ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
စတုဂတ် vs ဖရန့်ဖတ်
တန်းဆင်းဇုန်ထဲက စတုဂတ်ဟာ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်၊
ဂိုးပေါက်ပျောက်ခဲ့တဲ့အသင်းပါ။ ဒီလိုအသင်းမျိုးကို
အဆင့် ၉ နေရာက ဖရန့်ဖတ်က အကျောမပေးနိုင်ဖြစ်နေပါတယ်။
ဖရန့်ဖတ်ကလည်း လတ်တလောခြေစွမ်းကျနေပြီး
ဘွန်ဒက်စ်လီဂါမှာ ၃ ပွဲဆက်နိုင်ပွဲပျောက်ထားတာပါ။
ဒဲ့ဖြစ်နေတဲ့ဈေးအနေအထားအရတော့ စတုဂတ်အတွက် အနိမ့်ဆုံးသရေပါပဲ။
မိန့်ဇ် vs ဟော်ဖန်ဟိမ်း
မိန့်ဇ်က ဒီရာသီဘွန်ဒက်စ်လီဂါမှာ စတုတ္ထအိမ်ကွင်းအကောင်းဆုံးအသင်းပါ။
ဒါကြောင့်မို့လည်း ဟော်ဖန်ဟိမ်းနဲ့ အခုပွဲမှာ ဒဲ့ပေါက်နေတာပါ။
ဒါပေမဲ့ လက်ရှိခြေစွမ်းအရဆိုရင်တော့ ဟော်ဖန်ဟိမ်းက ပိုသာပါတယ်။
ဟော်ဖန်ဟိမ်းက ဘွန်ဒက်စ်လီဂါမှာ ၂ ပွဲဆက်ရှုံးထားပေမယ့်
ဂိုးသွင်းအားကျမသွားပါဘူး။
အကြိတ်အနယ်ဖြစ်မယ်ဆိုရင်တောင်
နိုင်စရာရှိနိုင်သွားမယ့် ဟော်ဖန်ဟိမ်းပဲ ကြိုက်တယ်။
အော့စ်ဘတ် vs ယူနီယံဘာလင်
အော့စ်ဘတ်က တောက်လျှောက်နိုင်ပွဲပျောက်နေပေမယ့်
နောက်ဆုံးဘွန်ဒက်စ်လီဂါအိမ်ကွင်း ၇ ပွဲမှာ ၁ ပွဲသာရှုံးခဲ့တာပါ။
ဒါကြောင့်လည်း ရလဒ်တွေကောင်းနေတဲ့ အဆင့် ၄ နေရာက
ယူနီယံဘာလင်ဟာ =၂၀ သာအကျောပေးနိုင်တာပါ။
အော့စ်ဘတ်ဟာ နောက်ဆုံးအိမ်ကွင်း ၂ ပွဲမှာ လစ်ပ်ဇစ်နဲ့
ဖရန့်ဖတ်တို့လိုအသင်းတွေကို သရေကန်ထားတာပါ။ အိမ်ရှင်လုံးဝမရှုံးနိုင်ပါဘူး။
ဘီလီဖီးလ် vs ဂလက်ဘတ်
ဘီလီဖီးလ်ဟာ ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံး ၅ ပွဲဆက်
ရှုံးပွဲမရှိကစားနိုင်ခဲ့လို့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့တာပါ။
အဲဒီပွဲတွေမှာ သူတို့ဟာ တစ်ပွဲ ၂ ဂိုးနှုန်းလည်းသွင်းနိုင်ခဲ့တယ်။
အိမ်ကွင်းရှုံးပွဲဆက်နေတဲ့ဂလက်ဘတ်ဟာ အဝေးကွင်းမှာလည်း
ဘိုင်ယန်ကိုနိုင်ခဲ့တာကလွဲပြီး မက်လောက်စရာခြေစွမ်းမရှိပါဘူး။
=၆၅ နဲ့ ဈေးပျော့တဲ့ဂလက်ဘတ်ကို ငြင်းပယ်ရမယ်။
ကိုလုံး vs ဖရိုင်းဘတ်
အဆင့် ၈ နေရာက ကိုလုံးဟာ အများအားဖြင့် အိမ်ကွင်းဆို ဂိုးမြူးတဲ့အသင်းပါ။
အဆင့် ၅ နေရာက ဖရိုင်းဘတ်ကလည်း နောက်ဆုံးဘွန်ဒက်စ်အဝေးကွင်း
၇ ပွဲမှာ ၁ ပွဲသာဂိုးမသွင်းနိုင်ခဲ့တာပါ။ ကိုလုံးအိမ်ကွင်း
ဖရိုင်းဘတ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၄ ကြိမ်စလုံးမှာလည်း
နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်။ ဂိုးပေါ်ကသာ ပိုစိတ်ချရမှာပါ။
ဘိုင်ယန်မြူးနစ် vs လစ်ပ်ဇစ်
ဒီရာသီမှာ ဘိုင်ယန်က တော်တော်ဖမ်းရခက်တဲ့အသင်းဖြစ်နေတယ်။
ဒါပေမဲ့ နောက်ဆုံးဘွန်ဒက်စ်လီဂါ ၅ ပွဲမှာတော့ ၄ ပွဲအပေါ်စုံအောင်ထားပါတယ်။
လစ်ပ်ဇစ်ကလည်း ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ ပွဲဆက်အနိုင်နဲ့
အကောင်းဆုံးပုံစံပြန်ရနေချိန်ဖြစ်ပြီး
အဲဒီပွဲတွေမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းလည်းသွင်းနိုင်ခဲ့တယ်။
နှစ်သင်းစလုံးဂိုးသွင်းခြေရှိသလို ဂိုးပေါင်းဈေးလည်းပြင်းလို့ ဂိုးပေါ်ပါပဲ။
zawgyi
စတုဂတ် vs ဖရန့်ဖတ်
ဘီလီဖီးလ် vs ဂလက်ဘတ်
ကိုလုံး vs ဖရိုင်းဘတ်