ဂျာမနီတိုက်စစ်မှူး ဝါနာက ဂျာမန်လက်ရွေးစင်အသင်းတွင် ကစားရတာဟာ
ချဲလ်ဆီးအသင်းမှာ ကစားရတာထက် ပိုပြီး နှစ်သက်စရာကောင်းကြောင်း ပြောဆိုလာပါတယ်။
ဝါနာဟာနိုင်ငံအတွက် ၄၈ ပွဲ ကစားရာတွင် ၂၂ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပါပြီ။
ဝါနာဟာလက်ရှိဘောလုံးရာသီတွင် ချဲလ်ဆီးအတွက်
၂၈ ပွဲကစားရာ ၇ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
တီမိုဝါနာက”ကျွန်တော်ကတိုက်စစ်မှူးဆိုတော့ ဂိုးအမြဲသွင်းချင်တယ်။
ချဲလ်ဆီးမှာတော့ ကျွန်တော်ထင်သလိုမဖြစ်လာဘူး။
နည်းပြဟန်စီဖလစ်ခ်လက်အောက်မှာတော့ ကစားရတာပိုကောင်းတယ်”
”ကျွန်တော်ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ
ဘောလုံးကိုကျွန်တော်ချစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့
ဂျာမနီအသင်းကြားမှာ ကွာခြားမှုတွေတော့ရှိတာပေါ့”
”ကျွန်တော်ကနိုင်ငံအသင်းနဲ့ ပိုအံဝင်တဲ့ကစားသမားဖြစ်နေလို့နေမှာပေါ့။
ဒီမှာဆိုကျွန်တော် ဂိုးသွင်းခွင့်တွေလည်းရတယ်။ ဂိုးလည်းပိုသွင်းနိုင်တယ်။
ပိုလည်းသက်တောင့်သက်သာရှိတယ်” လို့ပြောပါတယ်။
zawgyi
နိုင်ငံအသင်းနဲ့ ပိုအံဝင်တဲ့ကစားသမားဖြစ်တယ်လို့ဆိုတဲ့ ဝါနာ