ထရာအိုရီကို အပြီးသတ်ခေါ်ယူမယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပြီး အငှားစာချုပ်ဖြင့် ဘာစီလိုနာ ခေါ်ယူ

အဒါမာထရာအိုရီဟာယခုရာသီအကုန်အထိ

ဘာစီလိုနာသို့အငှားဖြင့်ပြောင်းရွှေ့လိုက်ပါတယ်။

လာလီဂါကလပ်ဟာထရာအိုရီရဲ့လုပ်ခအပြည့်အဝကိုပေးရမှာဖြစ်ပြီး

သူ့ရဲ့အငှားစာချုပ်အတွင်းမှာပေါင်၂၅သန်းဖြင့်

အပြီးသတ်ခေါ်ယူမယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

အသက်၂၆နှစ်ရှိတောင်ပံတိုက်စစ်သမားဟာ

ဘာစီလိုနာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး

၂၀၁၃ခုနှစ်မှ၂၀၁၅ခုနှစ်အတွင်းတွင်၄ပွဲကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာလွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကဗီလာသို့ပေါင်၇သန်းဖြင့်ပြောင်းခဲ့ပြီး

မစ်ဒယ်ဘရော့တွင်လည်းကစားခဲ့ပါတယ်။

သူဟာ၂၀၁၈ခုနှစ်တွင်ဝုဗ်သို့ရောက်လာပြီးနောက်၁၅၄ပွဲတွင်၁၁ဂိုးသွင်းပေးခဲ့ပါတယ်။

ထရာအိုရီဟာယခုဇန်နဝါရီတွင်စပါးစ်ရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပေမဲ့လည်း

နည်းပြကွန်တီကတောင်ပံနောက်ခံလူအဖြစ်အသုံးပြုလိုမှုကြောင့်

အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပါတယ်။

zawgyi

ထရာအိုရီကို အၿပီးသတ္ေခၚယူမယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားၿပီး အငွားစာခ်ဳပ္ျဖင့္ ဘာစီလိုနာ ေခၚယူ

အဒါမာထရာအိုရီဟာယခုရာသီအကုန္အထိ

ဘာစီလိုနာသို႔အငွားျဖင့္ေျပာင္းေ႐ႊ႕လိုက္ပါတယ္။

လာလီဂါကလပ္ဟာထရာအိုရီရဲ႕လုပ္ခအျပည့္အဝကိုေပးရမွာျဖစ္ၿပီး

သူ႔ရဲ႕အငွားစာခ်ဳပ္အတြင္းမွာေပါင္၂၅သန္းျဖင့္

အၿပီးသတ္ေခၚယူမယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

အသက္၂၆ႏွစ္ရွိေတာင္ပံတိုက္စစ္သမားဟာ

ဘာစီလိုနာအကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီး

၂၀၁၃ခုႏွစ္မွ၂၀၁၅ခုႏွစ္အတြင္းတြင္၄ပြဲကစားခြင့္ရရွိခဲ့ပါတယ္။

သူဟာလြန္ခဲ့တဲ့ခုႏွစ္ႏွစ္တုန္းကဗီလာသို႔ေပါင္၇သန္းျဖင့္ေျပာင္းခဲ့ၿပီး

မစ္ဒယ္ဘေရာ့တြင္လည္းကစားခဲ့ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္တြင္ဝုဗ္သို႔ေရာက္လာၿပီးေနာက္၁၅၄ပြဲတြင္၁၁ဂိုးသြင္းေပးခဲ့ပါတယ္။

ထရာအိုရီဟာယခုဇန္နဝါရီတြင္စပါးစ္ရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရေပမဲ့လည္း

နည္းျပကြန္တီကေတာင္ပံေနာက္ခံလူအျဖစ္အသုံးျပဳလိုမႈေၾကာင့္

အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ရပါတယ္။