ဆိုးရွားလှတဲ့စည်းကမ်းချိုးဖောက်မှုမှတ်တမ်း ရှိနေပေမယ့် ကစားဟန်ကို ပြောင်းလဲမှာမဟုတ်တဲ့ ဇာခါ

ဂါရာနစ်ဇာခါကသူ့တွင်ဆိုးရွားလှတဲ့စည်းကမ်းချိုးဖောက်မှုမှတ်တမ်း

ရှိနေပေမဲ့လည်းကစားဟန်ကိုပြောင်းလဲသွားမှာမဟုတ်ကြောင်း

ပြောကြားလာပါတယ်။

အာဆင်နယ်အလယ်တန်းကစားသမားဟာကြားရက်တုန်းက

လီဗာပူးနှင့်ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်

အနီကတ်ပြသခြင်းခံခဲ့ရမှုနဲ့အတူယနေ့ညဘန်လေနှင့်ပွဲကိုပွဲပယ်ခံထားရပါတယ်။

သူဟာဂျိုတာရဲ့ရင်ဘတ်ကိုကန်ခဲ့မှုအတွက်ယခုရာသီမှ

ာဒုတိယမြောက်အနီကတ်ပြသခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ယင်းအနီကတ်ကသူ့ရဲ့အာဆင်နယ်ကစားသမားဘဝတစ်လျှောက်

၅ကြိမ်မြောက်အနီကတ်ဖြစ်သလို ကစားသမားဘဝတစ်လျှောက်

၁၂ကြိမ်မြောက်အနီကတ်ပြသခံရမှုလည်း ဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိဆွစ်ဇာလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ

၂၀၆ခုနှစ်တွင်အာဆင်နယ်သို့ပြောင်းလာပြီးနောက်

အဝါကတ်၆၃ကတ်အထိပြသခြင်းခံထားရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဇာခါက “ကျွန်တော်စီစဉ်ထားတဲ့အထဲမှာမပါပါဘူး။

တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး။

ဒါပေမဲ့တခါတလေကျရင်၅၀-၅၀အခြေအနေမျိုးမှာရှိပါတယ်။

အရဲစွန့်လုပ်ရတာမျိုးပေါ့။အခုလူတွေက

ဘာလို့အမြဲအရဲစွန့်လုပ်တာလဲလို့မေးကြတယ်။

ဒါကကျွန်တော့်စတိုင်ပါ။ဒီနေ့သော်လည်းကောင်း၊

မနက်ဖြန်သော်လည်းကောင်းပြောင်းမှာမဟုတ်ပါဘူး။

ပိုကောင်းအောင်လုပ်ရမယ်ဆိုတာသိပါတယ်”လို့ပြောကြားသွားပါတယ်။

သူဟာလီဗာပူးနှင့်ခါရာဘောင်ဖလားပွဲတုန်းကအနီကတ်ပြသခံရမှုကြောင့်

အာဆင်နယ်မှာ၆၆မိနစ်တိုင် လူတစ်ယောက်အလျှော့ဖြင့်ကစားရပါတယ်။

၎င်းက “အဲဒီတုန်းကဂျိုတာသာဘောလုံးရသွားရင်ဂိုးပါလိမ့်မယ်။

အဲဒီအခါသူတို့ကဘာလို့မတားတာလဲလို့မေးကြလိမ့်မယ်။

အခုသူ့ကိုတားလိုက်တယ်။

အဲဒီအခါကျပြန်တော့လဲဘာလို့အနီကတ်ပြခံရအောင်လုပ်သလဲလို့

မေးပြန်တယ်။အခုပြန်တွေးကြည့်ရင်လုပ်မလားဆိုမလုပ်ဘူးဘဲငြင်းမှာ။

အဲဒီတုန်းကစဉ်းစားဖို့စက္ကန့်ပိုင်းပဲအချိန်ရတာပါ။

ဒီတစ်ကြိမ်မှာမှားတာလုပ်မိသွားခဲ့တယ်”လို့ပြောကြားသွားပါတယ်။

တဖက်တွင်ဂရာနစ်ဇာခါဟာဒီဇင်ဘာလတုန်းကလိဒ်အား၄-၁ဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲတွင်နောက်ကျအဝါကတ်ဖြစ်ရပ်အတွက်စုံစမ်းခြင်းခံနေရပါတယ်။

သူဟာပွဲပြီးခါနီးမှာအချိန်ဖြုန်းမှုအတွက်အဝါကတ်ပြသခံခဲ့ရတာဖြစ်ပြီး

သူအဝါကတ်ပြသခံရမယ်လို့ လောင်းကြေးပေါင်၆၅၀၀၀ အထိ

လောင်းသူ ရှိနေမှုနဲ့အတူ စစ်ဆေးခံနေရတာပါ။

ယင်းလောင်းကြေးထပ်သူဟာဇာခါအဝါကတ်ပြသခံရမှုကြောင့်

လောင်းကြေးပေါင်၂၅၀၀၀၀ရရှိသွားခဲ့ပါတယ်။

zawgyi

ဆိုး႐ြားလွတဲ့စည္းကမ္းခ်ိဳးေဖာက္မႈမွတ္တမ္း ရွိေနေပမယ့္ ကစားဟန္ကို ေျပာင္းလဲမွာမဟုတ္တဲ့ ဇာခါ

ဂါရာနစ္ဇာခါကသူ႔တြင္ဆိုး႐ြားလွတဲ့စည္းကမ္းခ်ိဳးေဖာက္မႈမွတ္တမ္း

ရွိေနေပမဲ့လည္းကစားဟန္ကိုေျပာင္းလဲသြားမွာမဟုတ္ေၾကာင္း

ေျပာၾကားလာပါတယ္။

အာဆင္နယ္အလယ္တန္းကစားသမားဟာၾကားရက္တုန္းက

လီဗာပူးႏွင့္ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ပြဲစဥ္တြင္

အနီကတ္ျပသျခင္းခံခဲ့ရမႈနဲ႔အတူယေန႔ညဘန္ေလႏွင့္ပြဲကိုပြဲပယ္ခံထားရပါတယ္။

သူဟာဂ်ိဳတာရဲ႕ရင္ဘတ္ကိုကန္ခဲ့မႈအတြက္ယခုရာသီမွ

ာဒုတိယေျမာက္အနီကတ္ျပသျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ယင္းအနီကတ္ကသူ႔ရဲ႕အာဆင္နယ္ကစားသမားဘဝတစ္ေလွ်ာက္

၅ႀကိမ္ေျမာက္အနီကတ္ျဖစ္သလို ကစားသမားဘဝတစ္ေလွ်ာက္

၁၂ႀကိမ္ေျမာက္အနီကတ္ျပသခံရမႈလည္း ျဖစ္ပါတယ္။

အသက္၂၉ႏွစ္ရွိဆြစ္ဇာလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ

၂၀၆ခုႏွစ္တြင္အာဆင္နယ္သို႔ေျပာင္းလာၿပီးေနာက္

အဝါကတ္၆၃ကတ္အထိျပသျခင္းခံထားရသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဇာခါက “ကြၽန္ေတာ္စီစဥ္ထားတဲ့အထဲမွာမပါပါဘူး။

တမင္ရည္႐ြယ္ၿပီးလုပ္တာမဟုတ္ပါဘူး။

ဒါေပမဲ့တခါတေလက်ရင္၅၀-၅၀အေျခအေနမ်ိဳးမွာရွိပါတယ္။

အရဲစြန႔္လုပ္ရတာမ်ိဳးေပါ့။အခုလူေတြက

ဘာလို႔အၿမဲအရဲစြန႔္လုပ္တာလဲလို႔ေမးၾကတယ္။

ဒါကကြၽန္ေတာ့္စတိုင္ပါ။ဒီေန႔ေသာ္လည္းေကာင္း၊

မနက္ျဖန္ေသာ္လည္းေကာင္းေျပာင္းမွာမဟုတ္ပါဘူး။

ပိုေကာင္းေအာင္လုပ္ရမယ္ဆိုတာသိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

သူဟာလီဗာပူးႏွင့္ခါရာေဘာင္ဖလားပြဲတုန္းကအနီကတ္ျပသခံရမႈေၾကာင့္

အာဆင္နယ္မွာ၆၆မိနစ္တိုင္ လူတစ္ေယာက္အေလွ်ာ့ျဖင့္ကစားရပါတယ္။

၎က “အဲဒီတုန္းကဂ်ိဳတာသာေဘာလုံးရသြားရင္ဂိုးပါလိမ့္မယ္။

အဲဒီအခါသူတို႔ကဘာလို႔မတားတာလဲလို႔ေမးၾကလိမ့္မယ္။

အခုသူ႔ကိုတားလိုက္တယ္။

အဲဒီအခါက်ျပန္ေတာ့လဲဘာလို႔အနီကတ္ျပခံရေအာင္လုပ္သလဲလို႔

ေမးျပန္တယ္။အခုျပန္ေတြးၾကည့္ရင္လုပ္မလားဆိုမလုပ္ဘူးဘဲျငင္းမွာ။

အဲဒီတုန္းကစဥ္းစားဖို႔စကၠန႔္ပိုင္းပဲအခ်ိန္ရတာပါ။

ဒီတစ္ႀကိမ္မွာမွားတာလုပ္မိသြားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

တဖက္တြင္ဂရာနစ္ဇာခါဟာဒီဇင္ဘာလတုန္းကလိဒ္အား၄-၁ဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲတြင္ေနာက္က်အဝါကတ္ျဖစ္ရပ္အတြက္စုံစမ္းျခင္းခံေနရပါတယ္။

သူဟာပြဲၿပီးခါနီးမွာအခ်ိန္ျဖဳန္းမႈအတြက္အဝါကတ္ျပသခံခဲ့ရတာျဖစ္ၿပီး

သူအဝါကတ္ျပသခံရမယ္လို႔ ေလာင္းေၾကးေပါင္၆၅၀၀၀ အထိ

ေလာင္းသူ ရွိေနမႈနဲ႔အတူ စစ္ေဆးခံေနရတာပါ။

ယင္းေလာင္းေၾကးထပ္သူဟာဇာခါအဝါကတ္ျပသခံရမႈေၾကာင့္

ေလာင္းေၾကးေပါင္၂၅၀၀၀၀ရရွိသြားခဲ့ပါတယ္။