
စပါးစ်ပစ်မှတ်ထားနေတဲ့ဖရန့်ကက်ဆီဟာဘာစီလိုနာသို့ပြောင်းရန်
သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
အေစီမီလန်ကွင်းလယ်ကစားသမားဟာယူနိုက်တက်၊
လီဗာပူး၊အာဆင်နယ်၊ပီအက်စ်ဂျီနှင့်ရီးရဲလ်မက်ဒရစ်တို့ရဲ့
ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။
အသက်၂၅နှစ်ရှိကက်ဆီဟာယခုရာသီအကုန်တွင်မီလန်နှင့်
စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်တွင်အိုင်ဗရီကို့စ်နှင့်အတူ
အာဖရိကဖလားပြိုင်ပွဲသွားရောက်ကစားနေပါတယ်။
စပါးစ်ဟာကက်ဆီကိုပြောင်းရွှေ့ကြေးပေါင်၁၁သန်းဖြင့်ခေါ်ယူရန်
မီလန်နှင့်သဘောတူညီမှုရရှိခဲ့ပေမဲ့
ကစားသမားဘက်ကပြောင်းရန်ငြင်းဆိုခဲ့ပါတယ်။
Sportitalia ရဲ့ဖော်ပြချက်အရအတ္တလန္တာကွင်းလယ်ကစားသမားရဲ့
အေးဂျင့်များဟာဘာစီလိုနာသို့နွေရာသီတွင်ပြောင်းရွှေ့ကစားရန်
သဘောတူညီမှုရယူထားပြီဖြစ်ကြောင်းဖော်ပြလာပါတယ်။
zawgyi
စပါးစ်ပစ်မှတ်ထားနေတဲ့ မီလန်စတားကက်ဆီ ဘာစီလိုနာသို့ပြောင်းရန် သဘောတူညီမှုရရှိသွားပြီဖြစ်