
လာမယ့်နွေရာသီ ဘန်ကောက်မှာခြေစမ်းကြမယ့် လီဗာပူးအသင်းနဲ့
မန်ယူတို့ရဲ့ပွဲလက်မှတ်တန်ကြေးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်တန်ကြေးထက်
ပိုမြင့်မားနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁ တုန်းက အင်္ဂလန်ရဲ့ထိပ်သီးပြိုင်ဘက်နှစ်သင်းဖြစ်တဲ့
လီဗာပူးနဲ့ မန်ယူတို့ဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာ
ရာသီကြိုခြေစမ်းပွဲကစားကြမှာဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီပွဲကိုဘန်ကောက်မြို့တော်မှာရှိတဲ့ ရာဇမင်္ဂလာ ကွင်းကြီးထဲမှာ
ဇူလိုင် ၁၂ မှာကျင်းပသွားမှာဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့်
ရာသီကြိုခရီးစဥ်တွေကိုရပ်နားထားရပြီးတဲ့နောက်
ပြည်ပကနာမည်ကြီးကလပ်တွေခြေစမ်းကြတာကို မတွေ့ရတာကြာတဲ့
ထိုင်းနိုင်ငံက ပရိသတ်တွေသာမက သူ့အိမ်နီးချင်းနိုင်ငံတွေကပရိသတ်တွေပါ
ဒီပွဲကိုစိတ်ဝင်စားမှုမြင့်မားနေတာပါ။
လီဗာပူးအသင်းဆိုရင် အာရှအရှေ့ဖျားဒေသကို ခရီးမထွက်ခဲ့တာ
၂၀၁၇ နောက်ပိုင်းကတည်းကပါဘဲ။
ပြိုင်ဆိုင်ကြမယ့်နှစ်သင်းကလည်း ပုံရိပ်ကြီးမားကြတဲ့အသင်းတွေဖြစ်လို့
ဒီပွဲအတွက်လက်မှတ်ခတွေကလည်းအရမ်းကိုမြင့်မားနေပြီး
၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်တန်ကြေးထက်ကို မြင့်မားနေတာဖြစ်ပါတယ်။
ဒီပွဲအတွက် ရာဇမင်္ဂလာကွင်းကြီးထဲမှာ နေရာအလိုက်မူတည်ကာ
ဈေးနှုန်း ၇ မျိုးခွဲခြားထားပြီး အနည်းဆုံးက ဘတ်၅၀၀၀ ဖြစ်ကာ
အများဆုံးက ဘတ် ၂၅၀၀၀ ဖြစ်ပါတယ်။
ဒီ ၇ မျိုးထဲမှာ အနီရောင်(ပုံနှင့်တွဲကြည့်ရန်) နေရာက
ထိုင်ခုံအရေအတွက်အများဆုံးဖြစ်ပြီးလက်မှတ်တစ်စောင်ကို ဘတ် ၂၀၀၀၀ ဖြစ်ပါတယ်။
ဒီဈေးနှုန်းတွေကိုဗြိတိန်စတာလင်ပေါင်နဲ့တွက်ကြည့်ရင် ၁၁၄ ပေါင်ကနေ
၅၆၉ ပေါင်အထိဖြစ်ပြီး အနီရောင်ပြတဲ့နေရာကတော့ ၄၅၅ ပေါင်ရှိမှာဖြစ်ပါတယ်။
ဘန်ကောက်က အနိမ့်ဆုံးလစာရရှိတဲ့သူကတစ်လကို ၂၂၆ ပေါင်သာဖြစ်လို့
ဒီပွဲကိုကြည့်ဖို့အလှမ်းဝေးနေမှာဖြစ်ပါတယ်။
ဒီတန်ကြေးဟာ လာမယ့် ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်တန်ကြေးထက်သာမက
အန်ဖီးလ်ကွင်းက ရာသီစာလက်မှတ်တန်ကြေးထက်တောင်ပိုပြီးများပြားနေပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလကယူအီးအက်ဖ်အေက ၂၀၂၂ ဗိုလ်လုပွဲအပါအဝင်
လာမယ့်ဗိုလ်လုပွဲ ၃ ခုအတွက် category 3 နဲ့ category 4 လက်မှတ်တန်ကြေးကို
ထုတ်ပြန်ခဲ့ရာမှာ ၅၉ ပေါင်နဲ့ ၁၅၁.၈၀ ပေါင်သာရှိပါတယ်။ ၂၀၂၁ ဗိုလ်လုပွဲတုန်းက
category 1 လက်မှတ်ခက ၅၀၆ပေါင်ဖြစ်ပြီး category 2 အတွက်က
ပေါင် ၃၈၀ ဖြစ်ပါတယ်။ လက်ရှိမှာ လာမယ့်ဗိုလ်လုပွဲအတွက် category 1နဲ့
category 2 လက်မှတ်တန်ကြေးတွေကို
ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ဈေးတက်ဖို့ရှိနေပါတယ်။
ဒါပေမယ့်ဈေးတက်လည်း ဘန်ကောက်ကပွဲလက်မှတ်တန်ကြေးကို
မီမှာမဟုတ်လို့ အခုလိုလက်မှတ်ခကြီးမြင့်နေမှုအတွက်
ပွဲစီစဥ်သူတွေကိုဝေဖန်မှုတွေရှိနေပါတယ်။
ဒါပေမယ့်နောက်ဆုံးသတင်းအရ လက်မှတ်တန်ကြေးမြင့်မားနေပေမယ့်လည်း
ပွဲလက်မှတ်တွေအကုန်နီးပါးရောင်းချထားရပြီဖြစ်တယ်လို့ သိရပါတယ်။
zawgyi
ဘန္ေကာက္က မန္ယူနဲ႔လီဗာပူးပြဲလက္မွတ္ခ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲထက္ေဈးႀကီးေန
လာမယ့္ေႏြရာသီ ဘန္ေကာက္မွာေျခစမ္းၾကမယ့္ လီဗာပူးအသင္းနဲ႔
မန္ယူတို႔ရဲ႕ပြဲလက္မွတ္တန္ေၾကးဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္တန္ေၾကးထက္
ပိုျမင့္မားေနတယ္လို႔သိရပါတယ္။
ၿပီးခဲ့တဲ့ဧၿပီ ၁ တုန္းက အဂၤလန္ရဲ႕ထိပ္သီးၿပိဳင္ဘက္ႏွစ္သင္းျဖစ္တဲ့
လီဗာပူးနဲ႔ မန္ယူတို႔ဟာ ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕ေတာ္မွာ
ရာသီႀကိဳေျခစမ္းပြဲကစားၾကမွာျဖစ္ေၾကာင္း ပူးတြဲေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ဒီပြဲကိုဘန္ေကာက္ၿမိဳ႕ေတာ္မွာရွိတဲ့ ရာဇမဂၤလာ ကြင္းႀကီးထဲမွာ
ဇူလိုင္ ၁၂ မွာက်င္းပသြားမွာျဖစ္ပါတယ္။ ကိုဗစ္ကပ္ေဘးေၾကာင့္
ရာသီႀကိဳခရီးစဥ္ေတြကိုရပ္နားထားရၿပီးတဲ့ေနာက္
ျပည္ပကနာမည္ႀကီးကလပ္ေတြေျခစမ္းၾကတာကို မေတြ႕ရတာၾကာတဲ့
ထိုင္းႏိုင္ငံက ပရိသတ္ေတြသာမက သူ႔အိမ္နီးခ်င္းႏိုင္ငံေတြကပရိသတ္ေတြပါ
ဒီပြဲကိုစိတ္ဝင္စားမႈျမင့္မားေနတာပါ။
လီဗာပူးအသင္းဆိုရင္ အာရွအေရွ႕ဖ်ားေဒသကို ခရီးမထြက္ခဲ့တာ
၂၀၁၇ ေနာက္ပိုင္းကတည္းကပါဘဲ။
ၿပိဳင္ဆိုင္ၾကမယ့္ႏွစ္သင္းကလည္း ပုံရိပ္ႀကီးမားၾကတဲ့အသင္းေတြျဖစ္လို႔
ဒီပြဲအတြက္လက္မွတ္ခေတြကလည္းအရမ္းကိုျမင့္မားေနၿပီး
၂၀၂၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္တန္ေၾကးထက္ကို ျမင့္မားေနတာျဖစ္ပါတယ္။
ဒီပြဲအတြက္ ရာဇမဂၤလာကြင္းႀကီးထဲမွာ ေနရာအလိုက္မူတည္ကာ
ေဈးႏႈန္း ၇ မ်ိဳးခြဲျခားထားၿပီး အနည္းဆုံးက ဘတ္၅၀၀၀ ျဖစ္ကာ
အမ်ားဆုံးက ဘတ္ ၂၅၀၀၀ ျဖစ္ပါတယ္။
ဒီ ၇ မ်ိဳးထဲမွာ အနီေရာင္(ပုံႏွင့္တြဲၾကည့္ရန္) ေနရာက
ထိုင္ခုံအေရအတြက္အမ်ားဆုံးျဖစ္ၿပီးလက္မွတ္တစ္ေစာင္ကို ဘတ္ ၂၀၀၀၀ ျဖစ္ပါတယ္။
ဒီေဈးႏႈန္းေတြကိုၿဗိတိန္စတာလင္ေပါင္နဲ႔တြက္ၾကည့္ရင္ ၁၁၄ ေပါင္ကေန
၅၆၉ ေပါင္အထိျဖစ္ၿပီး အနီေရာင္ျပတဲ့ေနရာကေတာ့ ၄၅၅ ေပါင္ရွိမွာျဖစ္ပါတယ္။
ဘန္ေကာက္က အနိမ့္ဆုံးလစာရရွိတဲ့သူကတစ္လကို ၂၂၆ ေပါင္သာျဖစ္လို႔
ဒီပြဲကိုၾကည့္ဖို႔အလွမ္းေဝးေနမွာျဖစ္ပါတယ္။
ဒီတန္ေၾကးဟာ လာမယ့္ ၂၀၂၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္တန္ေၾကးထက္သာမက
အန္ဖီးလ္ကြင္းက ရာသီစာလက္မွတ္တန္ေၾကးထက္ေတာင္ပိုၿပီးမ်ားျပားေနပါတယ္။
ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလကယူအီးအက္ဖ္ေအက ၂၀၂၂ ဗိုလ္လုပြဲအပါအဝင္
လာမယ့္ဗိုလ္လုပြဲ ၃ ခုအတြက္ category 3 နဲ႔ category 4 လက္မွတ္တန္ေၾကးကို
ထုတ္ျပန္ခဲ့ရာမွာ ၅၉ ေပါင္နဲ႔ ၁၅၁.၈၀ ေပါင္သာရွိပါတယ္။ ၂၀၂၁ ဗိုလ္လုပြဲတုန္းက
category 1 လက္မွတ္ခက ၅၀၆ေပါင္ျဖစ္ၿပီး category 2 အတြက္က
ေပါင္ ၃၈၀ ျဖစ္ပါတယ္။ လက္ရွိမွာ လာမယ့္ဗိုလ္လုပြဲအတြက္ category 1နဲ႔
category 2 လက္မွတ္တန္ေၾကးေတြကို
ထုတ္ျပန္ျခင္းမရွိေသးေပမယ့္ ေဈးတက္ဖို႔ရွိေနပါတယ္။
ဒါေပမယ့္ေဈးတက္လည္း ဘန္ေကာက္ကပြဲလက္မွတ္တန္ေၾကးကို
မီမွာမဟုတ္လို႔ အခုလိုလက္မွတ္ခႀကီးျမင့္ေနမႈအတြက္
ပြဲစီစဥ္သူေတြကိုေဝဖန္မႈေတြရွိေနပါတယ္။
ဒါေပမယ့္ေနာက္ဆုံးသတင္းအရ လက္မွတ္တန္ေၾကးျမင့္မားေနေပမယ့္လည္း
ပြဲလက္မွတ္ေတြအကုန္နီးပါးေရာင္းခ်ထားရၿပီျဖစ္တယ္လို႔ သိရပါတယ္။