
ဘယ်လ်ဂျီယံနိုင်ငံရေးသမားတစ်ဦးဟာရီးရဲလ်မက်ဒရစ်စတားအေဒင်ဟာဇက်ကို
လူဝလေးဆိုပြီးတိုက်ခိုက်ပြောဆိုမှုပြုလုပ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့နှစ်များမှာကိုယ်အလေးချိန်တက်မှုကြောင့်
ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာဂျိန်းမာရီဒီဒက်ကာရဲ့တိုက်ခိုက်မှုလောက်
ဆိုးရွားတဲ့တိုက်ခိုက်မှုမကြုံခဲ့ရဖူးပါဘူး။
ဂျိန်းမာရီဒီဒက်ကာဟာဘယ်ဂျီယံမြောက်ပိုင်းရှိ မက်ဒယ်ကာကီရဲ့မြို့တော်ဝန်ဖြစ်ပြီး
၂၀၁၁ခုနှစ်တုန်းက ဘာဂါစားနေတဲ့အေဒင်ဟာဇက်ကိုတွေ့ရှိပြီးနောက်
တိုက်ခိုက်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်တုန်းကအေဒင်ဟာဇက်ဟာတူရကီနှင့်
ယူရို၂၀၁၂ခြေစစ်ပွဲတွင်နည်းပြဂျော့လီကန်ရဲ့လူစားလဲခံခဲ့ရပြီးနောက်ဘာဂါစားခဲ့တာဖြစ်ပြီး
ယင်းလုပ်ရပ်အတွက်နှစ်ပွဲပယ်ခံခဲ့ရပါတယ်။
အသက်၆၉နှစ်ရှိနိုင်ငံရေးသမားက “သတင်းစာတိုင်းသူနဲ့ပတ်သက်ပြီးရေးကြတယ်။
တကယ်လည်းသူကစနစ်နဲ့ငွေကြေးကြောင့်ဝနေတဲ့လူဝလေးတစ်ဦးပါ။ ဂျော့လီးကာက
လူစားလဲလိုက်ပြီးတဲ့နောက်ကိန်းဘူဒိုနန်ကွင်းအနီးက ဘာဂါဆိုင်သို့ပြေးပြီး
စားနေတာတွေ့ရသေးတယ်”လို့ပြောကြားခဲ့ပါတယ်။
အေဒင်ဟာဇက်ဟာတူရကီနှင့်ပွဲတွင်လူစားလဲခံရပြီးနောက်ကွင်းအတွင်းမှဒေါသတကြီး
ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ သူဟာကွင်းအတွင်းမှထွက်ခွာကာ ဘာဂါဆိုင်သို့တန်းသွားခဲ့ပါတယ်။
အထက်ပါဖြစ်ရပ်ကြောင့်နည်းပြလီးကန်ဟာအကြီးအကျယ်ဒေါသထွက်ကာဟာဇက်ကို
နှစ်ပွဲပယ်ပြစ်ဒဏ်ပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တွင်တစ်ပတ်လုပ်ခပေါင်၄၁၆၀၀၀ရရှိနေတဲ့
ဟာဇက်ဟာဘာနေဗျူးတွင်နေရာပျောက်နေမှုနဲ့အတူ အသင်းပြောင်းရန်ကြိုးပမ်းနေပါတယ်။
Zawgyi
ဖက္တီးေလးလို႔ ဘယ္လ္ဂ်ီယံႏိုင္ငံေရးသမားရဲ႕ ေဖာင္းထုခံလိုက္ရတဲ့ ဟာဇက္
ဘယ္လ္ဂ်ီယံႏိုင္ငံေရးသမားတစ္ဦးဟာရီးရဲလ္မက္ဒရစ္စတားေအဒင္ဟာဇက္ကို
လူဝေလးဆိုၿပီးတိုက္ခိုက္ေျပာဆိုမႈျပဳလုပ္ခဲ့ပါတယ္။
ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့ႏွစ္မ်ားမွာကိုယ္အေလးခ်ိန္တက္မႈေၾကာင့္
ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ဒါေပမဲ့သူဟာဂ်ိန္းမာရီဒီဒက္ကာရဲ႕တိုက္ခိုက္မႈေလာက္
ဆိုး႐ြားတဲ့တိုက္ခိုက္မႈမႀကဳံခဲ့ရဖူးပါဘူး။
ဂ်ိန္းမာရီဒီဒက္ကာဟာဘယ္ဂ်ီယံေျမာက္ပိုင္းရွိ မက္ဒယ္ကာကီရဲ႕ၿမိဳ႕ေတာ္ဝန္ျဖစ္ၿပီး
၂၀၁၁ခုႏွစ္တုန္းက ဘာဂါစားေနတဲ့ေအဒင္ဟာဇက္ကိုေတြ႕ရွိၿပီးေနာက္
တိုက္ခိုက္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ၂၀၁၁ခုႏွစ္တုန္းကေအဒင္ဟာဇက္ဟာတူရကီႏွင့္
ယူ႐ို၂၀၁၂ေျခစစ္ပြဲတြင္နည္းျပေဂ်ာ့လီကန္ရဲ႕လူစားလဲခံခဲ့ရၿပီးေနာက္ဘာဂါစားခဲ့တာျဖစ္ၿပီး
ယင္းလုပ္ရပ္အတြက္ႏွစ္ပြဲပယ္ခံခဲ့ရပါတယ္။
အသက္၆၉ႏွစ္ရွိႏိုင္ငံေရးသမားက “သတင္းစာတိုင္းသူနဲ႔ပတ္သက္ၿပီးေရးၾကတယ္။
တကယ္လည္းသူကစနစ္နဲ႔ေငြေၾကးေၾကာင့္ဝေနတဲ့လူဝေလးတစ္ဦးပါ။ ေဂ်ာ့လီးကာက
လူစားလဲလိုက္ၿပီးတဲ့ေနာက္ကိန္းဘူဒိုနန္ကြင္းအနီးက ဘာဂါဆိုင္သို႔ေျပးၿပီး
စားေနတာေတြ႕ရေသးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ေအဒင္ဟာဇက္ဟာတူရကီႏွင့္ပြဲတြင္လူစားလဲခံရၿပီးေနာက္ကြင္းအတြင္းမွေဒါသတႀကီး
ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။ သူဟာကြင္းအတြင္းမွထြက္ခြာကာ ဘာဂါဆိုင္သို႔တန္းသြားခဲ့ပါတယ္။
အထက္ပါျဖစ္ရပ္ေၾကာင့္နည္းျပလီးကန္ဟာအႀကီးအက်ယ္ေဒါသထြက္ကာဟာဇက္ကို
ႏွစ္ပြဲပယ္ျပစ္ဒဏ္ေပးခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္တြင္တစ္ပတ္လုပ္ခေပါင္၄၁၆၀၀၀ရရွိေနတဲ့
ဟာဇက္ဟာဘာေနဗ်ဴးတြင္ေနရာေပ်ာက္ေနမႈနဲ႔အတူ အသင္းေျပာင္းရန္ႀကိဳးပမ္းေနပါတယ္။