ဖာနန်ဒက်စ်ကိုအတုခိုးပြီး ပင်နယ်တီကန်သွင်းဖို့ ကြိုးစားရာမှာအရှက်တကွဲဖြစ်ခဲ့ရတဲ့ အိုင်ဗရီကို့စ်ရဲ့အဲရစ်ဘိုင်လီ

အဲရစ်ဘိုင်လီဟာမနေ့ညတုန်းကအီဂျစ်နှင့်အိုင်ဗရီကို့စ်တို့ရဲ့

အာဖရိကဖလား၁၆သင်းရှုံးထွက်အဆင့်ပင်နယ်တီအဆုံးအဖြတ်မှာ

ယူနိုက်တက်ကစားဖော်ဘရူနိုဖာနန်ဒက်စ်ကိုအတုခိုးပြီး

ပင်နယ်တီကန်သွင်းဖို့ ကြိုးစားရာမှာအရှက်တကွဲအဖြစ်အပျက်နဲ့ကြုံခဲ့ရပါတယ်။

အိုင်ဗရီကို့စ်ဗဟိုနောက်ခံလူဟာအီဂျစ်နှင့်အာဖရိကဖလား၁၆သင်း

ရှုံးထွက်အဆင့်ပွဲရဲ့ပင်နယ်တီအဆုံးအဖြတ်မှာ

ပင်နယ်တီလွဲတဲ့ တစ်ဦးတည်းသော အိုင်ဗရီကို့စ်ကစားသမားလည်းဖြစ်ပါတယ်။

အထူးသဖြင့်သူဟာယူနိုက်တက်ကစားဖော်ဘရူနိုဖာနန်ဒက်စ်ရဲ့

ပင်နယ်တီကန်စနစ်ကိုအတုခိုးကန်သွင်းဖို့ကြိုးပမ်းရာမှ

လွဲချော်ခဲ့လို့ ပိုပြီးတော့ဆိုးရွားနေပါတယ်။

အဲရစ်ဘိုင်လီဟာဘောလုံးနဲ့ခြေလှမ်းတစ်လှမ်းအကွာသို့သာ

နောက်ဆုတ်ပြီးဂိုးပေါက်ကိုမကြည့်ဘဲဘရူနိုဖာနန်ဒက်စ်ကဲ့သို့

ခုန်ပေါက်ကာကန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့သူ့ရဲ့ကန်ချက်ကိုအီဂျစ်ဂိုးသမားဂါဘာစကီးကကာကွယ်သွားခဲ့ပါတယ်။

အဲရစ်ဘိုင်လီပင်နယ်တီမဝင်မှုနဲ့အတူအီဂျစ်ကအိုင်ဗရီကို့စ်ကို

ပင်နယ်တီအဆုံးအဖြတ်မှာ၅-၄ဂိုးနဲ့အနိုင်ရရှိပြီး

အာဖရိကဖလားကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပါတယ်။

zawgyi

ဖာနန္ဒက္စ္ကိုအတုခိုးၿပီး ပင္နယ္တီကန္သြင္းဖို႔ ႀကိဳးစားရာမွာအရွက္တကြဲျဖစ္ခဲ့ရတဲ့ အိုင္ဗရီကို႔စ္ရဲ႕အဲရစ္ဘိုင္လီ

အဲရစ္ဘိုင္လီဟာမေန႔ညတုန္းကအီဂ်စ္ႏွင့္အိုင္ဗရီကို႔စ္တို႔ရဲ႕

အာဖရိကဖလား၁၆သင္းရႈံးထြက္အဆင့္ပင္နယ္တီအဆုံးအျဖတ္မွာ

ယူႏိုက္တက္ကစားေဖာ္ဘ႐ူႏိုဖာနန္ဒက္စ္ကိုအတုခိုးၿပီး

ပင္နယ္တီကန္သြင္းဖို႔ ႀကိဳးစားရာမွာအရွက္တကြဲအျဖစ္အပ်က္နဲ႔ႀကဳံခဲ့ရပါတယ္။

အိုင္ဗရီကို႔စ္ဗဟိုေနာက္ခံလူဟာအီဂ်စ္ႏွင့္အာဖရိကဖလား၁၆သင္း

ရႈံးထြက္အဆင့္ပြဲရဲ႕ပင္နယ္တီအဆုံးအျဖတ္မွာ

ပင္နယ္တီလြဲတဲ့ တစ္ဦးတည္းေသာ အိုင္ဗရီကို႔စ္ကစားသမားလည္းျဖစ္ပါတယ္။

အထူးသျဖင့္သူဟာယူႏိုက္တက္ကစားေဖာ္ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕

ပင္နယ္တီကန္စနစ္ကိုအတုခိုးကန္သြင္းဖို႔ႀကိဳးပမ္းရာမွ

လြဲေခ်ာ္ခဲ့လို႔ ပိုၿပီးေတာ့ဆိုး႐ြားေနပါတယ္။

အဲရစ္ဘိုင္လီဟာေဘာလုံးနဲ႔ေျခလွမ္းတစ္လွမ္းအကြာသို႔သာ

ေနာက္ဆုတ္ၿပီးဂိုးေပါက္ကိုမၾကည့္ဘဲဘ႐ူႏိုဖာနန္ဒက္စ္ကဲ့သို႔

ခုန္ေပါက္ကာကန္သြင္းခဲ့ပါတယ္။

ဒါေပမဲ့သူ႔ရဲ႕ကန္ခ်က္ကိုအီဂ်စ္ဂိုးသမားဂါဘာစကီးကကာကြယ္သြားခဲ့ပါတယ္။

အဲရစ္ဘိုင္လီပင္နယ္တီမဝင္မႈနဲ႔အတူအီဂ်စ္ကအိုင္ဗရီကို႔စ္ကို

ပင္နယ္တီအဆုံးအျဖတ္မွာ၅-၄ဂိုးနဲ႔အႏိုင္ရရွိၿပီး

အာဖရိကဖလားကြာတားဖိုင္နယ္သို႔တက္ေရာက္သြားခဲ့ပါတယ္။