ဇာဗီရဲ့ ဘာစီလိုနာနည်းပြဘဝပထမဆုံး El Clasico ပွဲမှာ ရလဒ်ကောင်းဖို့ခက်ခဲနိုင်

၂၀၂၁-၂၂ ရာသီ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲအဖြစ်

လာလီဂါထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးယဲလ်နဲ့ဘာစီလိုနာအသင်းတို့ဟာ

ဆော်ဒီအာရေဗျနိုင်ငံက King Fahd နိုင်ငံတကာကွင်းကြီးမှာ

ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

စပိန်စူပါဖလားပွဲကို အရင်က လာလီဂါချန်ပီယံနဲ့စပိန်ဘုရင့်ဖလားချန်ပီယံအသင်းတို့

အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားခဲ့ပေမယ့် နောက်ပိုင်းမှာ

ပွဲကို ပရိသတ်စိတ်ဝင်စားမှုများလာအောင် ပြည်ပထွက်ကစားခဲ့သလို

၂၀၁၉-၂၀ ရာသီမှာတော့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရောက်နှစ်သင်း၊

လာလီဂါမှာ အဆင့်ရပ်တည်မှုအမြင့်ဆုံးနှစ်သင်းကို ဆီမီးဖိုင်နယ်ပွဲအဖြစ်

ကစားစေပြီးမှ ဗိုလ်လုပွဲကစားတာပါ။

ဒီနှစ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဘာစီလိုနာ-ရီးယဲလ်၊

အက်သလက်တီကို-ဘီလ်ဘာအိုတို့ဆုံတွေ့နေပြီး

ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်လာနိုင်တာက

ဘာစီလိုနာ-ရီးယဲလ်တို့ရဲ့ El Clasico ပွဲပါပဲ။

စီရော်နယ်လ်ဒိုမရှိတော့ကတည်းက El Clasico ပွဲရဲ့အရှိန်အဝါကျဆင်းခဲ့ပြီး

မက်ဆီရှိနေလို့ အထိန်းတစ်ခုဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ မက်ဆီပါ

ဘာစီလိုနာနဲ့လမ်းခွဲသွားပြီဖြစ်တာကြောင့် မက်ဆီ+စီရော်နယ်လ်ဒို မရှိတော့တဲ့

El Clasico ပွဲဖြစ်ပေမယ့် ဒီနှစ်သင်းရဲ့သမိုင်းကြောင်းအစဉ်အလာအရ

ထုံးစံအတိုင်းအကြိတ်အနယ်ရှိနိုင်မှာပါ။

မက်ဆီရှိနေတဲ့ နှစ်တွေမှာတောင် နောက်ပိုင်းနှစ်လာလီဂါပွဲတွေမှာ

ရီးယဲလ်ကို မကျော်နိုင်တော့တဲ့ ဘာစီလိုနာတို့ အခုတစ်ကြိမ်မှာ

သူတို့ရဲ့မဟာပြိုင်ဘက်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း မက်ဆီ အသင်းမှာရှိနေတဲ့နှစ်တွေမှာတောင်

ဘာစီလိုနာအသင်း အောင်မြင်မှုရဖို့ရုန်းကန်ခဲ့ရသလို

ဒီရာသီ မက်ဆီမရှိတော့အချိန်၊ အသင်းကလည်း အကြွေးပြဿနာတွေကြောင့်

‘တပ်ပျက်’တစ်ခုလိုဖြစ်ခဲ့ပြီး နည်းပြအဖြစ်ဆောင်ရွက်နေတဲ့

အသင်းရဲ့ဂန္ထဝင်ကစားသမားဇာဗီဟာ အတတ်နိုင်ဆုံးစုစည်းမှုရှိအောင်

အစွမ်းကုန်ဆောင်ရွက်နေရချိန်ဖြစ်ပါတယ်။

ရီးယဲလ်အသင်းကလည်း အကျပိုင်းရောက်လုရောက်ခင်အနေအထားဆိုပေမယ့်

ဘာစီလိုနာလို အကြွေးပြဿနာကြီးကြီးမားမားမရှိလို့

အသင်းကို ဟန်မပျက်အောင်ထိန်းထားနိုင်ပြီး နည်းပြဟောင်း

အန်ဆယ်လော့တီကလည်း ရီးယဲလ်အသင်းကို အဆင့်တစ်ခုက

မလျော့သွားအောင် ဦးဆောင်နေပါတယ်။

ရီးယဲလ်အတွက် အားတက်စရာက ၀ါရင့်တိုက်စစ်မှူးဘန်ဇီမာဟာ

စီရော်နယ်လ်ဒိုမရှိတော့ကတည်းက တိုက်စစ်ကို အကောင်းဆုံးဦးဆောင်နေတာဖြစ်ပြီး

ဒီရာသီမှာလည်း (၂၅)ပွဲကစား၊ (၂၂)ဂိုးအထိသွင်းထားပါတယ်။

ကွင်းလယ်မှာ အဓိကဒေါက်တိုက်တွေဖြစ်တဲ့ မိုဒရစ်၊ တိုနီကရူးစ်တို့

အသက်အရွယ်ရလာပြီဆိုပေမယ့် အတွေ့အကြုံနဲ့ထိန်းကစားနေလို့

ဆိုးဆိုးရွားရွားမဖြစ်သွားပါဘူး။ ဘာစီလိုနာအသင်းမှာ အဲရစ်ဂါစီယာ၊

ပတ်ဒရီ၊ ဘရိုက်ဝိတ်တို့ပါဝင်နိုင်ခြေမရှိပေမယ့် ရီးယဲလ်အသင်းမှာတော့

အဓိက,ကစားသမားတွေ ဒဏ်ရာပြဿကင်းစင်နေပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက နှစ်သင်းစလုံးမှာ အာရုံစိုက်စရာ

တခြားပြိုင်ပွဲတွေရှိနေတာကြောင့် အခုပွဲကို လူစုံထုတ်ပ့ါမလားဆိုတာ စဉ်းစားစရာပါပဲ။

ဘာစီလိုနာကစားသမားဘဝတုန်းက El Clasico ပွဲပေါင်း(၄၂)ပွဲအထိ

ကစားခဲ့တဲ့ ဇာဗီရဲ့ ဘာစီလိုနာနည်းပြဘဝပထမဆုံး El Clasico ပွဲမှာ

ရလဒ်ကောင်းဖို့ခက်ခဲနိုင်ပြီး ဒီရာသီ လာလီဂါပထမအကျော့အဖြစ်

နူးကမ့်မှာဆုံခဲ့တုန်းက ရီးယဲလ်အသင်းပဲအနိုင်ရခဲ့တာကြောင့်

ဗိုလ်လုပွဲတက်မယ့်အသင်းအဖြစ် ရီးယဲလ်ကို ရွေးချယ်ချင်ပါတယ်။

zawgyi

ဇာဗီရဲ႕ ဘာစီလိုနာနည္းျပဘဝပထမဆုံး El Clasico ပြဲမွာ ရလဒ္ေကာင္းဖို႔ခက္ခဲႏိုင္

၂၀၂၁-၂၂ ရာသီ စပိန္စူပါဖလားဆီမီးဖိုင္နယ္ပြဲအျဖစ္

လာလီဂါထိပ္သီးႏွစ္သင္းျဖစ္တဲ့ ရီးယဲလ္နဲ႔ဘာစီလိုနာအသင္းတို႔ဟာ

ေဆာ္ဒီအာေရဗ်ႏိုင္ငံက King Fahd ႏိုင္ငံတကာကြင္းႀကီးမွာ

ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။

စပိန္စူပါဖလားပြဲကို အရင္က လာလီဂါခ်န္ပီယံနဲ႔စပိန္ဘုရင့္ဖလားခ်န္ပီယံအသင္းတို႔

အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့ကစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာ

ပြဲကို ပရိသတ္စိတ္ဝင္စားမႈမ်ားလာေအာင္ ျပည္ပထြက္ကစားခဲ့သလို

၂၀၁၉-၂၀ ရာသီမွာေတာ့ စပိန္ဘုရင့္ဖလားဗိုလ္လုပြဲေရာက္ႏွစ္သင္း၊

လာလီဂါမွာ အဆင့္ရပ္တည္မႈအျမင့္ဆုံးႏွစ္သင္းကို ဆီမီးဖိုင္နယ္ပြဲအျဖစ္

ကစားေစၿပီးမွ ဗိုလ္လုပြဲကစားတာပါ။

ဒီႏွစ္မွာေတာ့ ဆီမီးဖိုင္နယ္အဆင့္မွာ ဘာစီလိုနာ-ရီးယဲလ္၊

အက္သလက္တီကို-ဘီလ္ဘာအိုတို႔ဆုံေတြ႕ေနၿပီး

ပရိသတ္စိတ္ဝင္စားမႈအမ်ားဆုံးျဖစ္လာႏိုင္တာက

ဘာစီလိုနာ-ရီးယဲလ္တို႔ရဲ႕ El Clasico ပြဲပါပဲ။

စီေရာ္နယ္လ္ဒိုမရွိေတာ့ကတည္းက El Clasico ပြဲရဲ႕အရွိန္အဝါက်ဆင္းခဲ့ၿပီး

မက္ဆီရွိေနလို႔ အထိန္းတစ္ခုျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာ မက္ဆီပါ

ဘာစီလိုနာနဲ႔လမ္းခြဲသြားၿပီျဖစ္တာေၾကာင့္ မက္ဆီ+စီေရာ္နယ္လ္ဒို မရွိေတာ့တဲ့

El Clasico ပြဲျဖစ္ေပမယ့္ ဒီႏွစ္သင္းရဲ႕သမိုင္းေၾကာင္းအစဥ္အလာအရ

ထုံးစံအတိုင္းအႀကိတ္အနယ္ရွိႏိုင္မွာပါ။

မက္ဆီရွိေနတဲ့ ႏွစ္ေတြမွာေတာင္ ေနာက္ပိုင္းႏွစ္လာလီဂါပြဲေတြမွာ

ရီးယဲလ္ကို မေက်ာ္ႏိုင္ေတာ့တဲ့ ဘာစီလိုနာတို႔ အခုတစ္ႀကိမ္မွာ

သူတို႔ရဲ႕မဟာၿပိဳင္ဘက္ကို ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း မက္ဆီ အသင္းမွာရွိေနတဲ့ႏွစ္ေတြမွာေတာင္

ဘာစီလိုနာအသင္း ေအာင္ျမင္မႈရဖို႔႐ုန္းကန္ခဲ့ရသလို

ဒီရာသီ မက္ဆီမရွိေတာ့အခ်ိန္၊ အသင္းကလည္း အေႂကြးျပႆနာေတြေၾကာင့္

‘တပ္ပ်က္’တစ္ခုလိုျဖစ္ခဲ့ၿပီး နည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့

အသင္းရဲ႕ဂႏၴဝင္ကစားသမားဇာဗီဟာ အတတ္ႏိုင္ဆုံးစုစည္းမႈရွိေအာင္

အစြမ္းကုန္ေဆာင္႐ြက္ေနရခ်ိန္ျဖစ္ပါတယ္။

ရီးယဲလ္အသင္းကလည္း အက်ပိုင္းေရာက္လုေရာက္ခင္အေနအထားဆိုေပမယ့္

ဘာစီလိုနာလို အေႂကြးျပႆနာႀကီးႀကီးမားမားမရွိလို႔

အသင္းကို ဟန္မပ်က္ေအာင္ထိန္းထားႏိုင္ၿပီး နည္းျပေဟာင္း

အန္ဆယ္ေလာ့တီကလည္း ရီးယဲလ္အသင္းကို အဆင့္တစ္ခုက

မေလ်ာ့သြားေအာင္ ဦးေဆာင္ေနပါတယ္။

ရီးယဲလ္အတြက္ အားတက္စရာက ၀ါရင့္တိုက္စစ္မႉးဘန္ဇီမာဟာ

စီေရာ္နယ္လ္ဒိုမရွိေတာ့ကတည္းက တိုက္စစ္ကို အေကာင္းဆုံးဦးေဆာင္ေနတာျဖစ္ၿပီး

ဒီရာသီမွာလည္း (၂၅)ပြဲကစား၊ (၂၂)ဂိုးအထိသြင္းထားပါတယ္။

ကြင္းလယ္မွာ အဓိကေဒါက္တိုက္ေတြျဖစ္တဲ့ မိုဒရစ္၊ တိုနီက႐ူးစ္တို႔

အသက္အ႐ြယ္ရလာၿပီဆိုေပမယ့္ အေတြ႕အႀကဳံနဲ႔ထိန္းကစားေနလို႔

ဆိုးဆိုး႐ြား႐ြားမျဖစ္သြားပါဘူး။ ဘာစီလိုနာအသင္းမွာ အဲရစ္ဂါစီယာ၊

ပတ္ဒရီ၊ ဘ႐ိုက္ဝိတ္တို႔ပါဝင္ႏိုင္ေျခမရွိေပမယ့္ ရီးယဲလ္အသင္းမွာေတာ့

အဓိက,ကစားသမားေတြ ဒဏ္ရာျပႆကင္းစင္ေနပါတယ္။

ဒါေပမဲ့ တစ္ခုရွိတာက ႏွစ္သင္းစလုံးမွာ အာ႐ုံစိုက္စရာ

တျခားၿပိဳင္ပြဲေတြရွိေနတာေၾကာင့္ အခုပြဲကို လူစုံထုတ္ပ့ါမလားဆိုတာ စဥ္းစားစရာပါပဲ။

ဘာစီလိုနာကစားသမားဘဝတုန္းက El Clasico ပြဲေပါင္း(၄၂)ပြဲအထိ

ကစားခဲ့တဲ့ ဇာဗီရဲ႕ ဘာစီလိုနာနည္းျပဘဝပထမဆုံး El Clasico ပြဲမွာ

ရလဒ္ေကာင္းဖို႔ခက္ခဲႏိုင္ၿပီး ဒီရာသီ လာလီဂါပထမအေက်ာ့အျဖစ္

ႏူးကမ့္မွာဆုံခဲ့တုန္းက ရီးယဲလ္အသင္းပဲအႏိုင္ရခဲ့တာေၾကာင့္

ဗိုလ္လုပြဲတက္မယ့္အသင္းအျဖစ္ ရီးယဲလ္ကို ေ႐ြးခ်ယ္ခ်င္ပါတယ္။