ဗန်ဒိုက်က ရင်ဆိုင်ခဲ့ဖူးသမျှခံစစ်မှူးများတွင် အခက်ခဲဆုံးဖြစ်ကြောင်း ဟာလန်းဖွင့်ဟလာ

အာလင်းဟာလန်းကလီဗာပူးရဲ့ဗာဂယ်ဗန်ဒိုက်မှာသူရင်ဆိုင်ခဲ့ဖူးသမျှ

ခံစစ်မှူးများတွင်အခက်ခဲဆုံးခံစစ်သမားဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဟာလန်းဟာနောက်ခံလူများစွာကိုကျော်ဖြတ်ကာဒေါ့မွန်အတွက်

၇၉ပွဲကစားရာမှာဂိုး၈၀အထိသွင်းယူထားသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့နော်ဝေတိုက်စစ်မှူးဟာဗန်ဒိုက်နှင့်ရင်ဆိုင်တွေ့ချိန်မှာတော့

ကျော်ဖြတ်နိုင်ရန်အလွန်ခက်ခဲခဲ့ပါတယ်။

ဟာလန်းက “သူဘယ်လောက်အရပ်ရှည်သလဲဆိုတာ

ခင်ဗျားတို့လည်းသိပါတယ်။သူဘယ်လောက်မြန်သလဲခင်ဗျားတို့သိမှာပါ။

ဒီတော့သူနဲ့ရင်ဆိုင်ရတာခက်တယ်။

သူနဲ့တစ်ဦးချင်းထိပ်တိုက်ရင်ဆိုင်မှုတစ်ကြိမ်မျှတောင် နိုင်ခဲ့ဖူးမယ်မထင်ဘူး။

သူကကြံ့ခိုင်မှုပိုင်းမှာတကယ့်ဘီလူးပဲ”လို့ပြောကြားသွားပါတယ်။

ဟာလန်းဟာ၂၀၁၉ခုနှစ်တုန်းကအသင်းဟောင်းဆဲလ်ဘတ်မှာ

ကစားစဉ်တုန်းကချန်ပီယံလိဂ်အုပ်စုအဆင့်မှာလီဗာပူးနှင့်တွေ့ဆုံစဉ်က

ဗန်ဒိုက်နှင့်ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ခဲ့ပါတယ်။

အန်ဖီးလ်တွင်ပထမဆုံးအကြိမ်တွေ့ဆုံတုန်းကလီဗာပူးက၄-၃ဖြင့်

အနိုင်ရရှိပြီးဩစတြီးယားတွင်ရင်ဆိုင်စဉ်၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဟာလန်းဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကလည်း

နော်ဝေနှင့်နယ်သာလန်တို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ

ဗန်ဒိုက်နှင့်ရင်ဆိုင်တွေ့ခဲ့ပါတယ်။

အိုစလိုမှာတစ်ဂိုးစီသရေကျတဲ့ပွဲမှာဟာလန်းကဂိုးသွင်းခဲ့သလို

ဗန်ဒိုက်ကလည်းဂိုးသွင်းခဲ့ပါတယ်။ရိုသာဒမ်မှာနယ်သာလန်က၂-၀ဂိုးဖြင့်

အနိုင်ရတဲ့ပွဲမှာတော့ ဒဏ်ရာကြောင့်ဟာလန်းပါဝင်မကစားနိုင်ခဲ့ပါဘူး။

zawgyi

ဗန္ဒိုက္က ရင္ဆိုင္ခဲ့ဖူးသမွ်ခံစစ္မႉးမ်ားတြင္ အခက္ခဲဆုံးျဖစ္ေၾကာင္း ဟာလန္းဖြင့္ဟလာ

အာလင္းဟာလန္းကလီဗာပူးရဲ႕ဗာဂယ္ဗန္ဒိုက္မွာသူရင္ဆိုင္ခဲ့ဖူးသမွ်

ခံစစ္မႉးမ်ားတြင္အခက္ခဲဆုံးခံစစ္သမားျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဟာလန္းဟာေနာက္ခံလူမ်ားစြာကိုေက်ာ္ျဖတ္ကာေဒါ့မြန္အတြက္

၇၉ပြဲကစားရာမွာဂိုး၈၀အထိသြင္းယူထားသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ေနာ္ေဝတိုက္စစ္မႉးဟာဗန္ဒိုက္ႏွင့္ရင္ဆိုင္ေတြ႕ခ်ိန္မွာေတာ့

ေက်ာ္ျဖတ္ႏိုင္ရန္အလြန္ခက္ခဲခဲ့ပါတယ္။

ဟာလန္းက “သူဘယ္ေလာက္အရပ္ရွည္သလဲဆိုတာ

ခင္ဗ်ားတို႔လည္းသိပါတယ္။သူဘယ္ေလာက္ျမန္သလဲခင္ဗ်ားတို႔သိမွာပါ။

ဒီေတာ့သူနဲ႔ရင္ဆိုင္ရတာခက္တယ္။

သူနဲ႔တစ္ဦးခ်င္းထိပ္တိုက္ရင္ဆိုင္မႈတစ္ႀကိမ္မွ်ေတာင္ ႏိုင္ခဲ့ဖူးမယ္မထင္ဘူး။

သူကႀကံ့ခိုင္မႈပိုင္းမွာတကယ့္ဘီလူးပဲ”လို႔ေျပာၾကားသြားပါတယ္။

ဟာလန္းဟာ၂၀၁၉ခုႏွစ္တုန္းကအသင္းေဟာင္းဆဲလ္ဘတ္မွာ

ကစားစဥ္တုန္းကခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာလီဗာပူးႏွင့္ေတြ႕ဆုံစဥ္က

ဗန္ဒိုက္ႏွင့္ပထမဆုံးအႀကိမ္ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။

အန္ဖီးလ္တြင္ပထမဆုံးအႀကိမ္ေတြ႕ဆုံတုန္းကလီဗာပူးက၄-၃ျဖင့္

အႏိုင္ရရွိၿပီးဩစႀတီးယားတြင္ရင္ဆိုင္စဥ္၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဟာလန္းဟာၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလတုန္းကလည္

းေနာ္ေဝႏွင့္နယ္သာလန္တို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမွ

ာဗန္ဒိုက္ႏွင့္ရင္ဆိုင္ေတြ႕ခဲ့ပါတယ္။

အိုစလိုမွာတစ္ဂိုးစီသေရက်တဲ့ပြဲမွာဟာလန္းကဂိုးသြင္းခဲ့သလို

ဗန္ဒိုက္ကလည္းဂိုးသြင္းခဲ့ပါတယ္။႐ိုသာဒမ္မွာနယ္သာလန္က၂-၀ဂိုးျဖင့္

အႏိုင္ရတဲ့ပြဲမွာေတာ့ ဒဏ္ရာေၾကာင့္ဟာလန္းပါဝင္မကစားႏိုင္ခဲ့ပါဘူး။