
ဒေါ့မွန်ကြယ်ပွင့် နောက်ခံလူတစ်ဦးဖြစ်တဲ့ မန်နျူရယ် အကန်ဂျီဟာ
ဒေါ့မွန်အသင်း၏ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး
ဒေါ့မွန်အသင်းမှ ထွက်ခွာရန် စီစဉ်နေကြောင်း သိရပါတယ်။
အကန်ဂျီ ရဲ့ စာချုပ်ဟာ နောက်နှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့
အလွတ်ပြောင်းရွှေ့ကြေးနဲ့ မထွက်ခွာနိုင်ဖို့ ဂျာမန်ကလပ်က
သူ့ကို ယခုရာသီကုန်မှာဘဲ အပြီးသတ် ရောင်းချဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ မကြာသေးမီလများအတွင်း
အဆိုပါ နောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့်
နွေရာသီမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ်ရှိနေပါတယ်။
သတင်းတွေအရ အဆိုပါ ဒေါ့မွန်ကြယ်ပွင့်ဟာယခုနွေရာသီတွင်
ပြောင်းရွှေ့ကြေး ပေါင်သန်း 20 ဝန်းကျင်ဖြင့်
ယူနိုက်တက်သို့ ပြောင်းရွှေ့နိုင်ကြောင်း သိရပါတယ်။
အကန်ဂျီဟာ ခံစစ်ပိုင်းကို သေချာပိုင်နိုင်စွာ ကစားနိုင်စွမ်း ရှိတာကြောင့်
ယိုယွင်းနေတဲ့ ယူနိုက်တက် ခံစစ်ကြောင်းကို
အားကောင်းအောင်လုပ်ပေးနိုင်မယ်ထင်ပါတယ်။
အကန်ဂျီဟာ နိုင်ငံအသင်းအတွက် နောက်တန်း 3 ယောက်တန်းနေရာတွင်
ကစားခဲ့ပြီး ၎င်း၏ စွမ်းရည်ကောင်းများကို ပြသထားနိုင်ခဲ့ပါတယ်။
zawgyi
ဒေါ့မွန်ကြယ်တစ်ပွင့်ကို ခေါ်ယူဦးမယ့် ယူနိုက်တက်