ပြိုင်ဘက်နောက်ခံလူရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာကာတာမှလိဂ်ပွဲတစ်ပွဲတွင်နှလုံးဖောက်ကာ

မေ့လဲကျခဲ့တဲ့ပြိုင်ဘက်အသင်းမှကစားသမားအူစမာနီကူလီဘာလီရဲ့

အသက်ကိုကယ်တင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကအယ်ဝါခရာနှင့်အယ်လ်ရေယန်နှင့်ပွဲစဉ်ရဲ့ပထမပိုင်းမှာ

ဂိုးရှေ့မှာ အယ်ဝါခရာနောက်ခံလူအူစမာနိကူလီဘာလီ

နှလုံးဖောက်ကာမေ့လဲကျခဲ့ပါတယ်။

အဲဗာတန်နှင့်ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ

ချက်ချင်းပင်အူစမာနီကူလီဘာလီထံသို့ပြေးသွားခဲ့ပြီး

ရှေ့ဦးသူနာပြုနည်းကိုသုံးကာအသက်ကယ်တင်မှုပြုလုပ်ခဲ့ပါတယ်။

ကိုလံဘီယာလက်ရွေးစင်ကစားသမားဟာကူလီဘာလီရဲ့လည်ပင်းကို

တည့်မတ်အောင်လုပ်ပြီးအသက်ရှူနိုင်အောင်ကူညီပေးခဲ့ပါတယ်။

ယင်းနောက်ဆေးအဖွဲ့ရောက်ရှိလာပြီးဆက်လက်ကုသမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကိုပွဲကိုလည်းဆက်မကစားဘဲရပ်ဆိုင်းလိုက်ပါတယ်။

ကူလီဘာလီလဲကျချိန်တွင်ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့အယ်ရေယန်က

၁-ဝဂိုးဖြင့်အနိုင်ရရှိနေပါတယ်။

မာလီကစားသမားကိုဆေးရုံသို့အရေးပေါ်ကားဖြင့်ခေါ်ဆောင်သွားခဲ့ပြီး

ယခုအခါပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ပါတယ်။

ပွဲအပြီးတွင်ကာတာလိဂ်အဖွဲ့ချုပ်ကကူလီဘာလီမှာ

နှလုံးဖောက်ခဲ့ခြင်းဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ယင်းပွဲရဲ့ကျန်ပွဲချိန်များကိုတနင်္လာနေ့ကပြန်ကစားခဲ့ရာ

အယ်ရေယန်က၃-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

zawgyi

ၿပိဳင္ဘက္ေနာက္ခံလူရဲ႕အသက္ကို ကယ္တင္ေပးခဲ့တဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာကာတာမွလိဂ္ပြဲတစ္ပြဲတြင္ႏွလုံးေဖာက္ကာ

ေမ့လဲက်ခဲ့တဲ့ၿပိဳင္ဘက္အသင္းမွကစားသမားအူစမာနီကူလီဘာလီရဲ႕

အသက္ကိုကယ္တင္ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကအယ္ဝါခရာႏွင့္အယ္လ္ေရယန္ႏွင့္ပြဲစဥ္ရဲ႕ပထမပိုင္းမွာ

ဂိုးေရွ႕မွာ အယ္ဝါခရာေနာက္ခံလူအူစမာနိကူလီဘာလီ

ႏွလုံးေဖာက္ကာေမ့လဲက်ခဲ့ပါတယ္။

အဲဗာတန္ႏွင့္ရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္းဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ

ခ်က္ခ်င္းပင္အူစမာနီကူလီဘာလီထံသို႔ေျပးသြားခဲ့ၿပီး

ေရွ႕ဦးသူနာျပဳနည္းကိုသုံးကာအသက္ကယ္တင္မႈျပဳလုပ္ခဲ့ပါတယ္။

ကိုလံဘီယာလက္ေ႐ြးစင္ကစားသမားဟာကူလီဘာလီရဲ႕လည္ပင္းကို

တည့္မတ္ေအာင္လုပ္ၿပီးအသက္ရႉႏိုင္ေအာင္ကူညီေပးခဲ့ပါတယ္။

ယင္းေနာက္ေဆးအဖြဲ႕ေရာက္ရွိလာၿပီးဆက္လက္ကုသမႈျပဳလုပ္ခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္ကိုပြဲကိုလည္းဆက္မကစားဘဲရပ္ဆိုင္းလိုက္ပါတယ္။

ကူလီဘာလီလဲက်ခ်ိန္တြင္ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ရဲ႕အယ္ေရယန္က

၁-ဝဂိုးျဖင့္အႏိုင္ရရွိေနပါတယ္။

မာလီကစားသမားကိုေဆး႐ုံသို႔အေရးေပၚကားျဖင့္ေခၚေဆာင္သြားခဲ့ၿပီး

ယခုအခါျပန္လည္သက္သာေကာင္းမြန္လာၿပီျဖစ္ပါတယ္။

ပြဲအၿပီးတြင္ကာတာလိဂ္အဖြဲ႕ခ်ဳပ္ကကူလီဘာလီမွာ

ႏွလုံးေဖာက္ခဲ့ျခင္းျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ယင္းပြဲရဲ႕က်န္ပြဲခ်ိန္မ်ားကိုတနလၤာေန႔ကျပန္ကစားခဲ့ရာ

အယ္ေရယန္က၃-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။