စီရော်နယ်ဒိုမပါသေးတဲ့ လိုရီဟိုတယ်ရောက် မန်ယူအသင်းရဲ့လူစာရင်း

မန်ယူအသင်းဟာဒီကနေ့မှာ လက်စတာနဲ့ကစားရမယ့်ပွဲအတွက် သောကြာနေ့ညက

သူတို့အိမ်ကွင်းအတွက်တည်း ခိုနေကျ လိုရီဟိုတယ်ကိုရောက်ရှိလာခဲ့ရာမှာ

စီရော်နယ်ဒိုပါဝင်ခြင်းမရှိဘူးလို့ မန်ချက်စတာညနေခင်းသတင်းစာကဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာပွဲတွေပြီးဆုံးတဲ့နောက် မန်ယူအသင်းဟာ

ပရီးမီးယားလိဂ်ပြန်ကစားရတော့မှာဖြစ်ပြီး

ဘရန်ဒန်ရော်ဂျာရဲ့လက်စတာနဲ့ရင်ဆိုင်ရမှာပါ။

မန်ယူဟာအဆင့် ၄ အတွင်းဝင်ရေးအတွက်

လက်စတာနဲ့ပွဲအပါအဝင်လက်ကျန် ၉ ပွဲက

အရေးပါနေလို့ ဒီကနေ့ပွဲကိုအပြင်းအထန်အာရုံစိုက်ဖို့လိုအပ်နေပါတယ်။

စီရော်နယ်ဒိုဟာပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်ကာလအတွင်း

ပေါ်တူဂီအသင်းကမ္ဘာ့ဖလားခြေစစ်ပွဲ

အောင်မြင်ရေးအတွက် ၂ ပွဲကစားခဲ့ရာမှာမိနစ် ၁၈၀ ပြည့်ပါဝင်ခဲ့ရသူပါ။

လက်ရှိမှာသူ့ရဲ့အတူနေချစ်သူဖြစ်တဲ့ဂျော်ဂျီနာကလည်း

ကိုယ်ဝန်အရင့်အမာကြီးနဲ့ဖြစ်နေလို့မန်ယူရဲ့ ၂၁ ဦးလူစာရင်းမှာ

သူ မပါလာတာဟာ ဒီအချက်ကြောင့်ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။

လိုရီဟိုတယ်ကိုရောက်လာတဲ့ မန်ယူအသင်းမှာ

ပေါ်တူဂီအသင်းကို ကမ္ဘာဖလားဝင်ခွင့်ရအောင်

ပို့ဆောင်ပေးခဲ့တဲ့ ဖာနန်ဒက်စ်ပါဝင်လာခဲ့ပါတယ်။

သူဟာ စီရော်နယ်ဒိုလိုဘဲ ပေါ်တူဂီအသင်းအတွက်

ခြေစစ်ပွဲ ၂ ပွဲလုံးပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

လစာ (၂)ဆတိုးရရှိတဲ့ စာချုပ်သစ်ကို ကြာသပတေးနေ့ကချုပ်ဆိုထားပြီး

သူနဲ့ယူနိုက်တက်တို့ရဲ့စာချုပ်သက်တမ်းဟာ ၅ နှစ်သက်တမ်းရှိတယ်လို့လည်း သိရပါတယ်။

အင်္ဂလန်အသင်းမှာ လှောင်ပြောင်ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား နဲ့ပတ်သက်ပြီး

နည်းပြရန်းနစ်ခ်ကတော့ အသင်းအတွက်ခြေစွမ်းပြပြီး ဖိအား တွေအောက်ကနေ

ရုန်းထွက်လာနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်အသင်းမှာရှိနေတုန်း ဒဏ်ရာအနည်းငယ်စီရှိခဲ့ကြတဲ့

နောက်ခံလူ ဗာရန်းနဲ့ ကွင်းလယ်လူပေါ့ဂ်ဘာ တို့လည်းလူစာရင်းမှာပါလာခဲ့ပါတယ်။

ဝါရင့်တိုက်စစ်မှူး ကာဗာနီ ကတော့ဥရုဂွေးအသင်းမှာရှိနေစဉ် ကြွက်သားဒဏ်ရာရခဲ့လို့

လိုရီဟိုတယ်ကိုရောက်လာတဲ့ မန်ယူအသင်းမှာမပါခဲ့ပါဘူး။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ ဒဏ်ရာကြောင့်ရေရှည်အနားယူရနိုင်တယ်လို့

နည်းပြရန်းနစ်ခ်ကပြောထားလို့ သူ့ကိုလာမယ့်သီတင်းပတ်အနည်းငယ်အထိ

မန်ယူအသင်းမှာတွေ့ရဖို့မရှိပါဘူး။

မန်ယူအသင်းရဲအတည်ပြုလူစာရင်းကတော့.. ဒီဂီယာ၊ ဟန်ဒါဆန်၊ လီဂရန့်၊

ဘစ်ဆာကာ၊ ဒါလော့တ်၊ ဗာရန်း၊မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဖီးလ်ဂျုံးစ်၊

လုခ်ရှော၊ တဲလက်စ်၊ တွန်မီနေး၊ ဖရက်ဒ်၊ မာတစ်၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်၊

မာတာ၊ လင်ဂတ်၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါ တို့ဖြစ်ပါတယ်။

zawgyi

စီေရာ္နယ္ဒိုမပါေသးတဲ့ လိုရီဟိုတယ္ေရာက္ မန္ယူအသင္းရဲ႕လူစာရင္း

မန္ယူအသင္းဟာဒီကေန႔မွာ လက္စတာနဲ႔ကစားရမယ့္ပြဲအတြက္ ေသာၾကာေန႔ညက

သူတို႔အိမ္ကြင္းအတြက္တည္း ခိုေနက် လိုရီဟိုတယ္ကိုေရာက္ရွိလာခဲ့ရာမွာ

စီေရာ္နယ္ဒိုပါဝင္ျခင္းမရွိဘူးလို႔ မန္ခ်က္စတာညေနခင္းသတင္းစာကေဖာ္ျပလိုက္ပါတယ္။

ႏိုင္ငံတကာပြဲေတြၿပီးဆုံးတဲ့ေနာက္ မန္ယူအသင္းဟာ

ပရီးမီးယားလိဂ္ျပန္ကစားရေတာ့မွာျဖစ္ၿပီး

ဘရန္ဒန္ေရာ္ဂ်ာရဲ႕လက္စတာနဲ႔ရင္ဆိုင္ရမွာပါ။

မန္ယူဟာအဆင့္ ၄ အတြင္းဝင္ေရးအတြက္

လက္စတာနဲ႔ပြဲအပါအဝင္လက္က်န္ ၉ ပြဲက

အေရးပါေနလို႔ ဒီကေန႔ပြဲကိုအျပင္းအထန္အာ႐ုံစိုက္ဖို႔လိုအပ္ေနပါတယ္။

စီေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ႏိုင္ငံတကာသီတင္းပတ္ကာလအတြင္း

ေပၚတူဂီအသင္းကမာၻ႔ဖလားေျခစစ္ပြဲ

ေအာင္ျမင္ေရးအတြက္ ၂ ပြဲကစားခဲ့ရာမွာမိနစ္ ၁၈၀ ျပည့္ပါဝင္ခဲ့ရသူပါ။

လက္ရွိမွာသူ႔ရဲ႕အတူေနခ်စ္သူျဖစ္တဲ့ေဂ်ာ္ဂ်ီနာကလည္း

ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ျဖစ္ေနလို႔မန္ယူရဲ႕ ၂၁ ဦးလူစာရင္းမွာ

သူ မပါလာတာဟာ ဒီအခ်က္ေၾကာင့္ျဖစ္ႏိုင္တယ္လို႔လည္းဆိုပါတယ္။

လိုရီဟိုတယ္ကိုေရာက္လာတဲ့ မန္ယူအသင္းမွာ

ေပၚတူဂီအသင္းကို ကမာၻဖလားဝင္ခြင့္ရေအာင္

ပို႔ေဆာင္ေပးခဲ့တဲ့ ဖာနန္ဒက္စ္ပါဝင္လာခဲ့ပါတယ္။

သူဟာ စီေရာ္နယ္ဒိုလိုဘဲ ေပၚတူဂီအသင္းအတြက္

ေျခစစ္ပြဲ ၂ ပြဲလုံးပါဝင္ကစားခဲ့သူလည္းျဖစ္ပါတယ္။

လစာ (၂)ဆတိုးရရွိတဲ့ စာခ်ဳပ္သစ္ကို ၾကာသပေတးေန႔ကခ်ဳပ္ဆိုထားၿပီး

သူနဲ႔ယူႏိုက္တက္တို႔ရဲ႕စာခ်ဳပ္သက္တမ္းဟာ ၅ ႏွစ္သက္တမ္းရွိတယ္လို႔လည္း သိရပါတယ္။

အဂၤလန္အသင္းမွာ ေလွာင္ေျပာင္ခံခဲ့ရတဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား နဲ႔ပတ္သက္ၿပီး

နည္းျပရန္းနစ္ခ္ကေတာ့ အသင္းအတြက္ေျခစြမ္းျပၿပီး ဖိအား ေတြေအာက္ကေန

႐ုန္းထြက္လာႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျပင္သစ္အသင္းမွာရွိေနတုန္း ဒဏ္ရာအနည္းငယ္စီရွိခဲ့ၾကတဲ့

ေနာက္ခံလူ ဗာရန္းနဲ႔ ကြင္းလယ္လူေပါ့ဂ္ဘာ တို႔လည္းလူစာရင္းမွာပါလာခဲ့ပါတယ္။

ဝါရင့္တိုက္စစ္မႉး ကာဗာနီ ကေတာ့ဥ႐ုေဂြးအသင္းမွာရွိေနစဥ္ ႂကြက္သားဒဏ္ရာရခဲ့လို႔

လိုရီဟိုတယ္ကိုေရာက္လာတဲ့ မန္ယူအသင္းမွာမပါခဲ့ပါဘူး။

အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ကာဗာနီဟာ ဒဏ္ရာေၾကာင့္ေရရွည္အနားယူရႏိုင္တယ္လို႔

နည္းျပရန္းနစ္ခ္ကေျပာထားလို႔ သူ႔ကိုလာမယ့္သီတင္းပတ္အနည္းငယ္အထိ

မန္ယူအသင္းမွာေတြ႕ရဖို႔မရွိပါဘူး။

မန္ယူအသင္းရဲအတည္ျပဳလူစာရင္းကေတာ့.. ဒီဂီယာ၊ ဟန္ဒါဆန္၊ လီဂရန႔္၊

ဘစ္ဆာကာ၊ ဒါေလာ့တ္၊ ဗာရန္း၊မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဖီးလ္ဂ်ဳံးစ္၊

လုခ္ေရွာ၊ တဲလက္စ္၊ တြန္မီေနး၊ ဖရက္ဒ္၊ မာတစ္၊ ေပါ့ဂ္ဘာ၊ ဖာနန္ဒက္စ္၊

မာတာ၊ လင္ဂတ္၊ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ အီလန္ဂါ တို႔ျဖစ္ပါတယ္။