
နယူးကာဆယ်ကလိုင်ယွန်မှဘရာဇီးအလယ်တန်းကစားသမား
ဘရူနိုဂူမာရေးစ်ကိုခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း
အတည်ပြုကြေညာလာပါတယ်။
နယူးကာဆယ်ဟာအသက်၂၄နှစ်ရှိကွင်းလယ်ကစားသမားအတွက်
ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာကြေညာသွားခြင်းမရှိပေမဲ့
ပေါင်၃၃သန်းပေးခဲ့ရပြီး အောင်မြင်မှုအပေါ်မူတည်ကာ
ပေါင်၆.၇သန်းပေးရမယ့်အချက်ဖြင့်ခေါ်ယူခဲ့တယ်လို့ယုံကြည်ရပါတယ်။
သူဟာနယူးကာဆယ်နှင့်၂၀၂၆ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဂူမာရေးစ်ဟာယခုဇန်နဝါရီတွင်ကီရန်ထရစ်ပီယာ၊ခရစ်ဝုဒ်တို့ပြီးနောက်
နယူးကာဆယ်သို့တတိယမြောက်ရောက်လာတဲ့ကစားသမားလည်းဖြစ်ပါတယ်။
ဟိုဝီက “ဘရူနိုမှာစိတ်လှုပ်ရှားစရာကောင်းတဲ့ပါရမီမျိုးရှိပါတယ်။
သူကကျွန်တော်တို့ရဲ့အဓိကပစ်မှတ်တွေထဲကတစ်ဦးပါ။
သူ့ကိုခေါ်ယူနိုင်လို့အရမ်းဝမ်းသာရတယ်။သူကပြင်သစ်မှ
ာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။
ဘရာဇီးလက်ရွေးစင်တစ်ဦးလည်းဖြစ်တာကြောင့်
ကျွန်တော်တွေသူ့ခြေစွမ်းကြောင့်ပျော်ရမှာပါ”လို့ပြောကြားသွားပါတယ်။
ဂူမာရေးစ်ဟာလိုင်ယွန်တွင်၂နှစ်ကြာကစားလာခဲ့သူဖြစ်ပြီး
ပြင်သစ်ကလပ်အတွက်၇၁ပွဲကစားကာ၃ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဂူမာရေးစ်ဟာဘရာဇီးအတွက်သုံးပွဲကစားထားသူဖြစ်ပြီး
နွေရာသီတုန်းကအိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာနယူးကာဆယ်အသင်းတွင်ကျောနံပါတ်၃၉ကိုဝတ်ဆင်ကစားသွားပါမယ်။
ယင်းကျောနံပါတ်ကဘရာဇီးမှာသူ့ဖခင်မောင်းခဲ့တဲ့တက္ကစီနံပါတ်ဖြစ်ပါတယ်။
နယူးကာဆယ်ဟာယနေ့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ
နောက်ထပ်ကစားသမားများခေါ်ယူအားဖြည့်နိုင်ရေးကြိုးစားနေပါသေးတယ်။
zawgyi
ဘ႐ူႏိုဂူမာေရးစ္ကိုေခၚယူအားျဖည့္လိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကညာလိုက္တဲ့ နယူးကာဆယ္
နယူးကာဆယ္ကလိုင္ယြန္မွဘရာဇီးအလယ္တန္းကစားသမား
ဘ႐ူႏိုဂူမာေရးစ္ကိုေခၚယူအားျဖည့္လိုက္ၿပီျဖစ္ေၾကာင္း
အတည္ျပဳေၾကညာလာပါတယ္။
နယူးကာဆယ္ဟာအသက္၂၄ႏွစ္ရွိကြင္းလယ္ကစားသမားအတြက္
ဘယ္ေလာက္ေပးခဲ့ရတယ္ဆိုတာေၾကညာသြားျခင္းမရွိေပမဲ့
ေပါင္၃၃သန္းေပးခဲ့ရၿပီး ေအာင္ျမင္မႈအေပၚမူတည္ကာ
ေပါင္၆.၇သန္းေပးရမယ့္အခ်က္ျဖင့္ေခၚယူခဲ့တယ္လို႔ယုံၾကည္ရပါတယ္။
သူဟာနယူးကာဆယ္ႏွင့္၂၀၂၆ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။
ဂူမာေရးစ္ဟာယခုဇန္နဝါရီတြင္ကီရန္ထရစ္ပီယာ၊ခရစ္ဝုဒ္တို႔ၿပီးေနာက္
နယူးကာဆယ္သို႔တတိယေျမာက္ေရာက္လာတဲ့ကစားသမားလည္းျဖစ္ပါတယ္။
ဟိုဝီက “ဘ႐ူႏိုမွာစိတ္လႈပ္ရွားစရာေကာင္းတဲ့ပါရမီမ်ိဳးရွိပါတယ္။
သူကကြၽန္ေတာ္တို႔ရဲ႕အဓိကပစ္မွတ္ေတြထဲကတစ္ဦးပါ။
သူ႔ကိုေခၚယူႏိုင္လို႔အရမ္းဝမ္းသာရတယ္။သူကျပင္သစ္မွ
ာအေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္ပါတယ္။
ဘရာဇီးလက္ေ႐ြးစင္တစ္ဦးလည္းျဖစ္တာေၾကာင့္
ကြၽန္ေတာ္ေတြသူ႔ေျခစြမ္းေၾကာင့္ေပ်ာ္ရမွာပါ”လို႔ေျပာၾကားသြားပါတယ္။
ဂူမာေရးစ္ဟာလိုင္ယြန္တြင္၂ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီး
ျပင္သစ္ကလပ္အတြက္၇၁ပြဲကစားကာ၃ဂိုးသြင္းယူေပးခဲ့ပါတယ္။
ဂူမာေရးစ္ဟာဘရာဇီးအတြက္သုံးပြဲကစားထားသူျဖစ္ၿပီး
ေႏြရာသီတုန္းကအိုလံပစ္ေ႐ႊတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
သူဟာနယူးကာဆယ္အသင္းတြင္ေက်ာနံပါတ္၃၉ကိုဝတ္ဆင္ကစားသြားပါမယ္။
ယင္းေက်ာနံပါတ္ကဘရာဇီးမွာသူ႔ဖခင္ေမာင္းခဲ့တဲ့တကၠစီနံပါတ္ျဖစ္ပါတယ္။
နယူးကာဆယ္ဟာယေန႔အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာ
ေနာက္ထပ္ကစားသမားမ်ားေခၚယူအားျဖည့္ႏိုင္ေရးႀကိဳးစားေနပါေသးတယ္။