ကိုလံဘီယာတိုက်စစ်မှူး ဂျူလီယန်ကွီနိုနက်စ် ဟာသူ့အသင်းအတ္တလက်စ်အတွက်
ချေပဂိုးသွင်းယူပေးခဲ့လို့ သူရဲကောင်း ဖြစ်ခဲ့ပေမယ့် ချက်ချင်းဆိုသလိုဘဲ
ဟီးရိုးဘဝကနေ ဇီးရိုးဘဝကိုရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။
သူဟာ တနင်္ဂနွေနေ့ က မက္ကဆီကိုလိဂ်ပွဲမှာ
သူ့အသင်းအတွက်နောက်ဆုံးမိနစ်ချေပဂိုးသွင်းယူပေးခဲ့ပေမယ့်
ပြိုင်ဘက်တွေရှေ့သွားပြီး ငယ်ပါနေ ရာကို လက်နဲ့ပြခဲ့လို့ ထုတ်ပယ်ခံလိုက်ရတာပါ။
သူ့အသင်း အတ္တလက်စ်ဟာ ချီဗက်စ်နဲ့တွေ့တဲ့ပွဲမှာ
ဧည့်သည်ချီဗက်စ် က ၆၆ မိနစ်မှာရောဘတ်တိုအယ်လ်ဗာဒိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်အတ္တလက်စ်ဟာ ချေပဂိုးရဖို့အပြင်းအထန် ကြိုးစားခဲ့ပေမယ့်
မရခဲ့လို့ဖိအားတွေအောက်ရောက်ခဲ့တာပါ။
ကံကောင်းချင်တော့ ပွဲပြီးဖို့စက္ကန့်ပိုင်းအလိုမှာ ကွီနိုနက်စ်က
ချေပဂိုးသွင်းပြီး တစ်မှတ်ရယူပေးနိုင်ခဲ့တာပါ။
ဒါကြောင့်လည်းအလွန်အကျူးအောင်ပွဲခံမှုတွေပေါ်ပေါက်ခဲ့ပြီး
မဖြစ်သင်တဲ့ အမူအရာတွေပါ ပါလာခဲ့တာပါ။ အသက် ၂၄ နှစ်ရှိတဲ့
ကွီနိုနက်စ်ဟာ ဂိုးသွင်းပြီးနောက် ပြိုင်ဘက်ချီဗက်စ်အသင်းရဲ့
အရန် ခုံတန်းရှေ့ကိုသွားပြီး အင်္ကျီချွတ်ကာအောင်ပွဲခံခဲ့ပါတယ်။
အဲဒီနောက်သူဟာ သူ့အသင်းရဲ့လိုဂိုကိုညွှန်ပြခဲ့ပါသေးတယ်။
အဲ ဒီအချိန်အထိဘာပြဿနာမှမရှိခဲ့ပေမယ့် နောက်ထပ်သူ့အမူအရာမှာ
ရိုင်းစိုင်းတဲ့လုပ်ရပ်ပါဝင်လာခဲ့တာပါ။
ဒါကတော့အင်္ကျီ ကိုလက်တစ်ဖက်ကကိုင်ထားချိန်မှာ
နောက်တစ်ဖက်က သူ့ရဲ့ငယ်ပါနေရာကိုလက်နဲ့ပြကာအောင်ပွဲခံခဲ့မှုပါဘဲ။
ဒါကြောင့် လည်း အင်္ကျီချွတ်လို့ အဝါပြခံထားရတဲ့ ကွီနိုနက်စ်ကို
ဒိုင်လူကြီးကချက်ခြင်းဆိုသလို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ကွီနိုနက်စ်ကဒေါသထွက်ပြီး
ပြိုင်ဘက်ကသူ့ကိုတစ်စုံတစ်ခုလုပ်ပြလို့ ပြန်တုံ့ပြန်ခဲ့ရတာလို့ အကြောင်းပြခဲ့ လို့
အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ဒီပွဲဟာပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အတ္တလက်စ်ဘက်က
ကွီနိုနက်စ်အပါအဝင် နှစ်ယောက်အထုတ်ခံရပြီး
ချီဗက်စ်ဘက်က တစ်ယောက်အထုတ်ခံရလို့ ၃ ယောက်တောင်
ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါ တယ်။
အခုဖြစ်ရပ်အတွက် ကွီနိုနက်စ်ဟာ မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်ရဲ့
အရေးယူခြင်းကိုခံရဖို့ရှိနေတယ်လို့လည်း သိရပါ တယ်။
zawgyi
ၿပိဳင္ဘက္ေတြေရွ႕သြားၿပီး ငယ္ပါေနရာကို လက္နဲ႔ျပခဲ့လို႔ ထုတ္ပယ္ခံလိုက္ရတဲ့ ဂ်ဴလီယန္ကြီႏိုနက္စ္
ကိုလံဘီယာတိုက္စစ္မႉး ဂ်ဴလီယန္ကြီႏိုနက္စ္ ဟာသူ႔အသင္းအတၱလက္စ္အတြက္
ေခ်ပဂိုးသြင္းယူေပးခဲ့လို႔ သူရဲေကာင္း ျဖစ္ခဲ့ေပမယ့္ ခ်က္ခ်င္းဆိုသလိုဘဲ
ဟီး႐ိုးဘဝကေန ဇီး႐ိုးဘဝကိုေရာက္ရွိသြားခဲ့တယ္လို႔ သိရပါတယ္။
သူဟာ တနဂၤေႏြေန႔ က မကၠဆီကိုလိဂ္ပြဲမွာ
သူ႔အသင္းအတြက္ေနာက္ဆုံးမိနစ္ေခ်ပဂိုးသြင္းယူေပးခဲ့ေပမယ့္
ၿပိဳင္ဘက္ေတြေရွ႕သြားၿပီး ငယ္ပါေန ရာကို လက္နဲ႔ျပခဲ့လို႔ ထုတ္ပယ္ခံလိုက္ရတာပါ။
သူ႔အသင္း အတၱလက္စ္ဟာ ခ်ီဗက္စ္နဲ႔ေတြ႕တဲ့ပြဲမွာ
ဧည့္သည္ခ်ီဗက္စ္ က ၆၆ မိနစ္မွာေရာဘတ္တိုအယ္လ္ဗာဒိုရဲ႕ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္အတၱလက္စ္ဟာ ေခ်ပဂိုးရဖို႔အျပင္းအထန္ ႀကိဳးစားခဲ့ေပမယ့္
မရခဲ့လို႔ဖိအားေတြေအာက္ေရာက္ခဲ့တာပါ။
ကံေကာင္းခ်င္ေတာ့ ပြဲၿပီးဖို႔စကၠန႔္ပိုင္းအလိုမွာ ကြီႏိုနက္စ္က
ေခ်ပဂိုးသြင္းၿပီး တစ္မွတ္ရယူေပးႏိုင္ခဲ့တာပါ။
ဒါေၾကာင့္လည္းအလြန္အက်ဴးေအာင္ပြဲခံမႈေတြေပၚေပါက္ခဲ့ၿပီး
မျဖစ္သင္တဲ့ အမူအရာေတြပါ ပါလာခဲ့တာပါ။ အသက္ ၂၄ ႏွစ္ရွိတဲ့
ကြီႏိုနက္စ္ဟာ ဂိုးသြင္းၿပီးေနာက္ ၿပိဳင္ဘက္ခ်ီဗက္စ္အသင္းရဲ႕
အရန္ ခုံတန္းေရွ႕ကိုသြားၿပီး အက်ႌခြၽတ္ကာေအာင္ပြဲခံခဲ့ပါတယ္။
အဲဒီေနာက္သူဟာ သူ႔အသင္းရဲ႕လိုဂိုကိုၫႊန္ျပခဲ့ပါေသးတယ္။
အဲ ဒီအခ်ိန္အထိဘာျပႆနာမွမရွိခဲ့ေပမယ့္ ေနာက္ထပ္သူ႔အမူအရာမွာ
႐ိုင္းစိုင္းတဲ့လုပ္ရပ္ပါဝင္လာခဲ့တာပါ။
ဒါကေတာ့အက်ႌ ကိုလက္တစ္ဖက္ကကိုင္ထားခ်ိန္မွာ
ေနာက္တစ္ဖက္က သူ႔ရဲ႕ငယ္ပါေနရာကိုလက္နဲ႔ျပကာေအာင္ပြဲခံခဲ့မႈပါဘဲ။
ဒါေၾကာင့္ လည္း အက်ႌခြၽတ္လို႔ အဝါျပခံထားရတဲ့ ကြီႏိုနက္စ္ကို
ဒိုင္လူႀကီးကခ်က္ျခင္းဆိုသလို တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။
ဒီျဖစ္ရပ္ေၾကာင့္ ကြီႏိုနက္စ္ကေဒါသထြက္ၿပီး
ၿပိဳင္ဘက္ကသူ႔ကိုတစ္စုံတစ္ခုလုပ္ျပလို႔ ျပန္တုံ႔ျပန္ခဲ့ရတာလို႔ အေၾကာင္းျပခဲ့ လို႔
အနည္းငယ္႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။
ဒီပြဲဟာၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၿပီး အတၱလက္စ္ဘက္က
ကြီႏိုနက္စ္အပါအဝင္ ႏွစ္ေယာက္အထုတ္ခံရၿပီး
ခ်ီဗက္စ္ဘက္က တစ္ေယာက္အထုတ္ခံရလို႔ ၃ ေယာက္ေတာင္
ထုတ္ပယ္ခံလိုက္ရတာျဖစ္ပါ တယ္။
အခုျဖစ္ရပ္အတြက္ ကြီႏိုနက္စ္ဟာ မကၠဆီကိုေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕
အေရးယူျခင္းကိုခံရဖို႔ရွိေနတယ္လို႔လည္း သိရပါ တယ္။