စီရော်နယ်လ်ကိုကျော်ဖြတ်ပြီး စီးရီးအေအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့လူကာကူ

၂၀၂၀-၂၁ ရာသီ စီးရီးအေ(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို

လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့တဲ့

စီရော်နယ်လ်ဒိုကိုကျော်ဖြတ်ပြီးတော့ လူကာကူက ဆွတ်ခူးရရှိခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီစီးရီးအေပြိုင်ပွဲမှာ

ဂျူဗင်တပ်စ်အသင်းအတွက် (၂၉)ဂိုးအထိသွင်းယူခဲ့ပြီး

သွင်းဂိုးအများဆုံးဖြစ်ခဲ့ပေမယ့် အင်တာမီလန်အသင်းနဲ့အတူ

စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့လူကာကူက အကောင်းဆုံးကစားသမားဆုရရှိခဲ့တာပါ။

လူကာကူနဲ့စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်၊

ဂျူဗင်တပ်စ်အသင်းတို့နဲ့အတူ ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ခဲ့ရသလို

တိုက်တိုက်ဆိုင်ဆိုင်ပဲ နွေရာသီကာလမှာ သူတို့အသင်းတွေနဲ့လမ်းခွဲပြီးတော့

ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ ၂၀၂၀-၂၁ ရာသီမှာ အင်တာမီလန်အသင်းအတွက်

(၂၄)ဂိုးသွင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ဝေးကွာနေတဲ့ စီးရီးအေဖလားကို

ပြန်လည်ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က စီးရီးအေ(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို

လက်ခံရရှိခဲ့တဲ့ လူကာကူဟာ သူ့အသင်းဟောင်းနဲ့ပရိသတ်တွေကို

ကျေးဇူးတင်စကားဆိုခဲ့ပြီး သူက “အင်တာမီလန်အသင်းဟာ

ကျွန်တော်တို့ကို အမြဲတမ်းအားပေးကူညီခဲ့သလို အသင်းပရိသတ်တွေကလည်း

အဲဒီအတိုင်းပဲဖြစ်ပြီး သူတို့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အီတလီမြေမှာ လူကာကူကို စီရော်နယ်လ်ဒိုက သွင်းဂိုးအသာရခဲ့သလို

အခု ပရီးမီးယားလိဂ်မှာလည်း စီရော်နယ်လ်ဒိုက (၁၂)ဂိုးသွင်းယူထားချိန်မှာ

လူကာကူကတော့(၅)ဂိုးသာသွင်းယူနိုင်ပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာကလပ်တွေမှာ နှစ်ယောက်စလုံးရုန်းကန်နေရပြီး

လူကာကူက အင်တာဗျူးမှာ နှုတ်ကျွံခဲ့တာကြောင့်

ပွဲထွက်ကစားခွင့်ပျောက်ဆုံးခဲ့ရသလို ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့အပြင်

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက ဘရိုက်တန်နဲ့ပွဲမှာဂိုးသွင်းပြီးနောက်ပိုင်း

ပရီးမီးယားလိဂ်မှာဂိုးပေါက်ပျောက်နေတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုကတော့ ဂိုးတွေသွင်းနေပေမယ့် ယူနိုက်တက်အသင်းရလဒ်တွေ

ယိမ်းယိုင်နေပြီး သူကိုယ်တိုင်လည်း ပွဲကြီးတွေမှာ

ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။

zawgyi

စီေရာ္နယ္လ္ကိုေက်ာ္ျဖတ္ၿပီး စီးရီးေအအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးခဲ့တဲ့လူကာကူ

၂၀၂၀-၂၁ ရာသီ စီးရီးေအ(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို

လိဂ္ၿပိဳင္ပြဲသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ခဲ့တဲ့

စီေရာ္နယ္လ္ဒိုကိုေက်ာ္ျဖတ္ၿပီးေတာ့ လူကာကူက ဆြတ္ခူးရရွိခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီစီးရီးေအၿပိဳင္ပြဲမွာ

ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၂၉)ဂိုးအထိသြင္းယူခဲ့ၿပီး

သြင္းဂိုးအမ်ားဆုံးျဖစ္ခဲ့ေပမယ့္ အင္တာမီလန္အသင္းနဲ႔အတူ

စီးရီးေအခ်န္ပီယံျဖစ္ခဲ့တဲ့လူကာကူက အေကာင္းဆုံးကစားသမားဆုရရွိခဲ့တာပါ။

လူကာကူနဲ႔စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္၊

ဂ်ဴဗင္တပ္စ္အသင္းတို႔နဲ႔အတူ ၿပိဳင္ဘက္ေတြအျဖစ္ရင္ဆိုင္ခဲ့ရသလို

တိုက္တိုက္ဆိုင္ဆိုင္ပဲ ေႏြရာသီကာလမွာ သူတို႔အသင္းေတြနဲ႔လမ္းခြဲၿပီးေတာ့

ခ်ယ္လ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ကိုေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

လူကာကူဟာ ၂၀၂၀-၂၁ ရာသီမွာ အင္တာမီလန္အသင္းအတြက္

(၂၄)ဂိုးသြင္းခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္ေဝးကြာေနတဲ့ စီးရီးေအဖလားကို

ျပန္လည္ရယူႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔က စီးရီးေအ(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို

လက္ခံရရွိခဲ့တဲ့ လူကာကူဟာ သူ႔အသင္းေဟာင္းနဲ႔ပရိသတ္ေတြကို

ေက်းဇူးတင္စကားဆိုခဲ့ၿပီး သူက “အင္တာမီလန္အသင္းဟာ

ကြၽန္ေတာ္တို႔ကို အၿမဲတမ္းအားေပးကူညီခဲ့သလို အသင္းပရိသတ္ေတြကလည္း

အဲဒီအတိုင္းပဲျဖစ္ၿပီး သူတို႔ကို ကြၽန္ေတာ္ေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အီတလီေျမမွာ လူကာကူကို စီေရာ္နယ္လ္ဒိုက သြင္းဂိုးအသာရခဲ့သလို

အခု ပရီးမီးယားလိဂ္မွာလည္း စီေရာ္နယ္လ္ဒိုက (၁၂)ဂိုးသြင္းယူထားခ်ိန္မွာ

လူကာကူကေတာ့(၅)ဂိုးသာသြင္းယူႏိုင္ပါတယ္။

ဒါေပမဲ့ သက္ဆိုင္ရာကလပ္ေတြမွာ ႏွစ္ေယာက္စလုံး႐ုန္းကန္ေနရၿပီး

လူကာကူက အင္တာဗ်ဴးမွာ ႏႈတ္ကြၽံခဲ့တာေၾကာင့္

ပြဲထြက္ကစားခြင့္ေပ်ာက္ဆုံးခဲ့ရသလို ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့အျပင္

ၿပီးခဲ့တဲ့ႏွစ္၊ ဒီဇင္ဘာလတုန္းက ဘ႐ိုက္တန္နဲ႔ပြဲမွာဂိုးသြင္းၿပီးေနာက္ပိုင္း

ပရီးမီးယားလိဂ္မွာဂိုးေပါက္ေပ်ာက္ေနတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုကေတာ့ ဂိုးေတြသြင္းေနေပမယ့္ ယူႏိုက္တက္အသင္းရလဒ္ေတြ

ယိမ္းယိုင္ေနၿပီး သူကိုယ္တိုင္လည္း ပြဲႀကီးေတြမွာ

ေျခစြမ္းမျပႏိုင္လို႔ ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ေနရတာပါ။