
အီဂျစ်အားကစားဝန်ကြီးအက်ရှ်ရေးဖ်ဆော့ဟီကမိုဟာမက်ဆာလာရဲ့အနာဂတ်ဟာ
လီဗာပူးတွင်ပင်ဆက်ရှိနေမယ်လို့ ပြောဆိုထားပါတယ်။
ဆာလာဟာလီဗာပူးနှင့်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး
စာချုပ်သစ်ချုပ်ဆိုရေးကလအတန်ကြာကြိုးပမ်းလာခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။
လီဗာပူးကဆာလာကိုတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀ဝန်းကျင်ရှိ
စာချုပ်သစ်ကမ်းလှမ်းထားပြီးဆာလာက
တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀အထိရရှိလိုနေပါတယ်။
“ ဆီနီဂေါ နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားအပြီးမှာ
ဆာလာ နဲ့ လေဆိပ်မှာ တွေ့ခဲ့ပါတယ်။
အဲဒီ အချိန် တုန်းကအခု ဖြစ်ခဲ့တာတွေ အားလုံး မေ့ပြီး ၊
နောက်ထပ် လာမယ့် အကြောင်းအရာတွေ ကိုပဲ အာရုံစိုက်ဖို့ သူ့ကို ပြောဖြစ်ပါတယ်။”
“တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကလပ် ကစားသမား ဘဝကို လီဗာပူး မှာထက်
အခြားတစ်နေရာမှာ ဆက်ပြီး လျှောက်လှမ်းကြည့်ဖို့ အကြံပြုဖြစ်ခဲ့ပါသေးတယ်။
ဒါပေမယ့် သူ့ရဲ့ ဦးတည်ချက်က လောလောဆယ်မှာ
လီဗာပူး နဲ့ စာချုပ် သက်တမ်း တိုးနိုင်ဖို့ အတွက်ပါပဲ။”
“ဆာလာ ကို ဆွဲချဖို့ တစ်စုံ တစ်ယောက် က ဒါမှမဟုတ် အဖွဲ့ တစ်ခုက
လုပ်နေတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်ကတော့ ဒါတွေ ဂရုစိုက် မနေဖို့ပဲ
အထူး မှာကြားခဲ့တာပါ” လို့ အီဂျစ် အားကစား ဝန်ကြီး က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
zawgyi
ဆာလာရဲ႕အနာဂတ္ဟာ လီဗာပူးမွာပဲဆက္ရွိေနမယ္လို႔ အီဂ်စ္အားကစား ဝန္ႀကီး ေျပာဆို
အီဂ်စ္အားကစားဝန္ႀကီးအက္ရွ္ေရးဖ္ေဆာ့ဟီကမိုဟာမက္ဆာလာရဲ႕အနာဂတ္ဟာ
လီဗာပူးတြင္ပင္ဆက္ရွိေနမယ္လို႔ ေျပာဆိုထားပါတယ္။
ဆာလာဟာလီဗာပူးႏွင့္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး
စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးကလအတန္ၾကာႀကိဳးပမ္းလာခဲ့ေပမဲ့မေအာင္ျမင္ခဲ့ပါဘူး။
လီဗာပူးကဆာလာကိုတစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀ဝန္းက်င္ရွိ
စာခ်ဳပ္သစ္ကမ္းလွမ္းထားၿပီးဆာလာက
တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀အထိရရွိလိုေနပါတယ္။
“ ဆီနီေဂါ နဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲ ကစားအၿပီးမွာ
ဆာလာ နဲ႔ ေလဆိပ္မွာ ေတြ႕ခဲ့ပါတယ္။
အဲဒီ အခ်ိန္ တုန္းကအခု ျဖစ္ခဲ့တာေတြ အားလုံး ေမ့ၿပီး ၊
ေနာက္ထပ္ လာမယ့္ အေၾကာင္းအရာေတြ ကိုပဲ အာ႐ုံစိုက္ဖို႔ သူ႔ကို ေျပာျဖစ္ပါတယ္။”
“တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ႕ ကလပ္ ကစားသမား ဘဝကို လီဗာပူး မွာထက္
အျခားတစ္ေနရာမွာ ဆက္ၿပီး ေလွ်ာက္လွမ္းၾကည့္ဖို႔ အႀကံျပဳျဖစ္ခဲ့ပါေသးတယ္။
ဒါေပမယ့္ သူ႔ရဲ႕ ဦးတည္ခ်က္က ေလာေလာဆယ္မွာ
လီဗာပူး နဲ႔ စာခ်ဳပ္ သက္တမ္း တိုးႏိုင္ဖို႔ အတြက္ပါပဲ။”
“ဆာလာ ကို ဆြဲခ်ဖို႔ တစ္စုံ တစ္ေယာက္ က ဒါမွမဟုတ္ အဖြဲ႕ တစ္ခုက
လုပ္ေနတာမ်ိဳးေတြ ရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ ဒါေတြ ဂ႐ုစိုက္ မေနဖို႔ပဲ
အထူး မွာၾကားခဲ့တာပါ” လို႔ အီဂ်စ္ အားကစား ဝန္ႀကီး က ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။