တနင်္ဂနွေညအမှန်ခြစ်ထားရမယ့် လာလီဂါ ပစ်မှတ်များ (ကိုရွှေမောင်း)
ဒီနေ့၊ တနင်္ဂနွေညမှာ လာလီဂါ ၅ ပွဲကစားကြမှာပါ။
ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်ဆုံတွေ့နေတဲ့
အယ်ကလပ်စီကိုဒါဘီလည်း ရှိနေပါတယ်။
ဒီညပွဲတွေထဲက အက်စ်ပန်ညိုကို အကြိုက်ဆုံးဖြစ်ပြီး
ဆီဗီလာ၊ ဗီလာရီးရဲလ်တို့ကို ဒုတိယနဲ့ တတိယ ဦးစားပေးတွေအဖြစ် နှစ်သက်ပါတယ်။
အက်စ်ပန်ညို Vs မာယော့ကာ
အက်စပန်ညိုဟာ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲပဲ နိုင်ထားပါတယ်။
ဒီရာသီမှာ မာယော့ကာကို လာလီဂါအဝေးကွင်းပွဲသာမက
ဘုရင့်ဖလားပွဲမှာပါ ရှုံးခဲ့လို့ ဒီပွဲမှာ ရှုံးကြွေး ပြန်ဆပ်မယ် ထင်ပါတယ်။
အက်စ်ပန်ညိုအိမ်ကွင်းကလည်း အတော်ကောင်းပြီး
ရီးရဲလ်၊ ဘာစီလိုနာတို့တောင် ရုန်းခဲ့ရတာပါ။
မာယော့ကာက လာလီဂါနောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးထားပါတယ်။
အိမ်အဝေး နောက်ဆုံး ၁၁ ပွဲမှာလည်း ၉ ပွဲရှုံးခဲ့တယ်။
လာလီဂါအဝေးကွင်း နောက်ဆုံး ၅ ပွဲဆက်လည်း တစ်ပွဲအနည်းဆုံး ၂ ဂိုးပေးခဲ့ရတယ်။
အက်စ်ပန်ညိုကို ရွေးသင့်ပါတယ်။
အက်စပန်ညို
ကာဒစ်ဇ် Vs ဗီလာရီးရဲလ်
ကာဒစ်ဇ်ဟာ ဗီလာရီးရဲလ်နဲ့ တွေ့ဆုံခဲ့တဲ့ ၁၃ ပွဲမှာ ၁ ပွဲတည်းနိုင်ခဲ့ပြီး
၈ ပွဲတောင် ရှံးထားပါတယ်။ ဒီရာသီ်မှာလည်း ကာဒစ်ဇ်ဟာ
အလာဗက်စ်ပြီးရင် တိုက်စစ်အညံ့ဆုံးဖြစ်ပြီး လာလီဂါ ၂၄ ဂိုးသာသွင်းနိုင်ခဲ့တယ်။
ကာဒစ်ဇ်ဟာ ဒီရာသီ လာလီဂါမှာ ပျမ်းမျ ဘောလုံးပိုင်ဆိုင်မှု
အနည်းဆုံးအသင်း(၃၉.၂% )ဖြစ်ပြီး ဒီပွဲမှာလည်း ဗီလာရီးရဲလ်ကို အသာမရနိုင်ပါဘူး။
ဗီလာရီးရဲလ်က ဂျုဗင်တပ်စ်လို အသင်းကိုတောင် တူရင်မှာ
၀-၃ နဲ့ ပူပူနွေးနွေး အနိုင်ကစားထားတာပါ။
ဒီပွဲမှာ ဗီလာရီးရဲလ်ရဲ့ ဘော်ဒီကြေးကလည်း ပြင်းသင့်သလောက် ပြင်းနေပါတယ်။
ဗီလာရီးရဲလ် နိုင်ပွဲ ရမှာပါ။
ဗီလာရီးရဲလ်
ဆဲလ်တာဗီဂို Vs ဘက်တစ်
ဆဲလ်တာဗီဂိုဟာ လာလီဂါအိမ်ကွင်းနောက်ဆုံး
၅ ပွဲဆက်တိုက် ရှုံးပွဲ မရှိဘဲ ၄ ပွဲနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဘက်တစ်ကို အိမ်ကွင်းမှာ ကစားခဲ့တဲ့
နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့ဘဲ ၂ ပွဲ ရှုံးခဲ့ပါတယ်။
ဘက်တစ်နဲ့ နောက်ဆုံး ၇ ပွဲမှာလည်း ၁ ပွဲသာနိုင်ခဲ့ပြီး ၄ ပွဲရှုံးခဲ့လို့
ဘက်တစ်ဆိုရင် ဆဲလ်တာ မယှဥ္နိုင်တဲ့ ပုံပါပဲ။ ဘက်တစ်ကလည်း
လတ်တလော ခြေကျနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ
ဘီလ်ဘာအိုကိုသာ အနိုင်ရခဲ့တာပါ။
ဒါပေမယ့် ဘက်တစ်ဟာ အဝေးကွင်း ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ ပွဲဆက်တိုက်
အနည်းဆုံး ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘက်တစ် မရှုံးနိုင်တဲ့ ပွဲဖြစ်လို့
ဘက်တစ်ကိုပဲ ကြိုက်ပါတယ်။
ဘက်တစ်
ဆီဗီလာ Vs ဆိုစီဒက်
ဆီဗီလာက လာလီဂါ ၁၄ ပွဲဆက်တိုက် ရှုံးပွဲ မရှိပါဘူး။
ဆိုစီဒက်ဆိုရင်တော့ ဆီဗီလာက အတော်လေးသာထားပြီး
နောက်ဆုံး ၈ ပွဲဆက်တိုက် ရှုံးပွဲ မရှိဘူး။ အိမ်ကွင်းနောက်ဆုံး ၄ ပွဲဆက်လည်း
နိုင်ထားပြီး ဒီညပွဲမှာ နိုင်ခဲ့ရင် ဆိုစီဒက်ကို အိမ်ကွင်းမှာ ဒုတိယအကြိမ်မြောက်
၅ ပွဲဆက် အနိုင်ရမှုဖြစ်လာမှာပါ။ ဆီဗီလာကွင်းမှာ
ဆိုစီဒက် နိုင်ပွဲ မရတော့တာ ၂၀၁၆ ဧပြီနောက်ပိုင်းကတည်းကပါ။
၂၀၀၇ ဖေဖော်ဝါရီနောက်ပိုင်းကစလို့ ဆီဗီလာကွင်းမှာ
ဆိုစီဒက် ပွဲတိုင်း ဂိုးပေးခဲ့ရတယ်။ ဝက်စ်ဟမ်းကို ရှုံးပြီး
ယူရိုပါလိဂ်ကထွက်ခဲ့ရမှုကို လာလီဂါနို်င်ပွဲနဲ့ ဆီဗီလာ ကုစားမှာပါ။
ဆီဗီလာ
ရီးရဲလ် Vs ဘာစီလိုနာ
ရီးရဲလ်မှာ နောက်ခံလူ ဖာလန်းမန်ဒီနဲ့ တိုက်စစ်မှုး ဘန်ဇီးမားတို့ မပါနိုင်ပါဘူး။
ရီးရဲလ်ဟာ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။
ရီးရဲလ်ရဲ့ လက်ရိှအနေအထားကတော့ မရှံးအောင် ကစားနိုင်ရင်တောင်
ရလဒ်ကောင်းလို့ ဆိုနိုင်ပါတယ်။ ရီးရဲလ်ထက်စာရင် ဘာစီလိုနာအတွက်
ဒီပွဲက ပိုပြီး အရေးကြီးနေပါတယိ။ ဘာစီလိုနာဟာ
ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက်တိုက် ရှံးပွဲ မရှိပါဘူး။
ဇာဗီရဲ့ ပြောင်းလဲမှုတွေကို ယုံကြည်မှု ဆက်ရနေစေဖို့ အတွက်
ဒီလိုပွဲမျိုးကို အနည်းဆုံး မရှုံးအောင် ကစားဖို့ လိုပါတယ်။ ဘာစီလိုနာကိုပဲ ကြိုက်ပါတယ်။
ဘာစီလိုနာ
zawgyi
အက်စပန်ညို
ဗီလာရီးရဲလ်
ဆဲလ်တာဗီဂို Vs ဘက်တစ်
ဘက်တစ်ဆိုရင် ဆဲလ်တာ မယှဉ္နိုင်တဲ့ ပုံပါပဲ။ ဘက်တစ်ကလည်း
ဘက်တစ်
ဆီဗီလာ Vs ဆိုစီဒက်
ယူရိုပါလိဂ်ကထွက်ခဲ့ရမှုကို လာလီဂါနိုင်ပွဲနဲ့ ဆီဗီလာ ကုစားမှာပါ။
ဆီဗီလာ
ရီးရဲလ် Vs ဘာစီလိုနာ
ရီးရဲလ်ရဲ့ လက်ရှိအနေအထားကတော့ မရှံးအောင် ကစားနိုင်ရင်တောင်
ဘာစီလိုနာ