စပါးကို လိုက်တုရင် ပိုက်ဆံတောင်လိုပုံပေးရမယ်လို့ သတိပေးခံရတဲ့ ယူနိုက်တက်

ယူနိုက်တက်ရဲ့ အိုးထရက်ဖိုဒ့်ကွင်းကို ဖြိုချပြီး ကွင်းသစ် ပြန်တည်ဆောက်မယ်ဆိုရင်

ပေါင် ၁.၅ ဘီလျံ ကုန်ကျမှာဖြစ်ကြောင်း အကြံပေးအဖွဲ့က

မန်ချက်စတာ ကလပ်ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒါဟာ ပေါင် ၁.၁ ဘီလျံထိ ကုန်ကျခဲ့တဲ့ စပါးအသင်းကွင်းသစ်

တည်ဆောက်စရိတ်ထက်ကို ပိုမို ကုန်ကျသွားမှာ ဖြစ်ပါတယ်။

၁၁၂ နှစ် သက်တမ်းရှိကွင်းကို ဖြိုချဖို့ဆိုတာက ကွင်းစီမံကိန်းမှာ

ပါဝင်တဲ့ ဗိသုကာပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ

စစ်ဆေးအကဲဖြတ်ခဲ့တဲ့ အဆိုပြုချက်တွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ဟာ ကလပ်က လက်ရှိစဉ်းစားနေတဲ့

အစီအစဉ် ၃ခုထဲမှာ တစ်ခု အပါအဝင် ဖြစ်နေပါတယ်။

ယူနိုက်တက်အတွက် လုံးဝ ကွင်းအသစ်ကြီးမှာ ကစားဖို့ အကြီးမားဆုံး

အတားအဆီးတစ်ခုက ကွင်းကို ဖြိုဖျက်တည်ဆောက်နေစဉ်အတွင်း

နှစ်နှစ်လောက် တခြားနေရာမှာ အိမ်ကွင်းအဖြစ် ကစားဖို့ ရှာဖွေရတော့မှာပါ။

လွန်ခဲ့တဲ့ နှစ်များစွာအတွင်း အိုးထရက်ဖိုဒ့်ကွင်းကို အဆင့်မြှင့်တင်ဖို့

အကြိမ်များစွာ ကြိုးပမ်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။

အသင်းက ဖလားတွေနဲ့ဝေးပြီး၊ အဆင့် ၄ ဝင်ဖို့တောင်

ယက်ကန်ယက်ကန် ဖြစ်နေတာ ပိုက်ဆံကုန်ပေါက်ဆိုရင်တော့

တာဝန်ရှိသူတွေ ကြံဖန်တွေးတတ်ပါတယ်။

zawgyi

စပါးကို လိုက္တုရင္ ပိုက္ဆံေတာင္လိုပုံေပးရမယ္လို႔ သတိေပးခံရတဲ့ ယူႏိုက္တက္

ယူႏိုက္တက္ရဲ႕ အိုးထရက္ဖိုဒ့္ကြင္းကို ၿဖိဳခ်ၿပီး ကြင္းသစ္ ျပန္တည္ေဆာက္မယ္ဆိုရင္

ေပါင္ ၁.၅ ဘီလ်ံ ကုန္က်မွာျဖစ္ေၾကာင္း အႀကံေပးအဖြဲ႕က

မန္ခ်က္စတာ ကလပ္ကို သတိေပးခဲ့တယ္လို႔ သိရပါတယ္။

အဲဒါဟာ ေပါင္ ၁.၁ ဘီလ်ံထိ ကုန္က်ခဲ့တဲ့ စပါးအသင္းကြင္းသစ္

တည္ေဆာက္စရိတ္ထက္ကို ပိုမို ကုန္က်သြားမွာ ျဖစ္ပါတယ္။

၁၁၂ ႏွစ္ သက္တမ္းရွိကြင္းကို ၿဖိဳခ်ဖို႔ဆိုတာက ကြင္းစီမံကိန္းမွာ

ပါဝင္တဲ့ ဗိသုကာပညာရွင္ေတြနဲ႔ အင္ဂ်င္နီယာေတြ

စစ္ေဆးအကဲျဖတ္ခဲ့တဲ့ အဆိုျပဳခ်က္ေတြထဲက တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။

ဒီအဆိုျပဳခ်က္ဟာ ကလပ္က လက္ရွိစဥ္းစားေနတဲ့

အစီအစဥ္ ၃ခုထဲမွာ တစ္ခု အပါအဝင္ ျဖစ္ေနပါတယ္။

ယူႏိုက္တက္အတြက္ လုံးဝ ကြင္းအသစ္ႀကီးမွာ ကစားဖို႔ အႀကီးမားဆုံး

အတားအဆီးတစ္ခုက ကြင္းကို ၿဖိဳဖ်က္တည္ေဆာက္ေနစဥ္အတြင္း

ႏွစ္ႏွစ္ေလာက္ တျခားေနရာမွာ အိမ္ကြင္းအျဖစ္ ကစားဖို႔ ရွာေဖြရေတာ့မွာပါ။

လြန္ခဲ့တဲ့ ႏွစ္မ်ားစြာအတြင္း အိုးထရက္ဖိုဒ့္ကြင္းကို အဆင့္ျမႇင့္တင္ဖို႔

အႀကိမ္မ်ားစြာ ႀကိဳးပမ္းခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ပါဘူး။

အသင္းက ဖလားေတြနဲ႔ေဝးၿပီး၊ အဆင့္ ၄ ဝင္ဖို႔ေတာင္

ယက္ကန္ယက္ကန္ ျဖစ္ေနတာ ပိုက္ဆံကုန္ေပါက္ဆိုရင္ေတာ့

တာဝန္ရွိသူေတြ ႀကံဖန္ေတြးတတ္ပါတယ္။