ဒီကနေ့၊ တနင်္ဂနွေညမှာ လာလီဂါပွဲ ၄ပွဲကစားမှာပါ။ ဒီညကစားမယ့် ၄ ပွဲထဲက
အကြိုက်ဆုံးကတော့ ဗလန်စီယာနဲ့ ဘက်တစ်ပဲ ဖြစ်ပါတယ်။
ဗလန်စီယာ Vs ဆိုစီဒက်
ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်တိုက် ဗလန်စီယာ
သရေကစားနိုင်ခဲ့တယ်။ ဗလန်စီယာဟာ ဒီရာသီသူတို့ရဲ့ အိမ်ကွင်းပြိုင်ပွဲစုံ ၁၂ ပွဲစလုံး
ဂိုးသွင်းနိုင်ခဲ့တယ်။ ဒီပွဲကိုလည်း အလေးအနက်ထားပြီး ကစားမယ့်ပုံ ရှိပါတယ်။
ဆိုစီဒက်က ဂီတာဖေးနဲ့ ဘက်တစ်နောက်ဆုံး ၂ ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ခဲ့သလို
စပိန်ဘုရင့်ဖလားကပါထွက်ခဲ့ရလို့ ဖိအားများနေတယ်။ ဒီရာသီ သူတို့ရဲ့ ပြိုင်ပွဲစုံ
အဝေးကွင်း ၁၆ ပွဲမှာလည်း ဂိုးပေးရတာက ၁၀ ပွဲအထိ ရှိခဲ့တယ်။ ဆိုီစီဒက်
အနိုင်မရနိုင်တဲ့ပွဲမို့ ဗလန်စီယာကို ရွေးပါမယ်။
ဗလန်စီယာ
ဘာစီလိုနာ Vs အက်-တီကို
အက်-တီကို ကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၂၂ ပွဲအနက် ဘာစီလိုနာက
၁ ပွဲသာ ရှုံးခဲ့တာပါ။ ဒီရာသီ လာလီဂါနောက်ဆုံး ၆ ပွဲဆက်လည်း မရှုံးခဲ့ဘူး။ ဒါပေမယ့်
ဒီရာသီ ဘာစီလိုနာကစားပုံက ဇာဗီကိုင်ပြီးတာတောင် အားရစရာ မရှိသေးသလို
ကစားသမားသစ်တွေနဲ့ အထိုင်ကျဖို့လည်း ရုန်းကန်နေရဆဲပါ။
အက်-တီကိုက ဘာစီလိုနာနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် မရှုံးခဲ့ဘူး။ လာလီဂါ
နောက်ဆုံး ၃ ပွဲဆက် ၁ ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တယ်။ ဘာစီလိုနာထက်လည်း
အထိုင်ပိုကျနေတာမို့ အက်-တီကို မရှုံးနိုင်ပါဘူး။
အက်-တီကို
ဘက်တစ် Vs ဗီလာရီးရဲလ်
ဘက်တစ်ရဲ့ အိမ်ကွင်းတိုက်စစ်က စိတ်ချရသလို ဒီရာသီ လာလီဂါအိမ်ကွင်း ၁၁ ပွဲမှာ
၉ ပွဲ အထိ ဂိုးသွင်းနိုင်ခဲ့တယ်။ အဆင့် ၃ နေရာမှာ ရှိနေသလို ဒုတိယနေရာက ဆီဗီလာကို
အမီလိုက်ဖို့လည်း ပစ်မှတ်ထားနေတယ်။ ဖီကာ၊ ကာနာလက်စ်အပါအဝင်
အဓိက ကစားသမားတွေလည်း ပုံစံကောင်းရနေပါတယ်။
ဗီလာရီးရဲလ်က လာလီဂါနောက်ဆုံး ၇ ပွဲအနက် ၆ ပွဲမှာ ၁ ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တယ်။
ဒါပေမယ့် အဝေးကွင်းအတော်လေးညံ့နေပြီး လာလီဂါအဝေးကွင်း နောက်ဆုံး ၁၁ ပွဲမှာ
၁ပွဲသာ နိုင်ခဲ့တယ်။ ဘက်တစ်ပဲ နိုင်ဖို့ များပါတယ်။
ရီးရဲလ် Vs ဂရန်နာဒါ
ရီးရဲလ်က သူတို့အိမ်ကွင်းမှာ ဂရန်နာဒါကို ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် နိုင်ခဲ့တယ်။
ဒါပေမယ့် ဒီပွဲမှာဘန်ဇီးမာ မပါနိုင်သလို ဗီနီဆီးယပ်စ်ပွဲပယ်ခံထားရလို့ တိုက်စစ်ပိုင်း
အားနည်းနိုင်ပါတယ်။ ဘုရင့်ဖလားပွဲကထွက်ခဲ့ရသလို အသင်းပိုင်ကားတောင်
တိုက်ခိုက်ခံခဲ့ရလို့ ရီးရဲလ် ရလဒ်ကောင်း ယူနိုင်ဖို့ လိုနေပါတယ်။
ဂရန်နာဒါက လာလီဂါအဝေးကွင်းနောက်ဆုံး ၁၃ ပွဲမှာ ၁ ပွဲပဲ နိုင်ခဲ့တယ်။ သူတို့ရဲ့
တိုက်စစ်ကတော့ အသင်းတိုင်းကို ဒုက္ခပေးနိုင်ပါတယ်။ ဘန်ဇီးမား၊ ဗီနီဆီးယပ်စ်တို့
မပါနိုင်တာတောင် ကြေးပြင်းနေလို့ အပေါ်စုံ ဝင်နိုင်တယ် ထင်ပါတယ်။
ရီးရဲလ်/ ဂိုးအပေါ်
Zawgyi
တနင်္ဂနွေညအတွက် အပေါင်းပြစေမယ့် လာလီဂါ ပစ်မှတ်များ (ကိုရွှေမောင်း )
ဗလန်စီယာ Vs ဆိုစီဒက်
ဗလန်စီယာ
ဘာစီလိုနာ Vs အက်-တီကို
အက်-တီကို
ဘက်တစ် Vs ဗီလာရီးရဲလ်
ရီးရဲလ် Vs ဂရန်နာဒါ
ရီးရဲလ်/ ဂိုးအပေါ်