တူရကီရောက်လာတဲ့ ဘာစီလိုနာအသင်းကို ခပ်ကြမ်းကြမ်းကြိုဆိုခဲ့ကြတဲ့ ဂါလာတာစာရေး ပရိသတ်များ

ဂါလာတာစာရေးအသင်းပရိသတ်တွေဟာ ယူရိုပါလိဂ်ပွဲအတွက်

တူရကီရောက်လာတဲ့ဘာစီလိုနာအသင်းကို ခပ်ကြမ်းကြမ်းပဲကြိုဆိုခဲ့တာပါ။

စပိန်ကလပ်ဟာ တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့ကို

နေ့လည်ပိုင်းကရောက်ရှိလာခဲ့တာဖြစ်ပြီး Nef Stadium မှာပွဲအတွက်

ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ကြပါတယ်။

အဲဒီနောက် နည်းပြအပါအဝင် အသင်းသားတွေဟာ

တည်းခိုရာဟိုတယ်ဆီကိုပြန်လာခဲ့ကြပေမယ့် သူတို့မျှော်လင့်ထားသလိုမျိုး

အိပ်ကောင်းခြင်းတော့မအိပ်ခဲ့ရပါဘူး။

ဘာစီလိုနာ ကစားသမားတွေ ခက်ခဲမှုဖြစ်စေဖို့အတွက်

အားလုံး အိပ်ကောင်းနေကြမယ့် မနက် ၄ နာရီ နီးပါးလောက်မှာပဲ

ဂါလာတာစာရေး ပရိသတ်တွေဟာ ဘာစီလိုနာအသင်း နားခိုရာ

ဟိုတယ်ရှေ့ကို သွားရောက်ပြီး အသံကျယ်လောင်တဲ့ မီးရှုးမီးပန်းတွေ

ပစ်ဖောက်ပြီး သွားရောက် နှောင့်ယှက်ခဲ့ကြတာဖြစ်ပါတယ်။

တူရကီ ပရိသတ်တွေက အသံကျယ်ကျယ် မီးပန်းတွေကို ဟိုတယ်အနီးမှာ

စက္ကန့် ၃၀ ကြာ သွားရောက် ပစ်ဖောက်ခဲ့ကာ

“ငရဲကနေ ကြိုဆိုလိုက်ပါတယ်”လို့ စိန်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

တူရကီကလပ် ဂါလာတာစာရေးနဲ့ ပထမအကျော့အဖြစ်

နူးကမ့်မှာ ယှဉ်ပြိုင်ကစားစဉ် ဝ-၀ ရလဒ် ထွက်ထားတာဖြစ်လို့

ဒုတိယအကျော့ဟာ သွင်းဂိုးတွေနဲ့အတူ အဆုံးအဖြတ်ဖြစ်လာဖို့ ရှိနေပါတယ်။

တူရကီကလပ်ဟာ ပြည်တွင်းလိဂ်မှာ အဆင့် ၁၁ နေရာက ရှိနေတဲ့

အသင်းဖြစ်ကာ ခက်ခဲတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်နေတာပါ။

zawgyi

တူရကီေရာက္လာတဲ့ ဘာစီလိုနာအသင္းကို ခပ္ၾကမ္းၾကမ္းႀကိဳဆိုခဲ့ၾကတဲ့ ဂါလာတာစာေရး ပရိသတ္မ်ား

ဂါလာတာစာေရးအသင္းပရိသတ္ေတြဟာ ယူ႐ိုပါလိဂ္ပြဲအတြက္

တူရကီေရာက္လာတဲ့ဘာစီလိုနာအသင္းကို ခပ္ၾကမ္းၾကမ္းပဲႀကိဳဆိုခဲ့တာပါ။

စပိန္ကလပ္ဟာ တူရကီႏိုင္ငံအစၥတန္ဘူလ္ၿမိဳ႕ကို

ေန႔လည္ပိုင္းကေရာက္ရွိလာခဲ့တာျဖစ္ၿပီး Nef Stadium မွာပြဲအတြက္

ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေလ့က်င့္ခန္းဆင္းခဲ့ၾကပါတယ္။

အဲဒီေနာက္ နည္းျပအပါအဝင္ အသင္းသားေတြဟာ

တည္းခိုရာဟိုတယ္ဆီကိုျပန္လာခဲ့ၾကေပမယ့္ သူတို႔ေမွ်ာ္လင့္ထားသလိုမ်ိဳး

အိပ္ေကာင္းျခင္းေတာ့မအိပ္ခဲ့ရပါဘူး။

ဘာစီလိုနာ ကစားသမားေတြ ခက္ခဲမႈျဖစ္ေစဖို႔အတြက္

အားလုံး အိပ္ေကာင္းေနၾကမယ့္ မနက္ ၄ နာရီ နီးပါးေလာက္မွာပဲ

ဂါလာတာစာေရး ပရိသတ္ေတြဟာ ဘာစီလိုနာအသင္း နားခိုရာ

ဟိုတယ္ေရွ႕ကို သြားေရာက္ၿပီး အသံက်ယ္ေလာင္တဲ့ မီးရႈးမီးပန္းေတြ

ပစ္ေဖာက္ၿပီး သြားေရာက္ ေႏွာင့္ယွက္ခဲ့ၾကတာျဖစ္ပါတယ္။

တူရကီ ပရိသတ္ေတြက အသံက်ယ္က်ယ္ မီးပန္းေတြကို ဟိုတယ္အနီးမွာ

စကၠန႔္ ၃၀ ၾကာ သြားေရာက္ ပစ္ေဖာက္ခဲ့ကာ

“ငရဲကေန ႀကိဳဆိုလိုက္ပါတယ္”လို႔ စိန္ေခၚခဲ့ၾကတာျဖစ္ပါတယ္။

တူရကီကလပ္ ဂါလာတာစာေရးနဲ႔ ပထမအေက်ာ့အျဖစ္

ႏူးကမ့္မွာ ယွဥ္ၿပိဳင္ကစားစဥ္ ဝ-၀ ရလဒ္ ထြက္ထားတာျဖစ္လို႔

ဒုတိယအေက်ာ့ဟာ သြင္းဂိုးေတြနဲ႔အတူ အဆုံးအျဖတ္ျဖစ္လာဖို႔ ရွိေနပါတယ္။

တူရကီကလပ္ဟာ ျပည္တြင္းလိဂ္မွာ အဆင့္ ၁၁ ေနရာက ရွိေနတဲ့

အသင္းျဖစ္ကာ ခက္ခဲတဲ့ ေဘာလုံးရာသီကို ပိုင္ဆိုင္ေနတာပါ။