ဖရက်ဒ်က ဘယ်လိုကစားသမားမျိုးလဲဆိုတာ ဖွင့်ဟတဲ့ ကာရစ်

ကာရစ်က ဖရက်ဒ်ဟာ underrated ကစားသမား တစ်ဦး ဖြစ်နေခဲ့ကြောင်း ၊ သူဟာ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ပွဲထွက် ကစားသမား ဖြစ်နိုင်ခဲ့ပြီ ဆိုတာကိုက သူ ဘယ်လောက်ထိ တိုးတက်လာပြီလဲဆိုတာကို သိသာစေကြောင်း ချီးမွမ်း ပြောဆိုပါတယ်။

” ဖရက်ဒ်ဟာ အမြဲတမ်း အလေးပေး ဂရုစိုက်ခြင်းကို မရရှိခဲ့တဲ့သူ တစ်ဦးပါ။

သူဟာ အသင်းဆီ ရောက်လာခဲ့တဲ့ အချိန်ကစပြီး အခုဆို ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ပွဲထွက် ကစားသမားတောင် ဖြစ်လာနိုင်ခဲ့ပါပြီ။

ဒါဟာ သူ ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲဆိုတာ သိသာထင်ရှားစေပါတယ် ”

“သူဟာ ပွဲစဉ်တွေ ကစားဖို့ အရမ်းကို တက်ကြွနေသူ တစ်ဦးပါပဲ။

သူဟာ ဗီလာ ရီးရဲလ်နဲ့ ပွဲစဉ်တုန်းက ပထမပိုင်းအတွင်း ခြေချင်းဝတ် နာသွားတာ ခင်ဗျားတို့ မြင်ခဲ့မှာပါ။

ဒီလို ဖြစ်တဲ့ ကစားသမား အများစုက ထပ်ကစားပေးလေ့ မရှိတတ်ကြပါဘူး။

ခြေထောက်မှာ နာကျင်မှုတွေကို အနည်းနဲ့ အများ ခံစားနေရပြီလေ။

အဲ့လို ပုံစံနဲ့ ဆက်ကစားပေးဖို့ တကယ်လည်း မလွယ်ကူပါဘူး ”

” ဒါပေမဲ့ သူကတော့ လုံးဝမှုမနေဘဲ ဆက်ကစားပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာ နောက်တစ်ပွဲ ဖြစ်တဲ့ ချဲလ်ဆီးပွဲကိုလည်း လွဲချော်ချင်စိတ် မရှိခဲ့ပါဘူး။

သူ့ရဲ့ စိတ်ဓါတ်ခံယူချက် မာကျောနေမှုက တကယ့်ကိုအံ့ဖွယ်ပါပဲ။

ကျွန်တော်ကတော့ အဲဒါကို အရမ်းပဲ နှစ်သက်မိပါတယ်။

ဖရက်ဒ်က အသင်းထဲ energy တွေကို သယ်ဆောင်ပေးသူ တစ်ဦး ပါပဲ။

ဖရက်ဒ် က အသင်းအတွက် အများကြီးလုပ်ပေးနေသူပါ ။ ”ဆိုပြီး ကာရစ် က ပြောပါတယ်။

zawgyi

ဖရက္ဒ္က ဘယ္လိုကစားသမားမ်ိဳးလဲဆိုတာ ဖြင့္​ဟတဲ့ ကာရစ္

ကာရစ္က ဖရက္ဒ္ဟာ underrated ကစားသမား တစ္ဦး ျဖစ္ေနခဲ့ေၾကာင္း ၊ သူဟာ ဘရာဇီး လက္ေ႐ြးစင္ အသင္းရဲ႕ ပြဲထြက္ ကစားသမား ျဖစ္ႏိုင္ခဲ့ၿပီ ဆိုတာကိုက သူ ဘယ္ေလာက္ထိ တိုးတက္လာၿပီလဲဆိုတာကို သိသာေစေၾကာင္း ခ်ီးမြမ္း ​ေျပာဆိုပါတယ္။

” ဖရက္ဒ္ဟာ အၿမဲတမ္း အေလးေပး ဂ႐ုစိုက္ျခင္းကို မရရွိခဲ့တဲ့သူ တစ္ဦးပါ။ သူဟာ အသင္းဆီ ေရာက္လာခဲ့တဲ့ အခ်ိန္ကစၿပီး အခုဆို ဘရာဇီး လက္ေ႐ြးစင္ အသင္းရဲ႕ ပြဲထြက္ ကစားသမားေတာင္ ျဖစ္လာႏိုင္ခဲ့ပါၿပီ။ ဒါဟာ သူ ဘယ္ေလာက္အထိ တိုးတက္လာခဲ့သလဲဆိုတာ သိသာထင္ရွားေစပါတယ္ ”

“သူဟာ ပြဲစဥ္ေတြ ကစားဖို႔ အရမ္းကို တက္ႂကြေနသူ တစ္ဦးပါပဲ။ သူဟာ ဗီလာ ရီးရဲလ္နဲ႔ ပြဲစဥ္တုန္းက ပထမပိုင္းအတြင္း ေျခခ်င္းဝတ္ နာသြားတာ ခင္ဗ်ားတို႔ ျမင္ခဲ့မွာပါ ။ ဒီလို ျဖစ္တဲ့ ကစားသမား အမ်ားစုက ထပ္ကစားေပးေလ့ မရွိတတ္ၾကပါဘူး။ ေျခေထာက္မွာ နာက်င္မႈေတြကို အနည္းနဲ႔ အမ်ား ခံစားေနရၿပီေလ ။ အဲ့လို ပုံစံနဲ႔ ဆက္ကစားေပးဖို႔ တကယ္လည္း မလြယ္ကူပါဘူး ”

” ဒါေပမဲ့ သူကေတာ့ လုံးဝမႈမေနဘဲ ဆက္ကစားေပးဖို႔ပဲ ဆုံးျဖတ္ခဲ့ပါတယ္။

သူဟာ ေနာက္တစ္ပြဲ ျဖစ္တဲ့ ခ်ဲလ္ဆီးပြဲကိုလည္း လြဲေခ်ာ္ခ်င္စိတ္ မရွိခဲ့ပါဘူး။ သူ႔ရဲ႕ စိတ္ဓါတ္ခံယူခ်က္ မာေက်ာေနမႈက တကယ့္ကိုအံ့ဖြယ္ပါပဲ။ ကြၽန္ေတာ္ကေတာ့ အဲဒါကို အရမ္းပဲ ႏွစ္သက္မိပါတယ္။

ဖရက္ဒ္က အသင္းထဲ energy ေတြကို သယ္ေဆာင္ေပးသူ တစ္ဦး ပါပဲ ။ဖရက္ဒ္ က အသင္းအတြက္ အမ်ားႀကီးလုပ္ေပးေနသူပါ ။ ”ဆိုၿပီး ကာရစ္ က ​ေျပာပါတယ္။