နေမာက PSG အသင်းကို ဖျက်ဆီးနေတဲ့သူလို့ ဘောလုံးဂျာနယ်လစ်ဒန်နီရယ်ရီအိုလို ပြောကြား

ပီအက်စ်ဂျီလေ့ကျင့်ရေးကွင်းကို အရက်မူးမူးနဲ့ရောက်လာတာလို့

နေမာတစ်ယောက် စွပ်စွဲခံနေရပြီး သူဟာ ကလပ်ကို

ထိခိုက်အောင်လုပ်နေတာလို့လည်း အပြောခံလိုက်ရပါတယ်။

ချန်ပီယံလိဂ်က ထွက်ခဲ့ရသလို ပြီးခဲ့တဲ့အပတ် မိုနာကိုနဲ့ပွဲမှာလည်း

၃ ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးခဲ့ပြီးနောက် ပီအက်စ်ဂျီရဲ့အကျပ်အတည်းမှာ

နေမာဟာ ပြင်းထန်တဲ့ဝေဖန်မှုနဲ့ရင်ဆိုင်နေရတာပါ။

သူဟာ အဲဒီအရင် ဘော်ဒိုးနဲ့ပွဲတုန်းကလည်း ဂိုးသွင်းနိုင်ခဲ့တာတောင်

ကိုယ့်အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခုလည်း ဘောလုံးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဒန်နီရယ်ရီအိုလိုက

အဲဒီဘရာဇီးစူပါစတားကို စွပ်စွဲမှုတွေလုပ်လိုက်တာပါ။

နေမာဟာ ကြိုးကြိုးစားစားလေ့ကျင့်လေ့မရှိသလို

ပီအက်စ်ဂျီလေ့ကျင့်ရေးကွင်းကိုလည်း အရက်မူးမူးနဲ့ ရောက်လာတာဖြစ်ကြောင်း

ရီအိုလိုက နာမည်ကြီးပြင်သစ်အားကစားရေဒီယိုတစ်ခုဖြစ်တဲ့ RMC Sport ကို ပြောခဲ့ပါတယ်။

”နေမာက ကြိုးကြီုးစားစားလေ့ကျင့်တာ မရှိတော့ဘူး။

လေ့ကျင့်ရေးကွင်းကိုရောက်လာရင်လည်း အရက်မူးလုနီးပါးပုံစံနဲ့ပါ။

နေမာရဲ့အဲဒီပုံစံက ပီအက်စ်ဂျီကို လက်စားချေသလို ဖြစ်နေပါတယ်”လို့ ရီအိုလိုက ပြောခဲ့တာပါ။

ဒါ့အပြင် ရီအိုလိုက အသက် ၃၀ အရွယ် အဲဒီဘရာဇီးသားဟာ

ကလပ်ကို များစွာထိခိုက်အောင်လုပ်နေကြောင်းလည်း ဆိုပါတယ်။

”ပီအက်စ်ဂျီပရိသတ်တွေက သူ့ရဲ့နောက်တီးနောက်တောက်မူဟန်တွေ

ဒါမှဟုတ် Netflix က သူ့အကြောင်းမှတ်တမ်းရုပ်ရှင်ကို ဂရုတောင်မစိုက်ပါဘူး။

သူ့ကို ကျွန်တော်တို့ သွားခွင့်ပြုရတော့မှာပါ။

သူဟာ ကလပ်ကို အများကြီးဆိုးရွားတာတွေလုပ်ခဲ့ပါတယ်။

ပီအက်စ်ဂျီကို ဖျက်ဆီးနေတဲ့သူ့ကို သွားခွင့်ပြုရမှာပါ”လို့

ရီအိုလိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ နေမာဟာ ပြိုင်ပွဲအရပ်ရပ် ၅ ဂိုးသာသွင်းထားလို့

၂၀၁၇ မှာ ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ရောက်လာပြီးနောက်ပိုင်း

အဆိုးရွားဆုံးရာသီနဲ့ ကြုံတွေ့နေရတာပါ။

သူ့စာချုပ်က ၂၀၂၅ ထိရှိပေမယ့် ပီအက်စ်ဂျီက အသင်းက ရောင်းထုတ်ဖို့

ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

zawgyi

ေနမာက PSG အသင္းကို ဖ်က္ဆီးေနတဲ့သူလို႔ ေဘာလုံးဂ်ာနယ္လစ္ဒန္နီရယ္ရီအိုလို ေျပာၾကား

ပီအက္စ္ဂ်ီေလ့က်င့္ေရးကြင္းကို အရက္မူးမူးနဲ႔ေရာက္လာတာလို႔

ေနမာတစ္ေယာက္ စြပ္စြဲခံေနရၿပီး သူဟာ ကလပ္ကို

ထိခိုက္ေအာင္လုပ္ေနတာလို႔လည္း အေျပာခံလိုက္ရပါတယ္။

ခ်န္ပီယံလိဂ္က ထြက္ခဲ့ရသလို ၿပီးခဲ့တဲ့အပတ္ မိုနာကိုနဲ႔ပြဲမွာလည္း

၃ ဂိုးျပတ္နဲ႔ အရွက္တကြဲရႈံးခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီရဲ႕အက်ပ္အတည္းမွာ

ေနမာဟာ ျပင္းထန္တဲ့ေဝဖန္မႈနဲ႔ရင္ဆိုင္ေနရတာပါ။

သူဟာ အဲဒီအရင္ ေဘာ္ဒိုးနဲ႔ပြဲတုန္းကလည္း ဂိုးသြင္းႏိုင္ခဲ့တာေတာင္

ကိုယ့္အသင္းပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

အခုလည္း ေဘာလုံးဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့ ဒန္နီရယ္ရီအိုလိုက

အဲဒီဘရာဇီးစူပါစတားကို စြပ္စြဲမႈေတြလုပ္လိုက္တာပါ။

ေနမာဟာ ႀကိဳးႀကိဳးစားစားေလ့က်င့္ေလ့မရွိသလို

ပီအက္စ္ဂ်ီေလ့က်င့္ေရးကြင္းကိုလည္း အရက္မူးမူးနဲ႔ ေရာက္လာတာျဖစ္ေၾကာင္း

ရီအိုလိုက နာမည္ႀကီးျပင္သစ္အားကစားေရဒီယိုတစ္ခုျဖစ္တဲ့ RMC Sport ကို ေျပာခဲ့ပါတယ္။

”ေနမာက ႀကိဳးႀကီဳးစားစားေလ့က်င့္တာ မရွိေတာ့ဘူး။

ေလ့က်င့္ေရးကြင္းကိုေရာက္လာရင္လည္း အရက္မူးလုနီးပါးပုံစံနဲ႔ပါ။

ေနမာရဲ႕အဲဒီပုံစံက ပီအက္စ္ဂ်ီကို လက္စားေခ်သလို ျဖစ္ေနပါတယ္”လို႔ ရီအိုလိုက ေျပာခဲ့တာပါ။

ဒါ့အျပင္ ရီအိုလိုက အသက္ ၃၀ အ႐ြယ္ အဲဒီဘရာဇီးသားဟာ

ကလပ္ကို မ်ားစြာထိခိုက္ေအာင္လုပ္ေနေၾကာင္းလည္း ဆိုပါတယ္။

”ပီအက္စ္ဂ်ီပရိသတ္ေတြက သူ႔ရဲ႕ေနာက္တီးေနာက္ေတာက္မူဟန္ေတြ

ဒါမွဟုတ္ Netflix က သူ႔အေၾကာင္းမွတ္တမ္း႐ုပ္ရွင္ကို ဂ႐ုေတာင္မစိုက္ပါဘူး။

သူ႔ကို ကြၽန္ေတာ္တို႔ သြားခြင့္ျပဳရေတာ့မွာပါ။

သူဟာ ကလပ္ကို အမ်ားႀကီးဆိုး႐ြားတာေတြလုပ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီကို ဖ်က္ဆီးေနတဲ့သူ႔ကို သြားခြင့္ျပဳရမွာပါ”လို႔

ရီအိုလိုက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဒီရာသီမွာ ေနမာဟာ ၿပိဳင္ပြဲအရပ္ရပ္ ၅ ဂိုးသာသြင္းထားလို႔

၂၀၁၇ မွာ ဘာစီလိုနာကေန ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ ေရာက္လာၿပီးေနာက္ပိုင္း

အဆိုး႐ြားဆုံးရာသီနဲ႔ ႀကဳံေတြ႕ေနရတာပါ။

သူ႔စာခ်ဳပ္က ၂၀၂၅ ထိရွိေပမယ့္ ပီအက္စ္ဂ်ီက အသင္းက ေရာင္းထုတ္ဖို႔

ဆႏၵရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။