
ဘာစီလိုနာနည်းပြအနေနဲ့ ဆန်တီယာဂို ဘာနေဗျူးကို ပထမဆုံးအကြိမ် သွ
ားရောက်ယှဥ်ပြိုင်ရတဲ့ ပွဲစဥ်မှာပဲ ဇာဗီက ရီးရဲမက်ဒရစ်ကို ( ၄-၀ ) ရလာဒ်နဲ့
အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဥ်အပြီးမှာ သူက လုံးဝ ပျော်ရွှင်နေပြီး “ ဒီနိုင်ပွဲက ဘာစီလိုနာအတွက်
အရမ်းကို အဓိပ္ပာယ်ရှိတာကြောင့် ကျွန်တော် အတော်လေး ပျော်မိပါတယ်။
ဒါက အသင်းရဲ့ အနာဂတ်ကိုတောင် ပြောင်းလဲပေးနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
“ ကျွန်တော်တို့က မက်ဒရစ်ရဲ့ ကွင်းလယ်နောက်ကို
အသားပေးကစားခဲ့ပါတယ်။ သတ္တိရှိရှိ ကစားခဲ့ပါတယ်။
ကစားသမားတွေကို မက်ဒရစ်မျှော်လင့်နေတဲ့
ရူးကြောင်ကြောင် ဘောလုံးဆုံးရှံုးမှုတွေ မပြုလုပ်ဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။”
“ ကျွန်တော်တို့က ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။
high press လုပ်ပြီး သူတို့ကွင်းဘက်ခြမ်းမှာ ဘောလုံးပြန်ယူနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့က ပိုကောင်းခဲ့ပြီး သွင်းဂိုးတွေ ပိုရယူနိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်။”
“ ဒါက ကျွန်ေတာ်တို့အတွက် လိုက်နာရမယ့် လမ်းကြောင်း ၊
ယှဥ်ပြိုင်ဖို့အတွက် အကောင်းဆုံး ကစားဟန်ဖြစ်ပါတယ်။
ကစားသမားတွေကလည်း သူတို့ကိုယ်သူတို့ ကျေနပ်နေကြပါတယ်။
ကျွန်တော်တို့က အဝတ်လဲခန်းထဲမှာ မိသားစုတစ်ခုဖြစ်နေပါပြီ။”
ဇာဗီက ဒါဟာ အနိုင် ( ၃ ) မှတ်သာဖြစ်ပြီး အမှတ်ပေးချန်ပီယံဆု
မဟုတ်ကေြာင်း ဝန်ခံခဲ့ပေမယ့် အက်ကလက်စီကို နိုင်ပွဲက သူတို့အတွက်
များစွာအဓိပ္ပာယ်ရှိတယ်ဆိုတာ နားလည်ထားပြီးသားဖြစ်ပါတယ်။
“ ကျွန်တော် အရမ်းပဲ ဂုဏ်ယူ ပျော်ရွှင်မိပါတယ်။ သာယာဖွယ် နေ့တစ်နေ့ပါ ။
တစ်ကယ် ခမ်းနားပါတယ်။ ဘာကာ ပြန်လာပါပြီ။
မကြာသေးမီက ကာလတွေမှာ ကျွန်တော်တို့အတွက် ပျော်စရာတွေ သိမရှိခဲ့ပါဘူး ။
နည်းပြတစ်ယောက်အနေနဲ့ရော ၊ ပရိသတ်တစ်ဦးအနေနဲ့ပါ ဒီနိုင်ပွဲကို အောင်ပွဲခံသွားမှာပါ ။”
လာလီဂါပြိုင်ပွဲ ပြီးဆုံးဖို့ ( ၉ ) ပွဲသာ လိုေတာ့ချိန် တစ်ပွဲလျော့ ကစားထားတဲ့
ဘာစီလိုနာအသင်းက အမှတ်ေပးဇယားထိပ်က
ရီးရဲမက်ဒရစ်အောက် ( ၁၂ ) မှတ် လျော့နည်းလျက်ရှိပါတယ်။
zawgyi
နည္းျပတစ္ေယာက္အေနနဲ႔ေရာ ၊ ပရိသတ္တစ္ဦးအေနနဲ႔ပါ ဒီႏိုင္ပြဲကို ေအာင္ပြဲခံသြားမွာပါ – ဇာဗီ ။
ဘာစီလိုနာနည္းျပအေနနဲ႔ ဆန္တီယာဂို ဘာေနဗ်ဴးကို ပထမဆုံးအႀကိမ္ သြ
ားေရာက္ယွဥ္ၿပိဳင္ရတဲ့ ပြဲစဥ္မွာပဲ ဇာဗီက ရီးရဲမက္ဒရစ္ကို ( ၄-၀ ) ရလာဒ္နဲ႔
အႏိုင္ရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
အဆိုပါ ပြဲစဥ္အၿပီးမွာ သူက လုံးဝ ေပ်ာ္႐ႊင္ေနၿပီး “ ဒီႏိုင္ပြဲက ဘာစီလိုနာအတြက္
အရမ္းကို အဓိပၸာယ္ရွိတာေၾကာင့္ ကြၽန္ေတာ္ အေတာ္ေလး ေပ်ာ္မိပါတယ္။
ဒါက အသင္းရဲ႕ အနာဂတ္ကိုေတာင္ ေျပာင္းလဲေပးႏိုင္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။
“ ကြၽန္ေတာ္တို႔က မက္ဒရစ္ရဲ႕ ကြင္းလယ္ေနာက္ကို
အသားေပးကစားခဲ့ပါတယ္။ သတၱိရွိရွိ ကစားခဲ့ပါတယ္။
ကစားသမားေတြကို မက္ဒရစ္ေမွ်ာ္လင့္ေနတဲ့
႐ူးေၾကာင္ေၾကာင္ ေဘာလုံးဆုံးရွံုးမႈေတြ မျပဳလုပ္ဖို႔ ကြၽန္ေတာ္ ေတာင္းဆိုခဲ့ပါတယ္။”
“ ကြၽန္ေတာ္တို႔က ပြဲကို ထိန္းခ်ဳပ္ ကစားႏိုင္ခဲ့ပါတယ္။
high press လုပ္ၿပီး သူတို႔ကြင္းဘက္ျခမ္းမွာ ေဘာလုံးျပန္ယူႏိုင္ခဲ့ပါတယ္။
ကြၽန္ေတာ္တို႔က ပိုေကာင္းခဲ့ၿပီး သြင္းဂိုးေတြ ပိုရယူႏိုင္ခဲ့သင့္တယ္လို႔ ထင္ပါတယ္။”
“ ဒါက ကြၽန္ေတာ္တို႔အတြက္ လိုက္နာရမယ့္ လမ္းေၾကာင္း ၊
ယွဥ္ၿပိဳင္ဖို႔အတြက္ အေကာင္းဆုံး ကစားဟန္ျဖစ္ပါတယ္။
ကစားသမားေတြကလည္း သူတို႔ကိုယ္သူတို႔ ေက်နပ္ေနၾကပါတယ္။
ကြၽန္ေတာ္တို႔က အဝတ္လဲခန္းထဲမွာ မိသားစုတစ္ခုျဖစ္ေနပါၿပီ။”
ဇာဗီက ဒါဟာ အႏိုင္ ( ၃ ) မွတ္သာျဖစ္ၿပီး အမွတ္ေပးခ်န္ပီယံဆု
မဟုတ္ေၾကာင္း ဝန္ခံခဲ့ေပမယ့္ အက္ကလက္စီကို ႏိုင္ပြဲက သူတို႔အတြက္
မ်ားစြာအဓိပၸာယ္ရွိတယ္ဆိုတာ နားလည္ထားၿပီးသားျဖစ္ပါတယ္။
“ ကြၽန္ေတာ္ အရမ္းပဲ ဂုဏ္ယူ ေပ်ာ္႐ႊင္မိပါတယ္။ သာယာဖြယ္ ေန႔တစ္ေန႔ပါ ။
တစ္ကယ္ ခမ္းနားပါတယ္။ ဘာကာ ျပန္လာပါၿပီ။
မၾကာေသးမီက ကာလေတြမွာ ကြၽန္ေတာ္တို႔အတြက္ ေပ်ာ္စရာေတြ သိမရွိခဲ့ပါဘူး ။
နည္းျပတစ္ေယာက္အေနနဲ႔ေရာ ၊ ပရိသတ္တစ္ဦးအေနနဲ႔ပါ ဒီႏိုင္ပြဲကို ေအာင္ပြဲခံသြားမွာပါ ။”
လာလီဂါၿပိဳင္ပြဲ ၿပီးဆုံးဖို႔ ( ၉ ) ပြဲသာ လိုေတာ့ခ်ိန္ တစ္ပြဲေလ်ာ့ ကစားထားတဲ့
ဘာစီလိုနာအသင္းက အမွတ္ေပးဇယားထိပ္က
ရီးရဲမက္ဒရစ္ေအာက္ ( ၁၂ ) မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။