
အလာဗက်စ်မှာအငှားကန်နေတဲ့ မန်ယူတောင်ပံကစားသမားပယ်လစ်စထရီဟာ
ပါရာဂွေးကိုအနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
ဥရုဂွေးအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းနဲ့ပတ်သက်လို့
အပေါင်းလက္ခဏာဆန်တဲ့တုံ့ပြန်မှုတွေ ရခဲ့ပါတယ်။
တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲက အဲဒီအဝေးကွင်းပွဲစဉ်မှာ
ပယ်လစ်စထရီဟာ ဥရုဂွေးအတွက် ပွဲထွက်ပါဝင်ခဲ့တာပါ။
အငှားသွားကစားနေတဲ့ အလာဗက်စ်မှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့်
အရေးပါတဲ့ပွဲမှာ ဥရုဂွေးပွဲထွက်စာရင်းထဲ ပယ်လစ်စထရီပါဝင်ခဲ့တာဟာ
အနည်းငယ်အံ့သြစရာတော့ကောင်းပါတယ်။
ဒါပေမဲ့လည်း အဲဒီမန်ယူအငှားကစားသမားဟာ
လေ့ကျင့်ရေးအစီအစဉ်မှာ နည်းပြကျေနပ်လောက်အောင်
စွမ်းဆောင်နိုင်ခဲ့ဖွယ်ရှိပါတယ်။
ပွဲပြီးတော့ ဥရုဂွေးနည်းပြဒီယေဂိုအလွန်ဆိုက
”ထိုးဖောက်ကစားဖို့ သူ့ကို တာဝန်ပေးထားတာပါ။
ကျွန်တော်တို့က သူ့ဆီ ဘောလုံးရောက်အောင်
မလုပ်ပေးနိုင်လို့ ပထမပိုင်းမှာ သူအစွမ်းပြခွင့်မရခဲ့ပါဘူး။
ဒုတိယပိုင်းမှာလည်း ရုပ်ပိုင်းဆိုင်ရာ ပင်ပန်လာပုံရပါတယ်။
ဒါပေမဲ့ သူ ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။
ပယ်လစ်စထရီရဲ့ဥရုဂွေးပွဲဦးထွက်ဟာ
တောင်အမေရိကမီဒီယာတွေကြားမှာလည်း
အပေါင်းလက္ခဏာဆန်တဲ့သုံးသပ်မှုတွေ ရရှိခဲ့ပါတယ်။
အဲဒါဟာ ၂၀၂၂ က ဘယ်ပြိုင်ပွဲမှာမဆို ပယ်လစ်စထရီရဲ့
ပထမဆုံးပွဲထွက်ဖြစ်ခဲ့ပြီး အကောင်းဆုံးမတောက်ပနိုင်ခဲ့ရင်တောင်
သူတာဝန်ကျေပွန်အောင် ကစားသွားနိုင်ခဲ့ပါတယ်။
အသက် ၂၀ အရွယ် ပယ်လစ်စထရီဟာ ဇယားအောက်ခြေက
ဗင်နီဇွဲလားနဲ့ အင်္ဂါနေ့ပွဲစဉ်မှာလည်း ဥရုဂွေးအတွက်
ကစားခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၀ မှာ ပယ်လစ်စထရီကို ခေါ်ယူခဲ့တာဖြစ်ပေမယ့်
မန်ယူအတွက် ပြိုင်ပွဲအသွင် တစ်ပွဲမှ မကစားဖူးသေးပါဘူး။
သူဟာ မန်ယူမှာ ယူ-၂၃ နဲ့ ရာသီကြိုပွဲတွေမှာပဲ ကစားခွင့်ရထားပြီး
စုစုပေါင်း ၁၀ ပွဲမှာ ၂ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပါတယ်။
ဒီရာသီလာလီဂါမှာရုန်းကန်နေရတဲ့အလာဗက်စ်မှာလည်း
ဂိုးပါဝင်ပတ်သက်မှု တစ်ကြိမ်သာရှိထားပြီး
လူစားဝင်အနေနဲ့သာ ကစားရတာ များပါတယ်။
zawgyi
ေတာင္အေမရိကမီဒီယာေတြၾကားမွာ အေပါင္းလကၡဏာဆန္တဲ့သုံးသပ္မႈေတြ ရရွိခဲ့တဲ့ ပယ္လစ္စထရီရဲ႕ေျခစြမ္း
အလာဗက္စ္မွာအငွားကန္ေနတဲ့ မန္ယူေတာင္ပံကစားသမားပယ္လစ္စထရီဟာ
ပါရာေဂြးကိုအႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ
ဥ႐ုေဂြးအတြက္ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး ေျခစြမ္းနဲ႔ပတ္သက္လို႔
အေပါင္းလကၡဏာဆန္တဲ့တုံ႔ျပန္မႈေတြ ရခဲ့ပါတယ္။
ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲက အဲဒီအေဝးကြင္းပြဲစဥ္မွာ
ပယ္လစ္စထရီဟာ ဥ႐ုေဂြးအတြက္ ပြဲထြက္ပါဝင္ခဲ့တာပါ။
အငွားသြားကစားေနတဲ့ အလာဗက္စ္မွာ ပုံမွန္ပြဲထြက္ခြင့္မရတာေၾကာင့္
အေရးပါတဲ့ပြဲမွာ ဥ႐ုေဂြးပြဲထြက္စာရင္းထဲ ပယ္လစ္စထရီပါဝင္ခဲ့တာဟာ
အနည္းငယ္အံ့ၾသစရာေတာ့ေကာင္းပါတယ္။
ဒါေပမဲ့လည္း အဲဒီမန္ယူအငွားကစားသမားဟာ
ေလ့က်င့္ေရးအစီအစဥ္မွာ နည္းျပေက်နပ္ေလာက္ေအာင္
စြမ္းေဆာင္ႏိုင္ခဲ့ဖြယ္ရွိပါတယ္။
ပြဲၿပီးေတာ့ ဥ႐ုေဂြးနည္းျပဒီေယဂိုအလြန္ဆိုက
”ထိုးေဖာက္ကစားဖို႔ သူ႔ကို တာဝန္ေပးထားတာပါ။
ကြၽန္ေတာ္တို႔က သူ႔ဆီ ေဘာလုံးေရာက္ေအာင္
မလုပ္ေပးႏိုင္လို႔ ပထမပိုင္းမွာ သူအစြမ္းျပခြင့္မရခဲ့ပါဘူး။
ဒုတိယပိုင္းမွာလည္း ႐ုပ္ပိုင္းဆိုင္ရာ ပင္ပန္လာပုံရပါတယ္။
ဒါေပမဲ့ သူ ပြဲေကာင္းတစ္ပြဲကစားႏိုင္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
ပယ္လစ္စထရီရဲ႕ဥ႐ုေဂြးပြဲဦးထြက္ဟာ
ေတာင္အေမရိကမီဒီယာေတြၾကားမွာလည္း
အေပါင္းလကၡဏာဆန္တဲ့သုံးသပ္မႈေတြ ရရွိခဲ့ပါတယ္။
အဲဒါဟာ ၂၀၂၂ က ဘယ္ၿပိဳင္ပြဲမွာမဆို ပယ္လစ္စထရီရဲ႕
ပထမဆုံးပြဲထြက္ျဖစ္ခဲ့ၿပီး အေကာင္းဆုံးမေတာက္ပႏိုင္ခဲ့ရင္ေတာင္
သူတာဝန္ေက်ပြန္ေအာင္ ကစားသြားႏိုင္ခဲ့ပါတယ္။
အသက္ ၂၀ အ႐ြယ္ ပယ္လစ္စထရီဟာ ဇယားေအာက္ေျခက
ဗင္နီဇြဲလားနဲ႔ အဂၤါေန႔ပြဲစဥ္မွာလည္း ဥ႐ုေဂြးအတြက္
ကစားခြင့္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ယူႏိုက္တက္ဟာ ၂၀၂၀ မွာ ပယ္လစ္စထရီကို ေခၚယူခဲ့တာျဖစ္ေပမယ့္
မန္ယူအတြက္ ၿပိဳင္ပြဲအသြင္ တစ္ပြဲမွ မကစားဖူးေသးပါဘူး။
သူဟာ မန္ယူမွာ ယူ-၂၃ နဲ႔ ရာသီႀကိဳပြဲေတြမွာပဲ ကစားခြင့္ရထားၿပီး
စုစုေပါင္း ၁၀ ပြဲမွာ ၂ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးေပးထားပါတယ္။
ဒီရာသီလာလီဂါမွာ႐ုန္းကန္ေနရတဲ့အလာဗက္စ္မွာလည္း
ဂိုးပါဝင္ပတ္သက္မႈ တစ္ႀကိမ္သာရွိထားၿပီး
လူစားဝင္အေနနဲ႔သာ ကစားရတာ မ်ားပါတယ္။