
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီမှာ စိတ်ပျက်စရာအနေအထားနဲ့ရင်ဆိုင်နေရပြီး
စီရော်နယ်လ်ဒိုကတော့ သူရဖို့ရှိနေတဲ့ ဆုကြေးငွေပေါင်(၅)သန်းကို
လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ယူနိုက်တက်ဆီ
ပြန်လည်ပြောင်းရွှေ့ခဲ့သူ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်မှာ
တစ်ပတ်ကိုပေါင်(၇၅၀,၀၀၀)အထိရရှိခဲ့တာကြောင့်
ယူနိုက်တက်အသင်းက အဲဒီပမာဏနဲ့ကိုက်ညီအောင်
တစ်ပတ်ကို ပေါင်(၄၈၀,၀၀၀)နဲ့အောင်မြင်မှုအလိုက်
မြင့်မားတဲ့ဆုကြေးငွေချီးမြှင့်ဖို့ သဘောတူညီခဲ့တာပါ။
ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ ဒီရာသီမှာမတည်မငြိမ်ဖြစ်ပြီး
(၅)ရာသီဆက်တိုက်ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အတွက် စီရော်နယ်လ်ဒိုဟာ
သူရရှိမယ့်ဆုကြေးငွေတွေကို လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်ရောက်နိုင်ရင်
စီရော်နယ်လ်ဒိုက ပေါင်(၂.၅)သန်းဆုကြေးရရှိမှာဖြစ်ပေမယ့်
ယူနိုက်တက်တို့ ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်နောက်ပိုင်းကတည်းကဝေးကွာနေတဲ့
ပရီးမီးယားလိဂ်ဖလားရယူနိုင်မယ်ဆိုရင် စီရော်နယ်လ်ဒိုဟာ
ပေါင်(၁.၅)သန်းရမှာဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းဟာ
ရာသီစလို့ (၃)ပုံ(၁)ပုံမှာကတည်းက ချန်ပီယံမျှော်လင့်ချက်မရှိသလောက်ဖြစ်ခဲ့ရပြီး
အခုအချိန်မှာလည်း အဆင့်(၄)နေရာရဖို့တောင် မနည်းရုန်းကန်နေရတာပါ။
ဒါ့အပြင် FA ဖလား၊ လိဂ်ဖလားစတဲ့ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲတွေမှ
ာ ယူနိုက်တက်အသင်း စောစောစီးစီးထွက်ခဲ့ရတာကြောင့်
စီရော်နယ်လ်ဒိုအတွက် နစ်နာခဲ့ရပြီး တကယ်လို့ ယူူနိုက်တက်အသင်းသာ
လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါတယ်။
စီရော်နယ်လ်ဒိုအတွက် ဆုကြေးရဖို့တစ်ခုတည်းသောမျှော်လင့်ချက်က
အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ဖို့ဖြစ်ပြီး
ပြိုင်ပွဲစုံမှာ(၁၈)ဂိုးအထိသွင်းထားတဲ့ စီရော်နယ်လ်ဒိုဟာ
ဒုတိယသွင်းဂိုးအများဆုံးဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်ကို
သွင်းဂိုးထက်ဝက်အသာရနေတာလည်းဖြစ်ပါတယ်။
zawgyi
စိတ္ပ်က္စရာရလဒ္ဆိုးေတြေၾကာင့္ စီေရာ္နယ္လ္ဒိုကေတာ့ ဆုေၾကးေငြေပါင္(၅)သန္းကို လက္လႊတ္လိုက္ရၿပီျဖစ္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ စိတ္ပ်က္စရာအေနအထားနဲ႔ရင္ဆိုင္ေနရၿပီး
စီေရာ္နယ္လ္ဒိုကေတာ့ သူရဖို႔ရွိေနတဲ့ ဆုေၾကးေငြေပါင္(၅)သန္းကို
လက္လႊတ္လိုက္ရၿပီျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္စ္အသင္းကေန ယူႏိုက္တက္ဆီ
ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သူ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္မွာ
တစ္ပတ္ကိုေပါင္(၇၅၀,၀၀၀)အထိရရွိခဲ့တာေၾကာင့္
ယူႏိုက္တက္အသင္းက အဲဒီပမာဏနဲ႔ကိုက္ညီေအာင္
တစ္ပတ္ကို ေပါင္(၄၈၀,၀၀၀)နဲ႔ေအာင္ျမင္မႈအလိုက္
ျမင့္မားတဲ့ဆုေၾကးေငြခ်ီးျမႇင့္ဖို႔ သေဘာတူညီခဲ့တာပါ။
ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာမတည္မၿငိမ္ျဖစ္ၿပီး
(၅)ရာသီဆက္တိုက္ဖလားလက္မဲ့ျဖစ္ခဲ့ရတဲ့အတြက္ စီေရာ္နယ္လ္ဒိုဟာ
သူရရွိမယ့္ဆုေၾကးေငြေတြကို လက္လႊတ္လိုက္ရတာလည္းျဖစ္ပါတယ္။
ဒီရာသီမွာ ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ရင္
စီေရာ္နယ္လ္ဒိုက ေပါင္(၂.၅)သန္းဆုေၾကးရရွိမွာျဖစ္ေပမယ့္
ယူႏိုက္တက္တို႔ ရႈံးထြက္(၁၆)သင္းအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။
၂၀၁၃ ခုႏွစ္ေနာက္ပိုင္းကတည္းကေဝးကြာေနတဲ့
ပရီးမီးယားလိဂ္ဖလားရယူႏိုင္မယ္ဆိုရင္ စီေရာ္နယ္လ္ဒိုဟာ
ေပါင္(၁.၅)သန္းရမွာျဖစ္ေပမယ့္လည္း ယူႏိုက္တက္အသင္းဟာ
ရာသီစလို႔ (၃)ပုံ(၁)ပုံမွာကတည္းက ခ်န္ပီယံေမွ်ာ္လင့္ခ်က္မရွိသေလာက္ျဖစ္ခဲ့ရၿပီး
အခုအခ်ိန္မွာလည္း အဆင့္(၄)ေနရာရဖို႔ေတာင္ မနည္း႐ုန္းကန္ေနရတာပါ။
ဒါ့အျပင္ FA ဖလား၊ လိဂ္ဖလားစတဲ့ ျပည္တြင္းရႈံးထြက္ဖလားၿပိဳင္ပြဲေတြမွ
ာ ယူႏိုက္တက္အသင္း ေစာေစာစီးစီးထြက္ခဲ့ရတာေၾကာင့္
စီေရာ္နယ္လ္ဒိုအတြက္ နစ္နာခဲ့ရၿပီး တကယ္လို႔ ယူူႏိုက္တက္အသင္းသာ
လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ရင္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိေနပါတယ္။
စီေရာ္နယ္လ္ဒိုအတြက္ ဆုေၾကးရဖို႔တစ္ခုတည္းေသာေမွ်ာ္လင့္ခ်က္က
အသင္းရဲ႕ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ႏိုင္ဖို႔ျဖစ္ၿပီး
ၿပိဳင္ပြဲစုံမွာ(၁၈)ဂိုးအထိသြင္းထားတဲ့ စီေရာ္နယ္လ္ဒိုဟာ
ဒုတိယသြင္းဂိုးအမ်ားဆုံးျဖစ္ေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို
သြင္းဂိုးထက္ဝက္အသာရေနတာလည္းျဖစ္ပါတယ္။