခွဲတွေလာရောက် ဖွင့်လှစ်ထားပါတယ်။
အိမ်နီးချင်းထိုင်၊ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့မှာ
Hard Rock Cafe ဆိုင်တွေရှိတာပါ။
zawgyi
ဘာဂါႀကိဳက္သူမ်ားအတြက္ မတ္လမွာရရွိေတာ့မယ့္ မက္ဆီဘာဂါ
အာဂ်င္တီးနားေဘာလုံးအိုင္ကြန္ျဖစ္တဲ့ လီယြန္နယ္မက္ဆီမွာ
Ballon d’Or ဆု ၇ ခုနဲ႔ ခ်န္ပီယံလိဂ္ဆုဖလား ၄ ႀကိမ္ဆိုတဲ့
ႀကီးက်ယ္တဲ့ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ထားပါတယ္။
အခုေတာ့ သူ႔ရဲ႕ေအာင္ျမင္မႈေတြထဲမွာ ဟမ္ဘာဂါတစ္ခုကိုလည္း ထည့္တြက္ရေတာမွာပါ။
အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါမွာ အေျခစိုက္တဲ့ Hard Rock Cafe ဟာ
အဲဒီပီအက္စ္ဂ်ီတိုက္စစ္မႈးနဲ႔တြဲဖက္ၿပီး ဘာဂါသစ္တစ္မ်ိဳးျဖစ္တဲ့
မက္ဆီဘာဂါကို စားသုံးသူေတြအတြက္ တီထြင္လိုက္ပါတယ္။
Hard Rock Cafe ဟာ အေမရိကန္မွာတင္မဟုတ္ဘဲ
ကမာၻ႔အႏွံ႔မွာပါ ဆိုင္ခြဲေတြဖြင့္လွစ္ထားတဲ့ စားေသာက္ဆိုင္တစ္ခုျဖစ္ပါတယ္။
”ဒီဘာဂါအတြက္ စမ္းသပ္မႈမွာ မက္ဆီနဲ႔သူ႔အဖြဲ႕လည္း
အႀကိမ္အနည္းငယ္ပါဝင္ခဲ့ၿပီး ေနာက္ဆုံးမွာမွ
အစပ္အဟပ္တည့္သြားတဲ့ဘာဂါတစ္ခုကိုရရွိခဲ့တာပါ။
မက္ဆီနဲ႔သူ႔အဖြဲ႕ အတည္ျပဳေပးခဲ့တဲ့ အရသာေပ့ါ”လို႔
Hard Rock Cafe ရဲ႕တာဝန္ရွိသူတစ္ေယာက္က ေျပာပါတယ္။
လက္ရွိမွာေတာ့ မက္ဆီဘာဂါကို ဖေလာရီဒါက
Hard Rock Cafe ဆိုင္ႏွစ္ခုမွာပဲ ဝယ္ယူစားသုံးလို႔ ရဦးမွာပါ။
ကမာၻအႏွံ႔ဆိုင္ခြဲေတြမွာေတာ့ လာမယ့္မတ္လေရာက္မွ
ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။
မက္ဆီဘာဂါအတြက္ ေဈးႏႈန္းအတိအက်မသိရေသးေပမယ့္
စမ္းသပ္ေရာင္းခ်တဲ့ကာလမွာေတာ့ တစ္ခုကို ၁၁.၉၅ ေဒၚလာနဲ႔ ေရာင္းခဲ့တာပါ။
Hard Rock Cafe ဟာ အေရွ႕ေတာင္အာရွႏိုင္ငံအခ်ိဳ႕မွာလည္း
ဆိုင္ခြဲေတြလာေရာက္ ဖြင့္လွစ္ထားပါတယ္။
အိမ္နီးခ်င္းထိုင္၊ မေလးရွား၊ စင္ကာပူနဲ႔ အင္ဒိုနီးရွားတို႔မွာ
Hard Rock Cafe ဆိုင္ေတြရွိတာပါ။