ဖီအိုရင်တီးနားတိုက်စစ်မှူးဒူဆန်ဗလာဟိုဗစ်ကို ခေါ်ယူရန်ကြိုးပမ်းနေတဲ့ အာဆင်နယ်

မီခေးလ်အာတီတာကအာဆင်နယ်မှာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

ကမ္ဘာ့အဆင့်ကစားသမားခေါ်ယူမှုပြုလုပ်သွားမယ်လို့အရိပ်အမြွက်ပြောကြားလာပါတယ်။

အာဆင်နယ်ဟာဖီအိုရင်တီးနားတိုက်စစ်မှူးဒူဆန်ဗလာဟိုဗစ်ကို

ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။တစ်ဖက်တွင်အာဆင်နယ်ဟာ

အာဖရိကဖလားပြိုင်ပွဲသို့ကစားသမားအချို့ကိုလက်လွှတ်ထားရပြီး

လာမယ့်နွေရာသီမှာ၎င်းတို့ရဲ့တိုက်စစ်မှူးများကိုဆုံးရှုံးရဖို့ရှိနေပါတယ်။

အာတီတာရဲ့အဓိကပစ်မှတ်မှာဒူဆန်ဗလာဟိုဗစ်ဖြစ်ပါတယ်။

အာတီတာက “သမိုင်းကြောင်းကြည့်လိုက်ရင်ဒီကလပ်က

အကောင်းဆုံးကစားသမားတွေကိုပဲပစ်မှတ်ထားခဲ့တယ်။

အကောင်းဆုံးကစားသမားတွေပဲ အာဆင်နယ်မှာလာကစားကြတယ်။

အခြေအနေကမပြောင်းပါဘူး။ဒါကကျွန်တော်တို့အတွက်အကြီးမားဆုံး

အခွင့်အရေးတစ်ခုပါ”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာလာမယ့်နွေရာသီမှာအူဘာမီယန်၊လာကာဇက်တီနှင့်

နကီတာတို့ကိုလက်လွှတ်ရဖို့သေချာနေရာ ယခုဇန်နဝါရီတွင်ပင်

တိုက်စစ်မှူးတစ်ဦးခေါ်ယူလိုနေပါတယ်။အသက်၂၁နှစ်ရှိ

ဗလာဟိုဗစ်မှာယခုရာသီမှာဖီအိုရင်တီးနားအတွက်

ပွဲ၂၀ကစားထားရာမှာ၁၈ဂိုးအထိသွင်းယူထားနိုင်ကာဥရောပရဲ့

အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

အာဆင်နယ်ဟာဗလာဟိုဗစ်အတွက်ဖီအိုရင်တီးနားတောင်းဆိုတဲ့အတိုင်း

ပေါင်သန်း၆၀အထိပေးရဖို့ရှိနေသလို ကစားသမားကလည်း

တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀တောင်းဆိုနေပါတယ်။

ဗလာဟိုဗစ်ဟာအခွန်ဆောင်ပြီးတစ်ပတ်လုပ်ခ

ပေါင်၁၆၀၀၀၀တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

zawgyi

ဖီအိုရင္တီးနားတိုက္စစ္မႉးဒူဆန္ဗလာဟိုဗစ္ကို ေခၚယူရန္ႀကိဳးပမ္းေနတဲ့ အာဆင္နယ္

မီေခးလ္အာတီတာကအာဆင္နယ္မွာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

ကမာၻ႔အဆင့္ကစားသမားေခၚယူမႈျပဳလုပ္သြားမယ္လို႔အရိပ္အႁမြက္ေျပာၾကားလာပါတယ္။

အာဆင္နယ္ဟာဖီအိုရင္တီးနားတိုက္စစ္မႉးဒူဆန္ဗလာဟိုဗစ္ကို

ေခၚယူရန္ႀကိဳးပမ္းေနပါတယ္။တစ္ဖက္တြင္အာဆင္နယ္ဟာ

အာဖရိကဖလားၿပိဳင္ပြဲသို႔ကစားသမားအခ်ိဳ႕ကိုလက္လႊတ္ထားရၿပီး

လာမယ့္ေႏြရာသီမွာ၎တို႔ရဲ႕တိုက္စစ္မႉးမ်ားကိုဆုံးရႈံးရဖို႔ရွိေနပါတယ္။

အာတီတာရဲ႕အဓိကပစ္မွတ္မွာဒူဆန္ဗလာဟိုဗစ္ျဖစ္ပါတယ္။

အာတီတာက “သမိုင္းေၾကာင္းၾကည့္လိုက္ရင္ဒီကလပ္က

အေကာင္းဆုံးကစားသမားေတြကိုပဲပစ္မွတ္ထားခဲ့တယ္။

အေကာင္းဆုံးကစားသမားေတြပဲ အာဆင္နယ္မွာလာကစားၾကတယ္။

အေျခအေနကမေျပာင္းပါဘူး။ဒါကကြၽန္ေတာ္တို႔အတြက္အႀကီးမားဆုံး

အခြင့္အေရးတစ္ခုပါ”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာလာမယ့္ေႏြရာသီမွာအူဘာမီယန္၊လာကာဇက္တီႏွင့္

နကီတာတို႔ကိုလက္လႊတ္ရဖို႔ေသခ်ာေနရာ ယခုဇန္နဝါရီတြင္ပင္

တိုက္စစ္မႉးတစ္ဦးေခၚယူလိုေနပါတယ္။အသက္၂၁ႏွစ္ရွိ

ဗလာဟိုဗစ္မွာယခုရာသီမွာဖီအိုရင္တီးနားအတြက္

ပြဲ၂၀ကစားထားရာမွာ၁၈ဂိုးအထိသြင္းယူထားႏိုင္ကာဥေရာပရဲ႕

အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။

အာဆင္နယ္ဟာဗလာဟိုဗစ္အတြက္ဖီအိုရင္တီးနားေတာင္းဆိုတဲ့အတိုင္း

ေပါင္သန္း၆၀အထိေပးရဖို႔ရွိေနသလို ကစားသမားကလည္း

တစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀ေတာင္းဆိုေနပါတယ္။

ဗလာဟိုဗစ္ဟာအခြန္ေဆာင္ၿပီးတစ္ပတ္လုပ္ခ

ေပါင္၁၆၀၀၀၀ေတာင္းဆိုထားတာလည္းျဖစ္ပါတယ္။