ဒေါ့မွန်အသင်းက ဒီယာလိုကိုခေါ်ယူဖို့အတွက် အလေးအနက်ထားစိတ်ဝင်စားနေ

ဘွန်ဒစ်လီဂါထိပ်သီးဒေ့ါမွန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့

ဆယ်ကျော်သက်လူငယ်တိုက်စစ်ကစားသမား ဒီယာလိုကို

ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့စီစဉ်နေပါတယ်။

အတ္တလန်တာအသင်းကနေ ယူနိုက်တက်အသင်းဆီရောက်ရှိခဲ့တဲ့

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဒီယာလိုဟာ

အရည်အသွေးမြင့်လူငယ်တစ်ဦးအဖြစ်သတ်မှတ်ခံထားရပေမယ့်

ယူနိုက်တက်အသင်းမှာတော့ နာမည်ကျော်စီနီယာတွေရှိနေလို့

ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဒီယာလိုကို ပြီးခဲ့တဲ့နွေရာသီတုန်းက

နယ်သာလန်ကလပ် ဖီယင်နုအသင်းက အငှားနဲ့ခေါ်ယူဖို့နီးစပ်ခဲ့ပမေယ့်

ဒီယာလိုရဲ့ဒဏ်ရာပြဿနာကြောင့် အဆင်မပြေခဲ့ဘဲ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။

အခုအချိန်မှာ ဒေါ့မွန်အသင်းက ဒီယာလိုကိုခေါ်ယူဖို့အတွက်

အလေးအနက်ထားစိတ်ဝင်စားနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမပြီးခင်

အငှားနဲ့ခေါ်ယူဖို့ကြိုးပမ်းသွားမယ်လို့ Sky Sports Germany က ဖော်ပြခဲ့ပါတယ်။

ဒေ့ါမွန်အသင်းဟာ အင်္ဂလန်လူငယ်ကစားသမားဆန်ချိုကို

ထိပ်တန်းအဆင့်ရောက်အောင်ပြုစုပျိုးထောင်ပေးခဲ့တာကြောင့်

ဒီယာလိုသာ ဒေ့ါမွန်အသင်းဆီရောက်သွားမယ်ဆိုရင်

ကစားသမားဘဝအဆင့်တစ်ခု မြင့်တက်ဖို့ရှိနေပါပြီ။

zawgyi

ေဒါ့မြန္အသင္းက ဒီယာလိုကိုေခၚယူဖို႔အတြက္ အေလးအနက္ထားစိတ္ဝင္စားေန

ဘြန္ဒစ္လီဂါထိပ္သီးေဒ့ါမြန္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕

ဆယ္ေက်ာ္သက္လူငယ္တိုက္စစ္ကစားသမား ဒီယာလိုကို

ေခၚယူဖို႔စိတ္ဝင္စားေနၿပီး ကမ္းလွမ္းမႈျပဳလုပ္ဖို႔စီစဥ္ေနပါတယ္။

အတၱလန္တာအသင္းကေန ယူႏိုက္တက္အသင္းဆီေရာက္ရွိခဲ့တဲ့

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကစားသမားဒီယာလိုဟာ

အရည္အေသြးျမင့္လူငယ္တစ္ဦးအျဖစ္သတ္မွတ္ခံထားရေပမယ့္

ယူႏိုက္တက္အသင္းမွာေတာ့ နာမည္ေက်ာ္စီနီယာေတြရွိေနလို႔

ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရတာျဖစ္ပါတယ္။

အသက္(၁၉)ႏွစ္သာရွိေသးတဲ့ ဒီယာလိုကို ၿပီးခဲ့တဲ့ေႏြရာသီတုန္းက

နယ္သာလန္ကလပ္ ဖီယင္ႏုအသင္းက အငွားနဲ႔ေခၚယူဖို႔နီးစပ္ခဲ့ပေမယ့္

ဒီယာလိုရဲ႕ဒဏ္ရာျပႆနာေၾကာင့္ အဆင္မေျပခဲ့ဘဲ အေျပာင္းအေ႐ႊ႕မျဖစ္ေျမာက္ခဲ့ပါဘူး။

အခုအခ်ိန္မွာ ေဒါ့မြန္အသင္းက ဒီယာလိုကိုေခၚယူဖို႔အတြက္

အေလးအနက္ထားစိတ္ဝင္စားေနၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမၿပီးခင္

အငွားနဲ႔ေခၚယူဖို႔ႀကိဳးပမ္းသြားမယ္လို႔ Sky Sports Germany က ေဖာ္ျပခဲ့ပါတယ္။

ေဒ့ါမြန္အသင္းဟာ အဂၤလန္လူငယ္ကစားသမားဆန္ခ်ိဳကို

ထိပ္တန္းအဆင့္ေရာက္ေအာင္ျပဳစုပ်ိဳးေထာင္ေပးခဲ့တာေၾကာင့္

ဒီယာလိုသာ ေဒ့ါမြန္အသင္းဆီေရာက္သြားမယ္ဆိုရင္

ကစားသမားဘဝအဆင့္တစ္ခု ျမင့္တက္ဖို႔ရွိေနပါၿပီ။