ဘန်လေရဲ့ အဓိကတိုက်စစ်မှူးကိုခေါ်ယူလိုက်ပြီး ပြိုင်ဘက်ကို အားနည်းအောင်လုပ်လိုက်တဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းကို ဆော်ဒီပိုင်ရှင်သစ်များကဝယ်ယူလိုက်ပြီးနောက်

နယူးကာဆယ်ပရိသတ်များအကြီးအကျယ်ပျော်ခဲ့ကြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်းပိုင်ရှင်တွေရဲ့လက်အောက်မှာ

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကိုအသင်းသို့ခေါ်ယူဆောင်လာဖို့

နယူးကာဆယ်ပရိသတ်များအိပ်မက်မက်နေခဲ့ကြပါတယ်။

ဒါပေမဲ့တကယ်တမ်းမှာတော့ နယူးကာဆယ်အသင်းပိုင်ရှင်သစ်များဟာ

သူတို့ရဲ့ဒုတိယမြောက်ခေါ်ယူမှုအဖြစ်ခေါ်ယူလိုက်တာကတော့

ဘန်လေတိုက်စစ်မှူးခရစ်ဝုဒ်ကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။

နယူးကာဆယ်ဟာတန်းဆင်းဇုန်ပြိုင်ဘက်ဘန်လေမှတိုက်စစ်မှူးခရစ်ဝုဒ်ကို

စာချုပ်ဖျက်သိမ်းကြေးပေါင်၂၅သန်းပေးပြီး၂နှစ်ခွဲစာချုပ်ဖြင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ကီရန်ထရစ်ပီယာပြီးနောက်နယူးကာဆယ်သို့ဒုတိယမြောက်

ကစားသမားအဖြစ်ရောက်လာတဲ့အသက်၃၀နှစ်ရှိခရစ်ဝုဒ်ဟာ

ကျောနံပါတ်၂၀ကိုဝတ်ဆင်သွားမှာဖြစ်ပြီးစနေနေ့မှာဝက်ဖို့ဒ်နှင့်

ကစားရမယ့်ပွဲမှာပါဝင်ကစားလာဖို့ရှိပါတယ်။

နယူးကာဆယ်သို့ရောက်ပြီးနောက် နယူးဇီလန်လက်ရွေးစင်တိုက်စစ်မှူးခရစ်ဝုဒ်က

“ဒါကကျွန်တော့်အတွက်အရမ်းကိုစိတ်လှုပ်ရှားကောင်းတဲ့အခွင့်အရေးဖြစ်ပါတယ်။

နယူးကာဆယ်ယူနိုက်တက်ကစားသမားတစ်ဦးဖြစ်လာလို့အရမ်းဝမ်းသာပါတယ်။

စိန့်ဂျိမ်းစ်ပါ့ခ်မှာပွဲအချို့ကစားဖူးပါတယ်။

အရမ်းအံ့ဩစရာကောင်းတဲ့နေရာပါ။

ကွင်းထဲဆင်းပြီးကျွန်တော့်ကိုယုံကြည်မှုအတွက်ပြန်လည်ပေးဆပ်ဖို့

မစောင့်နိုင်အောင်ဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်ဟာအသင်းအတွက်ဂိုးအများဆုံးသွင်းယူပေးထားတဲ့

ကူလ်လမ်ဝီလ်ဆင်မှာခြေသလုံးဒဏ်ရာကြောင့်၂လအထိအနားယူရမှာဖြစ်လို့

ခရစ်ဝုဒ်ကိုခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

အောက်ကလန်ဖွားခရစ်ဝုဒ်ဟာနယူးဇီလန်အတွက်ပွဲ၆၀ကစားထားရာမှာ

၂၇ဂိုးသွင်းယူထားသူဖြစ်ပြီးဘန်စလေ၊ဘရိုက်တန်၊ဘာမင်ဂမ်၊

ဘရစ္စတိုးစီးတီး၊မီဝေါလ်၊လက်စတာတို့တွင်ကစားခဲ့ဖူးပါတယ်။

သူဟာ၂၀၁၃ခုနှစ်ဇန်နဝါရီလတုန်းကလက်စတာကိုချန်ပီယံရှစ်ချန်ပီယံအဖြစ်ဖြင့်

ပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်ကူညီပြီးနောက်

အစ်ဝှစ်ချ်၊လိဒ်သို့အငှားဖြင့်ကစားခဲ့ရပါတယ်။

သူဟာလိဒ်အတွက်၈၈ပွဲတွင်၄၄ဂိုးသွင်းယူပေးပြီးနောက်

၂၀၁၇ခုနှစ်တွင်ဘန်လေသို့ပြောင်းခဲ့ပါတယ်။

သူဟာဘန်လေတွင်ကစားတဲ့လေးနှစ်ခွဲကာလမှာ

ပရီးမီးယားလိဂ်ပွဲ၁၄၄ပွဲတွင်၄၉ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နယူးကာဆယ်ဟာတန်းဆင်းဇုန်ပြိုင်ဘက်ဘန်လေရဲ့

အဓိကတိုက်စစ်မှူးကိုခေါ်ယူလိုက်မှုကပြိုင်ဘက်ကို

အားနည်းအောင်လုပ်နိုင်ခဲ့မှုတစ်ခုလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာရာသီသိမ်းပွဲစဉ်အဖြစ်ဘန်လေနှင့်ရင်ဆိုင်ကစားရပါမယ်။

zawgyi

ဘန္ေလရဲ႕ အဓိကတိုက္စစ္မႉးကိုေခၚယူလိုက္ၿပီး ၿပိဳင္ဘက္ကို အားနည္းေအာင္လုပ္လိုက္တဲ့ နယူးကာဆယ္

နယူးကာဆယ္အသင္းကို ေဆာ္ဒီပိုင္ရွင္သစ္မ်ားကဝယ္ယူလိုက္ၿပီးေနာက္

နယူးကာဆယ္ပရိသတ္မ်ားအႀကီးအက်ယ္ေပ်ာ္ခဲ့ၾကပါတယ္။

ကမာၻ႔အခ်မ္းသာဆုံးေဘာလုံးအသင္းပိုင္ရွင္ေတြရဲ႕လက္ေအာက္မွာ

ကမာၻ႔အေကာင္းဆုံးကစားသမားေတြကိုအသင္းသို႔ေခၚယူေဆာင္လာဖို႔

နယူးကာဆယ္ပရိသတ္မ်ားအိပ္မက္မက္ေနခဲ့ၾကပါတယ္။

ဒါေပမဲ့တကယ္တမ္းမွာေတာ့ နယူးကာဆယ္အသင္းပိုင္ရွင္သစ္မ်ားဟာ

သူတို႔ရဲ႕ဒုတိယေျမာက္ေခၚယူမႈအျဖစ္ေခၚယူလိုက္တာကေတာ့

ဘန္ေလတိုက္စစ္မႉးခရစ္ဝုဒ္ကိုေခၚယူလိုက္တာျဖစ္ပါတယ္။

နယူးကာဆယ္ဟာတန္းဆင္းဇုန္ၿပိဳင္ဘက္ဘန္ေလမွတိုက္စစ္မႉးခရစ္ဝုဒ္ကို

စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၂၅သန္းေပးၿပီး၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေခၚယူလိုက္တာျဖစ္ပါတယ္။

ကီရန္ထရစ္ပီယာၿပီးေနာက္နယူးကာဆယ္သို႔ဒုတိယေျမာက္

ကစားသမားအျဖစ္ေရာက္လာတဲ့အသက္၃၀ႏွစ္ရွိခရစ္ဝုဒ္ဟာ

ေက်ာနံပါတ္၂၀ကိုဝတ္ဆင္သြားမွာျဖစ္ၿပီးစေနေန႔မွာဝက္ဖို႔ဒ္ႏွင့္

ကစားရမယ့္ပြဲမွာပါဝင္ကစားလာဖို႔ရွိပါတယ္။

နယူးကာဆယ္သို႔ေရာက္ၿပီးေနာက္ နယူးဇီလန္လက္ေ႐ြးစင္တိုက္စစ္မႉးခရစ္ဝုဒ္က

“ဒါကကြၽန္ေတာ့္အတြက္အရမ္းကိုစိတ္လႈပ္ရွားေကာင္းတဲ့အခြင့္အေရးျဖစ္ပါတယ္။

နယူးကာဆယ္ယူႏိုက္တက္ကစားသမားတစ္ဦးျဖစ္လာလို႔အရမ္းဝမ္းသာပါတယ္။

စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာပြဲအခ်ိဳ႕ကစားဖူးပါတယ္။

အရမ္းအံ့ဩစရာေကာင္းတဲ့ေနရာပါ။

ကြင္းထဲဆင္းၿပီးကြၽန္ေတာ့္ကိုယုံၾကည္မႈအတြက္ျပန္လည္ေပးဆပ္ဖို႔

မေစာင့္ႏိုင္ေအာင္ျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္ဟာအသင္းအတြက္ဂိုးအမ်ားဆုံးသြင္းယူေပးထားတဲ့

ကူလ္လမ္ဝီလ္ဆင္မွာေျခသလုံးဒဏ္ရာေၾကာင့္၂လအထိအနားယူရမွာျဖစ္လို႔

ခရစ္ဝုဒ္ကိုေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

ေအာက္ကလန္ဖြားခရစ္ဝုဒ္ဟာနယူးဇီလန္အတြက္ပြဲ၆၀ကစားထားရာမွ

ာ၂၇ဂိုးသြင္းယူထားသူျဖစ္ၿပီးဘန္စေလ၊ဘ႐ိုက္တန္၊ဘာမင္ဂမ္၊

ဘရစၥတိုးစီးတီး၊မီေဝါလ္၊လက္စတာတို႔တြင္ကစားခဲ့ဖူးပါတယ္။

သူဟာ၂၀၁၃ခုႏွစ္ဇန္နဝါရီလတုန္းကလက္စတာကိုခ်န္ပီယံရွစ္ခ်န္ပီယံအျဖစ္ျဖင့္

ပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေအာင္ကူညီၿပီးေနာက္

အစ္ဝွစ္ခ်္၊လိဒ္သို႔အငွားျဖင့္ကစားခဲ့ရပါတယ္။

သူဟာလိဒ္အတြက္၈၈ပြဲတြင္၄၄ဂိုးသြင္းယူေပးၿပီးေနာက္

၂၀၁၇ခုႏွစ္တြင္ဘန္ေလသို႔ေျပာင္းခဲ့ပါတယ္။

သူဟာဘန္ေလတြင္ကစားတဲ့ေလးႏွစ္ခြဲကာလမွာ

ပရီးမီးယားလိဂ္ပြဲ၁၄၄ပြဲတြင္၄၉ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

နယူးကာဆယ္ဟာတန္းဆင္းဇုန္ၿပိဳင္ဘက္ဘန္ေလရဲ႕

အဓိကတိုက္စစ္မႉးကိုေခၚယူလိုက္မႈကၿပိဳင္ဘက္ကို

အားနည္းေအာင္လုပ္ႏိုင္ခဲ့မႈတစ္ခုလည္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာရာသီသိမ္းပြဲစဥ္အျဖစ္ဘန္ေလႏွင့္ရင္ဆိုင္ကစားရပါမယ္။