
တန်ဟက်တစ်ယောက် ယူနိုက်တက်နည်းပြသစ်အဖြစ် ခန့်အပ်ခံရရင်
အိုးထရက်ဖို့ဒ်မှာ သူနဲ့အတူ တာဝန်ယူမယ့် နည်းပြအဖွဲ့အတွက်
ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ ကြားရပါတယ်။
အေဂျက်နည်းပြဟာ ယူနိုက်တက် အသင်းဆီကို ဗန်ပါစီပါ အတူခေါ်သွားဖို့
စိတ်အားထက်သန်နေပြီး ကနဦး ပြောဆိုဆွေးနွေးမှုတွေ လုပ်နေပြီလို့ အသံထွက်လာပါတယ်။
သရဲနီကစားသမားဘဝအတွင်း ဗန်ပါစီဟာ ကလပ်မှာ ၂၆ ဂိုး သွင်းယူခဲ့ပြီး
နည်းပြကြီး ဆာအဲလက်စ် လက်အောက် ယူနိုက်တက်တို့ နောက်ဆုံးအကြိမ်
ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။
ဗန်ပါစီဟာ လက်ရှိမှာ နည်းပြလိုင်စင်ရဖို့ ကြိုးစားနေပြီး
သူ့သားရှိတဲ့ ဖီယင်နု ယူ-၁၆ အသင်းကို နည်းပြအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။
တန်ဟက်ဟာ အိုင်းယတ်စ်အသင်းနှင့်အတူ
ဒတ်ချ်အမှတ်ပေးချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပါတယ်။
အိုင်းယတ်စ်ဟာ လက်ရှိဘောလုံးရာသီတွင် ဒတ်ချ်အမှတ်ပေးပြိုင်ပွဲ၌
ဒုတိယနေရာမှ အိုင့်ဟိုဗင်ကို ၂ မှတ်အသာဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။
ဒါ့အပြင် အိုင်းယတ်စ်နှင့် အိုင့်ဟိုဗင်တို့ဟာ ဒတ်ချ်ဖလားအဖြစ်
ဧပြီလ ၁၇ ရက်နေ့တွင် ကစားရန်ရှိပါတယ်။
ယူနိုက်တက်တာဝန်ရှိသူများဟာ အသင်းအဝတ်လဲခန်းတွင်း
သြဇာနိုင်နင်းရေးနှင့် ကစားသမားများကို စည်းလုံးအောင်လုပ်ဆောင်ပေးနိုင်ဖို့အတွက်
ထိပ်ပိုင်းရာထူးတွေထဲမှာ ယူနိုက်တက်ကစားသမားဟောင်း တစ်ယောက်ကို
အလိုရှိနေတာကြောင့် ဗန်ပါစီက လိုအပ်ချက်နဲ့ ကိုက်ညီနေပါတယ်။
တန်ဟက်ယူနိုက်တက် နည်းပြထိုင်ခုံထိုင်ရင် ဒီရာသီ ၁၂ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးပေးခဲ့တဲ့
ဘရာဇီးတောင်ပံကစားသမား အန်တိုနီလည်း ယူနိုက်တက်ထံ အတူလိုက်ပါလာနိုင်ပါတယ်။
တစ်ဖက်မှာ ယူနိုက်တက်က အမြတ်မထွက်ခင် အရင်အိတ်စိုက်တဲ့ အနေနဲ့
တန်ဟက်ကို ခေါ်မယ်ဆိုရင် အေဂျက်မှာ ချုပ်ထားတဲ့ စာချုပ်အတွက်
လျော်ကြေး ပေါင်သန်းချီ အမ်းရပါမယ်။ ဘာပဲဖြစ်ဖြစ် တန်ဟက်နောက်မှာ
ဗန်ပါစီ ပါလာမယ်ဆိုရင် သရဲနီဖန်တွေ တစ်နည်းတစ်ဖုံ ကျေနပ်နိုင်ပါတယ်။
zawgyi
တန္ဟက္နည္းျပသစ္အျဖစ္ ခန႔္အပ္ခံရရင္ ဗန္ပါစီပါ ပါလာႏိုင္
တန္ဟက္တစ္ေယာက္ ယူႏိုက္တက္နည္းျပသစ္အျဖစ္ ခန႔္အပ္ခံရရင္
အိုးထရက္ဖို႔ဒ္မွာ သူနဲ႔အတူ တာဝန္ယူမယ့္ နည္းျပအဖြဲ႕အတြက္
ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနၿပီလို႔ ၾကားရပါတယ္။
ေအဂ်က္နည္းျပဟာ ယူႏိုက္တက္ အသင္းဆီကို ဗန္ပါစီပါ အတူေခၚသြားဖို႔
စိတ္အားထက္သန္ေနၿပီး ကနဦး ေျပာဆိုေဆြးေႏြးမႈေတြ လုပ္ေနၿပီလို႔ အသံထြက္လာပါတယ္။
သရဲနီကစားသမားဘဝအတြင္း ဗန္ပါစီဟာ ကလပ္မွာ ၂၆ ဂိုး သြင္းယူခဲ့ၿပီး
နည္းျပႀကီး ဆာအဲလက္စ္ လက္ေအာက္ ယူႏိုက္တက္တို႔ ေနာက္ဆုံးအႀကိမ္
ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္မွာ ေ႐ႊဖိနပ္ဆုကို ရရွိခဲ့တာပါ။
ဗန္ပါစီဟာ လက္ရွိမွာ နည္းျပလိုင္စင္ရဖို႔ ႀကိဳးစားေနၿပီး
သူ႔သားရွိတဲ့ ဖီယင္ႏု ယူ-၁၆ အသင္းကို နည္းျပအျဖစ္ တာဝန္ယူေနတာ ျဖစ္ပါတယ္။
တန္ဟက္ဟာ အိုင္းယတ္စ္အသင္းႏွင့္အတူ
ဒတ္ခ်္အမွတ္ေပးခ်န္ပီယံဆုကို ၂ ႀကိမ္ ရရွိထားပါတယ္။
အိုင္းယတ္စ္ဟာ လက္ရွိေဘာလုံးရာသီတြင္ ဒတ္ခ်္အမွတ္ေပးၿပိဳင္ပြဲ၌
ဒုတိယေနရာမွ အိုင့္ဟိုဗင္ကို ၂ မွတ္အသာျဖင့္ ထိပ္ဆုံးမွ ဦးေဆာင္ေနပါတယ္။
ဒါ့အျပင္ အိုင္းယတ္စ္ႏွင့္ အိုင့္ဟိုဗင္တို႔ဟာ ဒတ္ခ်္ဖလားအျဖစ္
ဧၿပီလ ၁၇ ရက္ေန႔တြင္ ကစားရန္ရွိပါတယ္။
ယူႏိုက္တက္တာဝန္ရွိသူမ်ားဟာ အသင္းအဝတ္လဲခန္းတြင္း
ၾသဇာႏိုင္နင္းေရးႏွင့္ ကစားသမားမ်ားကို စည္းလုံးေအာင္လုပ္ေဆာင္ေပးႏိုင္ဖို႔အတြက္
ထိပ္ပိုင္းရာထူးေတြထဲမွာ ယူႏိုက္တက္ကစားသမားေဟာင္း တစ္ေယာက္ကို
အလိုရွိေနတာေၾကာင့္ ဗန္ပါစီက လိုအပ္ခ်က္နဲ႔ ကိုက္ညီေနပါတယ္။
တန္ဟက္ယူႏိုက္တက္ နည္းျပထိုင္ခုံထိုင္ရင္ ဒီရာသီ ၁၂ ဂိုးသြင္း၊ ၈ ဂိုး ဖန္တီးေပးခဲ့တဲ့
ဘရာဇီးေတာင္ပံကစားသမား အန္တိုနီလည္း ယူႏိုက္တက္ထံ အတူလိုက္ပါလာႏိုင္ပါတယ္။
တစ္ဖက္မွာ ယူႏိုက္တက္က အျမတ္မထြက္ခင္ အရင္အိတ္စိုက္တဲ့ အေနနဲ႔
တန္ဟက္ကို ေခၚမယ္ဆိုရင္ ေအဂ်က္မွာ ခ်ဳပ္ထားတဲ့ စာခ်ဳပ္အတြက္
ေလ်ာ္ေၾကး ေပါင္သန္းခ်ီ အမ္းရပါမယ္။ ဘာပဲျဖစ္ျဖစ္ တန္ဟက္ေနာက္မွာ
ဗန္ပါစီ ပါလာမယ္ဆိုရင္ သရဲနီဖန္ေတြ တစ္နည္းတစ္ဖုံ ေက်နပ္ႏိုင္ပါတယ္။