
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်
မဲခွဲမှုရလဒ်တွေ ထွက်ပေါ်လာကာ အင်္ဂလန်ကလပ်တွေက
သူတို့ရဲ့ ပြိုင်ဘက်တွေကို သိခွင့်ရခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးကတော့ ကွာတားအဆင့်မှာ အားအနည်းဆုံး ပြိုင်ဘက်ဖြစ်တဲ့
ဘင်ဖီကာနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက်တော့ ပျော်ရွှင်စရာ အတွဲကျမှုဖြစ်ပြီး
သူတို့ဟာ ဒီရာသီ အုပ်စုအဆင့်မှာတုန်းက ဘင်ဖီကာရဲ့ ပြည်တွင်းပြိုင်ဘက်
ပေါ်တိုအသင်းနဲ့ အတွဲကျခဲ့ဖူးပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ လာလီဂါကလပ် ဗီလာရီးရဲလ်နဲ့ ထိပ်တိုက်တွေ့နေတာပါ။
အဲဒီအတွဲက အနိုင်ရတဲ့ အသင်းနဲ့ လီဗာပူးအတွဲမှာ အနိုင်ရတဲ့အသင်းတို့
ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ကလော့ပ်က “အဲဒီပွဲအတွက် တကယ့်ကို ရင်ခုန်နေပါတယ်။
ဒါဟာ ကွာတားဖိုင်နယ်ပါ။ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ပါတယ်။
ဘင်ဖီကာဟာ အိုင်ယက်နဲ့ ပွဲစဉ်မှာ တကယ်ကောင်းအောင် စွမ်းဆောင်ခဲ့ပါတယ်။
လူတွေက ကျွန်တော်တို့ဟာ နောက်တစ်ဆင့် အတွက်
ရေပန်းစားတယ်လို့ ပြောနေကြမယ် ဆိုတာ ကျွန်တော်သိပါတယ်။
ဒီလိုမျိုး တွေးလိုက်မယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ပြုလုပ်တဲ့
ပထမဦးဆုံး အမှား ဖြစ်သွားမှာပါ။”
“ကျွန်တော်ကတော့ အဲဒီပွဲကို တကယ် ရင်ခုန်နေပါတယ်။
သူတို့ လုပ်ပြခဲ့တာတွေကို ကျွန်တော် အများကြီး လေးစားပါတယ်။
ဘင်ဖီကာဟာ ကြီးကျယ်တဲ့ ကလပ်ပါ။ ရိုးရိုးသားသား ပြောရမယ် ဆိုရင်
ကျွန်တော် ဘင်ဖီကာ နဲ့ တစ်ခါမှ မရင်ဆိုင်ဖူးခဲ့ဘူးလို့ ထင်ပါတယ်။
လစ္စဘွန်းဟာ အရမ်းကို ကောင်းတဲ့ မြို့ပါ။
လီဗာပူး နည်းပြ ရာထူးကို လက်မခံမီ ကျွန်တော် အဲဒီမှာ တစ်ပတ်လောက်
အားလပ်ရက် ယူခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။
zawgyi
ဘင္ဖီကာနဲ႔ က်တာေတာင္ မေပ်ာ္ႏိုင္ေသးတဲ့ ကေလာ့ပ္
၂၀၂၁-၂၀၂၂ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ကြာတားဖိုင္နယ္အဆင့္
မဲခြဲမႈရလဒ္ေတြ ထြက္ေပၚလာကာ အဂၤလန္ကလပ္ေတြက
သူတို႔ရဲ႕ ၿပိဳင္ဘက္ေတြကို သိခြင့္ရခဲ့ၿပီျဖစ္ပါတယ္။
လီဗာပူးကေတာ့ ကြာတားအဆင့္မွာ အားအနည္းဆုံး ၿပိဳင္ဘက္ျဖစ္တဲ့
ဘင္ဖီကာနဲ႔ ထိပ္တိုက္ေတြ႕မွာျဖစ္ပါတယ္။
ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ေတာ့ ေပ်ာ္႐ႊင္စရာ အတြဲက်မႈျဖစ္ၿပီး
သူတို႔ဟာ ဒီရာသီ အုပ္စုအဆင့္မွာတုန္းက ဘင္ဖီကာရဲ႕ ျပည္တြင္းၿပိဳင္ဘက္
ေပၚတိုအသင္းနဲ႔ အတြဲက်ခဲ့ဖူးပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ လာလီဂါကလပ္ ဗီလာရီးရဲလ္နဲ႔ ထိပ္တိုက္ေတြ႕ေနတာပါ။
အဲဒီအတြဲက အႏိုင္ရတဲ့ အသင္းနဲ႔ လီဗာပူးအတြဲမွာ အႏိုင္ရတဲ့အသင္းတို႔
ဆီမီးဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံၾကမွာ ျဖစ္ပါတယ္။
ကေလာ့ပ္က “အဲဒီပြဲအတြက္ တကယ့္ကို ရင္ခုန္ေနပါတယ္။
ဒါဟာ ကြာတားဖိုင္နယ္ပါ။ ခက္ခဲတဲ့ ပြဲစဥ္ ျဖစ္ပါတယ္။
ဘင္ဖီကာဟာ အိုင္ယက္နဲ႔ ပြဲစဥ္မွာ တကယ္ေကာင္းေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။
လူေတြက ကြၽန္ေတာ္တို႔ဟာ ေနာက္တစ္ဆင့္ အတြက္
ေရပန္းစားတယ္လို႔ ေျပာေနၾကမယ္ ဆိုတာ ကြၽန္ေတာ္သိပါတယ္။
ဒီလိုမ်ိဳး ေတြးလိုက္မယ္ဆိုရင္ ဒါဟာ ကြၽန္ေတာ္တို႔ ျပဳလုပ္တဲ့
ပထမဦးဆုံး အမွား ျဖစ္သြားမွာပါ။”
“ကြၽန္ေတာ္ကေတာ့ အဲဒီပြဲကို တကယ္ ရင္ခုန္ေနပါတယ္။
သူတို႔ လုပ္ျပခဲ့တာေတြကို ကြၽန္ေတာ္ အမ်ားႀကီး ေလးစားပါတယ္။
ဘင္ဖီကာဟာ ႀကီးက်ယ္တဲ့ ကလပ္ပါ။ ႐ိုး႐ိုးသားသား ေျပာရမယ္ ဆိုရင္
ကြၽန္ေတာ္ ဘင္ဖီကာ နဲ႔ တစ္ခါမွ မရင္ဆိုင္ဖူးခဲ့ဘူးလို႔ ထင္ပါတယ္။
လစၥဘြန္းဟာ အရမ္းကို ေကာင္းတဲ့ ၿမိဳ႕ပါ။
လီဗာပူး နည္းျပ ရာထူးကို လက္မခံမီ ကြၽန္ေတာ္ အဲဒီမွာ တစ္ပတ္ေလာက္
အားလပ္ရက္ ယူခဲ့ပါတယ္။” လို႔ ေျပာသြားပါတယ္။