
လက်စတာနဲ့ရင်ဆိုင်ခဲ့တဲ့ ပွဲမှာမန်ယူအသင်းရဲ့လူစာရင်းမှာ စီရော်နယ်ဒိုမပါနိုင်ခဲ့တာဟာ
ဖျားနေတာကြောင့်လို့နည်းပြရန်းနစ်ခ် ကဆိုခဲ့ပေမယ့်
ဒီပွဲလွဲပြီးနောက်ပထမဆုံးအကြိမ်အဖြစ်သူတင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ်ကြောင့်
သူလွဲချော်ခဲ့တာကိုအားလုံးက ပဟေဠိဖြစ်နေကြတယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုမပါခဲ့တဲ့မန်ယူဟာ အိမ်ကွင်းမှာ
လက်စတာနဲ့ ၁-၁ သရေကျခဲ့လို့သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုလည်း
အကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။
အဲဒီပွဲမတိုင်ခင်မှာ နည်းပြရန်းနစ်ခ်က စီရော်နယ်ဒိုထံမှာ တုပ်ကွေးရောဂါလက္ခဏာတွေ
တွေ့ခဲ့လို့ လက်စတာနဲ့ပွဲကိုပါဝင်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့သေးတာပါ။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာရန်းနစ်ခ်က” ကံမကောင်းစွာနဲ့ဘဲ
မနေ့တုန်းကစီရော်နယ်ဒိုထံမှာ တုပ်ကွေးရောဂါလက္ခဏာတွေတွေ့ခဲ့ရပါတယ်။
ဒီကနေ့ပွဲမှာသူပါသင့်တာအမှန်ဖြစ်ပေမယ့် နေကလည်းမကောင်းတဲ့အပြင်
လေ့ကျင့်ခန်းလည်းမလုပ်နိုင်ခဲ့ပါဘူး။
ကလပ်ဆရာဝန်ကဒီကနေ့မနက်သူ့အိမ်သွားပြီးစစ်ဆေးတဲ့အခါမှာ
စီရော်နယ်ဒိုဟာမနေ့ကလိုဘဲနေထိုင်မကောင်းဖြစ်နေသေးလို့
ကစားနိုင်တော့မှာမဟုတ်ပါဘူး” လို့ပြောခဲ့တာပါ။
ဒါကြောင့်အားလုံးကလည်း စီရော်နယ်ဒိုနေမကောင်းလို့ မပါနိုင်ဘူးလို့ဘဲထင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီကနေ့မနက်ပိုင်း အင်စတာဂရမ်မှာသူတင်ခဲ့တဲ့ပို့စ်ကြောင့်
အားလုံးကပဟေဠိဖြစ်သွားကြတာပါ။
စီရော်နယ်ဒိုဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့သူ့ချစ်သူ ဂျော်ဂျီနာအပြင်
ကလေး ၄ ယောက်နဲ့အတူ ရှိနေတဲ့ပုံကိုတင်ပြီး” မိသားစုက အရာရာပါ” လို့ ပုံစာရေးခဲ့ပါတယ်။
ဒါ့အပြင်သူက လက်စတာနဲ့ပွဲမပါနိုင်တာကို ဘာမှအကြောင်းပြချက်မပေးခဲ့တဲ့အတွက်
သူနေမကောင်းလို့ မပါနိုင်တာ ဟုတ်ပါ့မလားလို့လည်းမေးခွန်းထုတ်နေကြတာပါ။
ဒါကြောင့်လည်းပရိသတ်တွေကစီရော်နယ်ဒို တကယ်နေမကောင်းဖြစ်တာလား၊
မိသားစုကိစ္စရှိနေလို့လား ဆိုတာကိုဝေခွဲမရဘဲ ပဟေဠိဖြစ်နေကြတာပါ။
zawgyi
စီေရာ္နယ္ဒိုပို႔စ္ေၾကာင့္ လက္စတာနဲ႔ပြဲမွာသူမပါႏိုင္တဲ့အေပၚပေဟဠိျဖစ္ေနၾကတဲ့ မန္ယူပရိသတ္မ်ား
လက္စတာနဲ႔ရင္ဆိုင္ခဲ့တဲ့ ပြဲမွာမန္ယူအသင္းရဲ႕လူစာရင္းမွာ စီေရာ္နယ္ဒိုမပါႏိုင္ခဲ့တာဟာ
ဖ်ားေနတာေၾကာင့္လို႔နည္းျပရန္းနစ္ခ္ ကဆိုခဲ့ေပမယ့္
ဒီပြဲလြဲၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္သူတင္ခဲ့တဲ့ အင္စတာဂရမ္ပို႔စ္ေၾကာင့္
သူလြဲေခ်ာ္ခဲ့တာကိုအားလုံးက ပေဟဠိျဖစ္ေနၾကတယ္လို႔ သိရပါတယ္။
အသက္ ၃၇ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုမပါခဲ့တဲ့မန္ယူဟာ အိမ္ကြင္းမွာ
လက္စတာနဲ႔ ၁-၁ သေရက်ခဲ့လို႔သူတို႔ရဲ႕ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ကိုလည္း
အႀကီးအက်ယ္ထိခိုက္ေစခဲ့ပါတယ္။
အဲဒီပြဲမတိုင္ခင္မွာ နည္းျပရန္းနစ္ခ္က စီေရာ္နယ္ဒိုထံမွာ တုပ္ေကြးေရာဂါလကၡဏာေတြ
ေတြ႕ခဲ့လို႔ လက္စတာနဲ႔ပြဲကိုပါဝင္ႏိုင္မွာမဟုတ္ဘူးလို႔ ေျပာခဲ့ေသးတာပါ။
ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာရန္းနစ္ခ္က” ကံမေကာင္းစြာနဲ႔ဘဲ
မေန႔တုန္းကစီေရာ္နယ္ဒိုထံမွာ တုပ္ေကြးေရာဂါလကၡဏာေတြေတြ႕ခဲ့ရပါတယ္။
ဒီကေန႔ပြဲမွာသူပါသင့္တာအမွန္ျဖစ္ေပမယ့္ ေနကလည္းမေကာင္းတဲ့အျပင္
ေလ့က်င့္ခန္းလည္းမလုပ္ႏိုင္ခဲ့ပါဘူး။
ကလပ္ဆရာဝန္ကဒီကေန႔မနက္သူ႔အိမ္သြားၿပီးစစ္ေဆးတဲ့အခါမွာ
စီေရာ္နယ္ဒိုဟာမေန႔ကလိုဘဲေနထိုင္မေကာင္းျဖစ္ေနေသးလို႔
ကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး” လို႔ေျပာခဲ့တာပါ။
ဒါေၾကာင့္အားလုံးကလည္း စီေရာ္နယ္ဒိုေနမေကာင္းလို႔ မပါႏိုင္ဘူးလို႔ဘဲထင္ခဲ့ၾကတာပါ။
ဒါေပမယ့္ ဒီကေန႔မနက္ပိုင္း အင္စတာဂရမ္မွာသူတင္ခဲ့တဲ့ပို႔စ္ေၾကာင့္
အားလုံးကပေဟဠိျဖစ္သြားၾကတာပါ။
စီေရာ္နယ္ဒိုဟာ ကိုယ္ဝန္အရင့္အမာႀကီးနဲ႔သူ႔ခ်စ္သူ ေဂ်ာ္ဂ်ီနာအျပင္
ကေလး ၄ ေယာက္နဲ႔အတူ ရွိေနတဲ့ပုံကိုတင္ၿပီး” မိသားစုက အရာရာပါ” လို႔ ပုံစာေရးခဲ့ပါတယ္။
ဒါ့အျပင္သူက လက္စတာနဲ႔ပြဲမပါႏိုင္တာကို ဘာမွအေၾကာင္းျပခ်က္မေပးခဲ့တဲ့အတြက္
သူေနမေကာင္းလို႔ မပါႏိုင္တာ ဟုတ္ပါ့မလားလို႔လည္းေမးခြန္းထုတ္ေနၾကတာပါ။
ဒါေၾကာင့္လည္းပရိသတ္ေတြကစီေရာ္နယ္ဒို တကယ္ေနမေကာင္းျဖစ္တာလား၊
မိသားစုကိစၥရွိေနလို႔လား ဆိုတာကိုေဝခြဲမရဘဲ ပေဟဠိျဖစ္ေနၾကတာပါ။