နိုင်ငံအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ကစားခွင့်ရအောင် အားထုတ်သွားမယ်လို့ စီရော်နယ်ဒို ကြွေးကြော်

ပေါ်တူဂီဟာ play-off ပွဲစဉ်အဖြစ် မတ်လ ၂၅ ရက်နေ့မှာ တူရကီနဲ့

ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် ပြင်ဆင်လေ့ကျင့်နေပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုက နိုင်ငံအသင်းကို

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ကစားခွင့်ရအောင် အားထုတ်သွားမယ်လို့

သူ့ရဲ့လူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုက “၂၀၂၂ ကမ္ဘာ့ဖလားကို အာရုံအပြည့်အဝစိုက်ထားပါတယ်။

ပေါ်တူဂီကို ကိုယ်စားပြုကစားရတာ အမြဲတမ်းဂုဏ်ယူစရာပါ။

မလွယ်ကူဘူးဆိုတာကို ကျွန်တော်တို့ သိထားပြီး ရင်ဆိုင်ရမယ့် ပြိုင်ဘက်ကလည်း

ကျွန်တော်တို့နဲ့ ရည်မှန်းချက်တူညီတဲ့အသင်းဖြစ်နေပါတယ်၊

သူတို့အပေါ် ကျွန်တော်တို့ လေးစားမှုရှိပါတယ်၊

ဒါပေမယ့် ပေါ်တူဂီကို ကျွန်တော်တို့ရဲ့ နေရာမှန်ဆီ

ပို့ပေးဖို့အတွက် တိုက်ပွဲဝင်သွားမှာပါ။ လုပ်လိုက်ကြရအောင်” လို့

သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပြီး အသင်းဖော်တွေကို လှုံ့ဆော်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်နဲ့အတူ ကမ္ဘာ့ဖလား (၄) ကြိမ်

ဆင်နွှဲခဲ့ဖူးပေမယ့် (၂၀၀၆) ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ် ရောက်ရှိခဲ့တာကသာ

ကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုအတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

ယူရို (၂၀၁၆) ဆုဖလားကို ဆွတ်ခူးထားတဲ့ ရော်နယ်ဒိုဟာ

ကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို

မျှော်လင့်နေပေမယ့် ဒီတစ်နှစ်မှာတော့

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့အတွက်တောင် မရေမရာဖြစ်နေခဲ့တာပါ။

zawgyi

ႏိုင္ငံအသင္းကို ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေရာက္ကစားခြင့္ရေအာင္ အားထုတ္သြားမယ္လို႔ စီေရာ္နယ္ဒို ေႂကြးေၾကာ္

ေပၚတူဂီဟာ play-off ပြဲစဥ္အျဖစ္ မတ္လ ၂၅ ရက္ေန႔မွာ တူရကီနဲ႔

ကစားသြားရမွာျဖစ္ၿပီး အဆိုပါပြဲစဥ္အတြက္ ျပင္ဆင္ေလ့က်င့္ေနၿပီျဖစ္ပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ေရာ္နယ္ဒိုက ႏိုင္ငံအသင္းကို

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေရာက္ကစားခြင့္ရေအာင္ အားထုတ္သြားမယ္လို႔

သူ႔ရဲ႕လူမႈကြန္ရက္ကတစ္ဆင့္ ေျပာဆိုလိုက္ပါတယ္။

ေရာ္နယ္ဒိုက “၂၀၂၂ ကမာၻ႔ဖလားကို အာ႐ုံအျပည့္အဝစိုက္ထားပါတယ္။

ေပၚတူဂီကို ကိုယ္စားျပဳကစားရတာ အၿမဲတမ္းဂုဏ္ယူစရာပါ။

မလြယ္ကူဘူးဆိုတာကို ကြၽန္ေတာ္တို႔ သိထားၿပီး ရင္ဆိုင္ရမယ့္ ၿပိဳင္ဘက္ကလည္း

ကြၽန္ေတာ္တို႔နဲ႔ ရည္မွန္းခ်က္တူညီတဲ့အသင္းျဖစ္ေနပါတယ္၊

သူတို႔အေပၚ ကြၽန္ေတာ္တို႔ ေလးစားမႈရွိပါတယ္၊

ဒါေပမယ့္ ေပၚတူဂီကို ကြၽန္ေတာ္တို႔ရဲ႕ ေနရာမွန္ဆီ

ပို႔ေပးဖို႔အတြက္ တိုက္ပြဲဝင္သြားမွာပါ။ လုပ္လိုက္ၾကရေအာင္” လို႔

သူ႔ရဲ႕လူမႈကြန္ရက္မွာ ေရးသားၿပီး အသင္းေဖာ္ေတြကို လႈံ႕ေဆာ္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ေပၚတူဂီလက္ေ႐ြးစင္နဲ႔အတူ ကမာၻ႔ဖလား (၄) ႀကိမ္

ဆင္ႏႊဲခဲ့ဖူးေပမယ့္ (၂၀၀၆) ကမာၻ႔ဖလားတုန္းက ဆီမီးဖိုင္နယ္ ေရာက္ရွိခဲ့တာကသာ

ကမာၻ႔ဖလားမွာ ေရာ္နယ္ဒိုအတြက္ အျမင့္ဆုံးေအာင္ျမင္မႈျဖစ္ခဲ့ပါတယ္။

ယူ႐ို (၂၀၁၆) ဆုဖလားကို ဆြတ္ခူးထားတဲ့ ေရာ္နယ္ဒိုဟာ

ကမာၻ႔ဖလားမွာလည္း ေပၚတူဂီနဲ႔အတူ ႀကီးမားတဲ့ ေအာင္ျမင္မႈတစ္ခုကို

ေမွ်ာ္လင့္ေနေပမယ့္ ဒီတစ္ႏွစ္မွာေတာ့

ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔အတြက္ေတာင္ မေရမရာျဖစ္ေနခဲ့တာပါ။