နိုဝင်ဘာလအတွက်မန်ယူအကောင်းဆုံးဆုကို ဘယ်သူရသွားတာလဲ?

မန်ယူအသင်းပရိသတ်တွေက မဲပေးရွေးချယ်တဲ့တစ်လတာအကောင်းဆုံး ကစားသမားဆုကို စပိန်ဂိုးသမားဒေးဗစ်ဒီဂီယာ ကရရှိသွားခဲ့ပါတယ်။

နိုဝင်ဘာလအတွက်ရွေးချယ်မှုမှာ ဒီဂီယာဟာ ဆန်ချိုနဲ့ စီရော်နယ်ဒို တို့ကိုကျော်ဖြတ်ပြီး အကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရတာပါ။

ပရိသတ်တွေရဲ့မဲပေးမှုမှာ ပြီးခဲ့တဲ့ ၂ လဆက်တိုက်ဆုရခဲ့တဲ့ စီရော်နယ်ဒိုဟာ ဒုတိယနေရာမှာသာရှိခဲ့ပြီး တတိယနေရာမှာတော့ ဆန်ချိုရပ်တည်ခဲ့ပါတယ်။

ဆန်ချိုဟာပြီးခဲ့တဲ့နိုဝင်ဘာနှောင်းပိုင်းမှာ မန်ယူအတွက်ခြေစွမ်းပြပြီး ဗီလာရီးရဲလ်၊ ချဲလ်ဆီးတို့နဲ့ပွဲတွေမှာ တစ်ဂိုးစီသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူအသင်းမကြာသေးခင်က ရလဒ်တွေတိုးတက်ခဲ့ရာမှာရော၊ ရလဒ်ပိုင်းဆိုးရွားနေတုန်းမှာပါ လက်စွမ်းပြနိုင်ခဲ့တဲ့ ဒီဂီယာ ကသာအကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရတာပါ။

ဒီစပိန်သားဟာ ကလပ်ရဲ့တစ်ဦးချင်းအကောင်းဆုံးဆုကို ၂၀၁၈ ဖေဖေါ်ဝါရီလကနောက်ဆုံးရရှိခဲ့တာဖြစ်လို့ ၃ နှစ်နဲ့ ၁၀ လကြာပြီးမှ ဆုကိုပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂီယာဟာ မန်စီးတီးကိုရှုံးခဲ့တဲ့ပွဲရဲ့ ပထမပိုင်းမှာလက်စွမ်းပြကာကွယ်မှုတွေလုပ်နိုင်ခဲ့သလိုဝက်ဖို့ဒ်ကို ၄-၁ နဲ့ရှုံးခဲ့တော့လည်း အစ္စမေးလ်ဆာ ရဲ့ပင်နယ်တီကန်သွင်းမှု(ပြန်ကန်ရမှုနဲ့ပါဆိုရင် ၂ ကြိမ်) တွေကိုပါကာကွယ်နိုင်ခဲ့တာပါ။

အထူးသဖြင့် ဗီလာရီးရဲလ်ကို ၂-၀ နဲ့နိုင်ခဲ့တဲ့အဝေးကွင်းချန်ပီယံလိဂ်ပွဲမှာဆိုရင် ဒီဂီယာရဲ့ကာကွယ်မှုတွေက မန်ယူနိုင်ပွဲရရှိခြင်းမှာ အဓိကကျခဲ့ပြီး ပြိုင်ဘက်ကစားသမား ထရီဂူရို့စ်ရဲ့ အပိုင်ကန်သွင်းချက် ၂ ကြိမ်ကိုမယုံနိုင်လောက်အောင် ကာကွယ်နိုင်ခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် မန်ယူလည်းချန်ပီယံလိဂ်မှာနောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရရှိသွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ၁-၁ သရေကျတဲ့ပွဲမှာလည်းသူကဘဲ အရေးပါခဲ့ပြီး အဲဒီပွဲရဲ့နည်းပြ ကာရစ်က ဒီဂီယာရဲ့ အစောပိုင်းကာကွယ်မှုတွေသာမကောင်းခဲ့ရင် မန်ယူအနေနဲ့သရေကျခဲ့မှာမဟုတ်ဘူးလို့ ဆိုခဲ့တဲ့အထိပါဘဲ။

ဒါကြောင့်လည်း ဒီဂီယာဟာ တစ်လတာအကောင်းဆုံးဆုကို ထိုက်တန်စွာနဲ့ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ မန်ယူရဲ့တစ်လတာအကောင်းဆုံးဆုတွေကို ရရှိခဲ့သူတွေကတော့ ဩဂုတ်လအတွက် ဂရင်းဝုဒ်၊ စက်တင်ဘာနဲ့ အောက်တိုဘာအတွက် စီရော်နယ်ဒို တို့ဆွတ်ခူးခဲ့ကြပြီးဖြစ်ပါတယ်။

zawgyi

ႏိုဝင္ဘာလအတြက္မန္ယူအေကာင္းဆုံးဆုကို ဘယ္သူရသြားတာလဲ?

မန္ယူအသင္းပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္တဲ့တစ္လတာအေကာင္းဆုံး ကစားသမားဆုကို စပိန္ဂိုးသမားေဒးဗစ္ဒီဂီယာ ကရရွိသြားခဲ့ပါတယ္။

ႏိုဝင္ဘာလအတြက္ေ႐ြးခ်ယ္မႈမွာ ဒီဂီယာဟာ ဆန္ခ်ိဳနဲ႔ စီေရာ္နယ္ဒို တို႔ကိုေက်ာ္ျဖတ္ၿပီး အေကာင္းဆုံးအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရတာပါ။ ပရိသတ္ေတြရဲ႕မဲေပးမႈမွာ ၿပီးခဲ့တဲ့ ၂ လဆက္တိုက္ဆုရခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ဒုတိယေနရာမွာသာရွိခဲ့ၿပီး တတိယေနရာမွာေတာ့ ဆန္ခ်ိဳရပ္တည္ခဲ့ပါတယ္။

ဆန္ခ်ိဳဟာၿပီးခဲ့တဲ့ႏိုဝင္ဘာေႏွာင္းပိုင္းမွာ မန္ယူအတြက္ေျခစြမ္းျပၿပီး ဗီလာရီးရဲလ္၊ ခ်ဲလ္ဆီးတို႔နဲ႔ပြဲေတြမွာ တစ္ဂိုးစီသြင္းႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မန္ယူအသင္းမၾကာေသးခင္က ရလဒ္ေတြတိုးတက္ခဲ့ရာမွာေရာ၊ ရလဒ္ပိုင္းဆိုး႐ြားေနတုန္းမွာပါ လက္စြမ္းျပႏိုင္ခဲ့တဲ့ ဒီဂီယာ ကသာအေကာင္းဆုံးအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရတာပါ။

ဒီစပိန္သားဟာ ကလပ္ရဲ႕တစ္ဦးခ်င္းအေကာင္းဆုံးဆုကို ၂၀၁၈ ေဖေဖၚဝါရီလကေနာက္ဆုံးရရွိခဲ့တာျဖစ္လို႔ ၃ ႏွစ္နဲ႔ ၁၀ လၾကာၿပီးမွ ဆုကိုျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂီယာဟာ မန္စီးတီးကိုရႈံးခဲ့တဲ့ပြဲရဲ႕ ပထမပိုင္းမွာလက္စြမ္းျပကာကြယ္မႈေတြလုပ္ႏိုင္ခဲ့သလိုဝက္ဖို႔ဒ္ကို ၄-၁ နဲ႔ရႈံးခဲ့ေတာ့လည္း အစၥေမးလ္ဆာ ရဲ႕ပင္နယ္တီကန္သြင္းမႈ(ျပန္ကန္ရမႈနဲ႔ပါဆိုရင္ ၂ ႀကိမ္) ေတြကိုပါကာကြယ္ႏိုင္ခဲ့တာပါ။

အထူးသျဖင့္ ဗီလာရီးရဲလ္ကို ၂-၀ နဲ႔ႏိုင္ခဲ့တဲ့အေဝးကြင္းခ်န္ပီယံလိဂ္ပြဲမွာဆိုရင္ ဒီဂီယာရဲ႕ကာကြယ္မႈေတြက မန္ယူႏိုင္ပြဲရရွိျခင္းမွာ အဓိကက်ခဲ့ၿပီး ၿပိဳင္ဘက္ကစားသမား ထရီဂူ႐ို႕စ္ရဲ႕ အပိုင္ကန္သြင္းခ်က္ ၂ ႀကိမ္ကိုမယုံႏိုင္ေလာက္ေအာင္ ကာကြယ္ႏိုင္ခဲ့တာပါ။

ဒီႏိုင္ပြဲေၾကာင့္ မန္ယူလည္းခ်န္ပီယံလိဂ္မွာေနာက္တစ္ဆင့္ကိုတက္ေရာက္ခြင့္ရရွိသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔ ၁-၁ သေရက်တဲ့ပြဲမွာလည္းသူကဘဲ အေရးပါခဲ့ၿပီး အဲဒီပြဲရဲ႕နည္းျပ ကာရစ္က ဒီဂီယာရဲ႕ အေစာပိုင္းကာကြယ္မႈေတြသာမေကာင္းခဲ့ရင္ မန္ယူအေနနဲ႔သေရက်ခဲ့မွာမဟုတ္ဘူးလို႔ ဆိုခဲ့တဲ့အထိပါဘဲ။

ဒါေၾကာင့္လည္း ဒီဂီယာဟာ တစ္လတာအေကာင္းဆုံးဆုကို ထိုက္တန္စြာနဲ႔ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ မန္ယူရဲ႕တစ္လတာအေကာင္းဆုံးဆုေတြကို ရရွိခဲ့သူေတြကေတာ့ ဩဂုတ္လအတြက္ ဂရင္းဝုဒ္၊ စက္တင္ဘာနဲ႔ ေအာက္တိုဘာအတြက္ စီေရာ္နယ္ဒို တို႔ဆြတ္ခူးခဲ့ၾကၿပီးျဖစ္ပါတယ္။