ပရိသတ်တွေအတွက် အနားမယူသေးတာလို့ တော်ကီကျွေးလိုက်တဲ့ နတ်ဘုရားကြီး

အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ကစားသမားဘဝကနေ

သူအနားယူဖို့စဥ်းစားလိုက်တာနဲ့ ပရိသတ်တွေအတွက်

တွေးပြီးကြောက်ရွံနေမိတယ်လို့ တော်ကီကျွေးလိုက်ပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ မိုဗစ် ဟာ ၁၉၉၉ ကဆွီဒင် ကလပ်မယ်လ်မိုနဲ့အတူ

ကစားသမားဘဝစတင်ခဲ့လို့ ပရော်ဖက်ရှင်နယ်သက်တမ်း ၂၃ နှစ်ရှိနေပြီဖြစ်ပေမယ့်

အခုထိအနား ယူမယ့်အရိပ်အရောင်မရှိသေးသလို ဒီရာသီစီးရီးအေမှာလည်း

အေစီအတွက် ၁၈ ပွဲကစားပြီး ၈ ဂိုးသွင်းယူပေးထားပါတယ်။

သူဟာ ပရီးမီးယားလိဂ်၊ လီဂူး-၁ ၊ လာလီဂါ၊ နယ်သာလန်လိဂ် နဲ့

မေဂျာလိဂ်တို့မှာလည်းကစားခဲ့သေးပြီး ဆုဖလားပေါင်း ၃၀ အထိ

ဆွတ်ခူးခဲ့ကာ ၅၁၀ ဂိုးသွင်းယူထားပါတယ်။

ဒါပေမယ့်လည်း ဘောလုံးခရီးသည်တစ်ဦးအဖြစ်တင်စားခံထားရတဲ့

မိုဗစ် ဟာခေတ်သစ်ဘောလုံးလောကနဲ့ကိုက်ညီတဲ့

သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဆောင်နေသရွေ့ ဘောလုံးဆက်ကစားဖို့

ရည်ရွယ် ထားကြောင်းပြောကြားခဲ့ပါတယ်။

သူက” အနားယူမယ့်အကြောင်းတွေးလိုက်ရင်

ကျွန်တော်နည်းနည်းတော့ကြောက်လာတယ်ဗျ။

ဒီလိုကြောက်ရတာကလည်း ပရိသတ်တွေအတွက်ပါ။

ကျွန်တော်နားလိုက်ရင်သူတို့တွေ ကျွန်တော့်ခြေစွမ်းကို

ဆက်ပြီးမြင်တွေ့ရတော့မှာမဟုတ်ဘူးလေ ဗျာ။

ဒါကြောင့်တတ်နိုင်သလောက်အခြေအနေပေးတဲ့အထိဘောလုံးဆက်ကစားမှာပါ။

ကစားသမားဘဝကို နောင်တတွေမ ရှိဘဲအဆုံးသတ်ချင်လို့

အမြင့်ဆုံးအဆင့်မှာကစားနိုင်တယ်လို့

ထင်နေသရွေ့ဆက်ကစားမှာပါ” လို့ပြောသွားပါတယ်။

မိုဗစ် ဟာ သူ့ရဲ့ခွန်အားအပြည့်သုံးတဲ့ကစားဟန်၊ ခြေစွမ်းပုံမှန်ထိန်းထားနိုင်မှု၊

ဖျော်ဖြေမှုပေးတဲ့ပုံစံတွေကြောင့် ပရိသတ်တွေနှစ် သက်ကြသလို

တစ်ခါတလေမှာလည်း အငြင်းပွားစရာတွေပြုလုပ်တတ်သူအဖြစ် နာမည်ဆိုးထွက်တဲ့သူပါ။

မိုဗစ်ဟာ ကွင်းအတွင်းမှာ လူကာကူလို၊ ဂျိုယေးဘာတန် တို့လို

ပြိုင်ဘက်တွေနဲ့ ပြဿနာတက်ခဲ့ဘူးသလို ဗန်ဒါဗတ်နဲ့ အို နူအိုဟာ တို့လို

ကစားဖော်တွေနဲ့လည်း အခြေအတင်ဖြစ်ခဲ့သေးသူပါ။

သူဟာလက်ရှိမှာ ဆွီဒင်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပြီး

သူ့ကစားဖော်သစ်ဖြစ်လာမယ့် မန်ယူလူငယ်ခြေတက် အီလန်ဂါနဲ့ အတူ

တွဲကစားရမှာကို စိတ်လှုပ်ရှား နေတယ်လို့လည်းဆိုပါတယ်။

သူဟာ အီလန်ဂါထက်အသက် ၂၁ နှစ်ကြီးသူဖြစ်ပြီး

ဒီလူငယ်ရဲ့ခြေစွမ်းကိုသေချာမြင်တွေ့ လိုနေတယ်လို့လည်း ပြောသွားပါတယ်။

zawgyi

ပရိသတ္ေတြအတြက္ အနားမယူေသးတာလို႔ ေတာ္ကီေကြၽးလိုက္တဲ့ နတ္ဘုရားႀကီး

ေအစီမီလန္အသင္းတိုက္စစ္မႉး အီဘရာဟီမိုဗစ္က ကစားသမားဘဝကေန

သူအနားယူဖို႔စဥ္းစားလိုက္တာနဲ႔ ပရိသတ္ေတြအတြက္

ေတြးၿပီးေၾကာက္႐ြံေနမိတယ္လို႔ ေတာ္ကီေကြၽးလိုက္ပါတယ္။

အသက္ ၄၀ ရွိၿပီျဖစ္တဲ့ မိုဗစ္ ဟာ ၁၉၉၉ ကဆြီဒင္ ကလပ္မယ္လ္မိုနဲ႔အတူ

ကစားသမားဘဝစတင္ခဲ့လို႔ ပေရာ္ဖက္ရွင္နယ္သက္တမ္း ၂၃ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္

အခုထိအနား ယူမယ့္အရိပ္အေရာင္မရွိေသးသလို ဒီရာသီစီးရီးေအမွာလည္း

ေအစီအတြက္ ၁၈ ပြဲကစားၿပီး ၈ ဂိုးသြင္းယူေပးထားပါတယ္။

သူဟာ ပရီးမီးယားလိဂ္၊ လီဂူး-၁ ၊ လာလီဂါ၊ နယ္သာလန္လိဂ္ နဲ႔

ေမဂ်ာလိဂ္တို႔မွာလည္းကစားခဲ့ေသးၿပီး ဆုဖလားေပါင္း ၃၀ အထိ

ဆြတ္ခူးခဲ့ကာ ၅၁၀ ဂိုးသြင္းယူထားပါတယ္။

ဒါေပမယ့္လည္း ေဘာလုံးခရီးသည္တစ္ဦးအျဖစ္တင္စားခံထားရတဲ့

မိုဗစ္ ဟာေခတ္သစ္ေဘာလုံးေလာကနဲ႔ကိုက္ညီတဲ့

သူ႔ရဲ႕ခႏၶာကိုယ္နဲ႔ စိတ္ေဆာင္ေနသေ႐ြ႕ ေဘာလုံးဆက္ကစားဖို႔

ရည္႐ြယ္ ထားေၾကာင္းေျပာၾကားခဲ့ပါတယ္။

သူက” အနားယူမယ့္အေၾကာင္းေတြးလိုက္ရင္

ကြၽန္ေတာ္နည္းနည္းေတာ့ေၾကာက္လာတယ္ဗ်။

ဒီလိုေၾကာက္ရတာကလည္း ပရိသတ္ေတြအတြက္ပါ။

ကြၽန္ေတာ္နားလိုက္ရင္သူတို႔ေတြ ကြၽန္ေတာ့္ေျခစြမ္းကို

ဆက္ၿပီးျမင္ေတြ႕ရေတာ့မွာမဟုတ္ဘူးေလ ဗ်ာ။

ဒါေၾကာင့္တတ္ႏိုင္သေလာက္အေျခအေနေပးတဲ့အထိေဘာလုံးဆက္ကစားမွာပါ။

ကစားသမားဘဝကို ေနာင္တေတြမ ရွိဘဲအဆုံးသတ္ခ်င္လို႔

အျမင့္ဆုံးအဆင့္မွာကစားႏိုင္တယ္လို႔

ထင္ေနသေ႐ြ႕ဆက္ကစားမွာပါ” လို႔ေျပာသြားပါတယ္။

မိုဗစ္ ဟာ သူ႔ရဲ႕ခြန္အားအျပည့္သုံးတဲ့ကစားဟန္၊ ေျခစြမ္းပုံမွန္ထိန္းထားႏိုင္မႈ၊

ေဖ်ာ္ေျဖမႈေပးတဲ့ပုံစံေတြေၾကာင့္ ပရိသတ္ေတြႏွစ္ သက္ၾကသလို

တစ္ခါတေလမွာလည္း အျငင္းပြားစရာေတြျပဳလုပ္တတ္သူအျဖစ္ နာမည္ဆိုးထြက္တဲ့သူပါ။

မိုဗစ္ဟာ ကြင္းအတြင္းမွာ လူကာကူလို၊ ဂ်ိဳေယးဘာတန္ တို႔လို

ၿပိဳင္ဘက္ေတြနဲ႔ ျပႆနာတက္ခဲ့ဘူးသလို ဗန္ဒါဗတ္နဲ႔ အို ႏူအိုဟာ တို႔လို

ကစားေဖာ္ေတြနဲ႔လည္း အေျခအတင္ျဖစ္ခဲ့ေသးသူပါ။

သူဟာလက္ရွိမွာ ဆြီဒင္လက္ေ႐ြးစင္အသင္းအတြက္ ေ႐ြးခ်ယ္ခံထားရၿပီး

သူ႔ကစားေဖာ္သစ္ျဖစ္လာမယ့္ မန္ယူလူငယ္ေျခတက္ အီလန္ဂါနဲ႔ အတူ

တြဲကစားရမွာကို စိတ္လႈပ္ရွား ေနတယ္လို႔လည္းဆိုပါတယ္။

သူဟာ အီလန္ဂါထက္အသက္ ၂၁ ႏွစ္ႀကီးသူျဖစ္ၿပီး

ဒီလူငယ္ရဲ႕ေျခစြမ္းကိုေသခ်ာျမင္ေတြ႕ လိုေနတယ္လို႔လည္း ေျပာသြားပါတယ္။