ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ ရိုမန်အေဘရာမိုဗစ်နဲ့ ယူကရိန်းဘက်က ဆွေးနွေးတဲ့ စီနီယာ အရာရှိ ၂ ဦး ဓါတုအဆိပ်မိခဲ့ကြ

ယူကရိန်းကို ရုရှားကကျုးကျော်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲတွေအဆုံးသတ်ဖို့

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင်ဟောင်း

ရိုမန်အေဘရာမိုဗစ်နဲ့ ယူကရိန်းဘက်က ဆွေးနွေးတဲ့ စီနီယာ အရာရှိ ၂ ဦး၊

စုစုပေါင်း ၃ ဦးဟာ ဓါတုအဆိပ်မိခဲ့ကြတယ်လို့

အမေရိကန် ဝေါစထရိဂျာနယ်က ဖော်ပြလိုက်ပါတယ်။

ရုရှားနဲ့ယူကရိန်းတို့အကြားငြိမ်းချမ်းရေးဆွေးနွေးဖို့ ၃ ဦးပါတဲ့ရုရှားအဖွဲ့ကို

အေဘရာမိုဗစ်က ဦးဆောင်လာပြီးမတ်လ ၃ ရက်နေ့က

ယူကရိန်းနိုင်ငံ ကိ ယက်ဗ္ မြို့မှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။

အဲ့ဒိဆွေးနွေးပွဲမှာ အေဘရာမိုဗစ်၊ ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊

ယူကရိန်းလွတ်တော်အမတ် ရူစတန်အူမာရော့ဗ်တို့ပါဝင်ခဲ့ပြီး

ည ၁၀ နာရီတိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကိယက်ဗ်မြို့မှာ ညနက်ပိုင်းအထိ ဆွေးနွေးခဲ့ကြပြီးနောက်

ဓါတုအဆိပ်မိတဲ့ လက္ခဏာတွေကို အေဘရာမိုဗစ်အပါအဝင်

ယူကရိန်းဘက်က ကိုယ်စားလှယ် ၂ ဦး ခံစားခဲ့ရတာပါ။

မျက်နှာ အရေပြားတွေနီပြီးကွာလာတာ၊ မျက်လုံးတွေနီပြီး

နာကျင်လာတာစတဲ့ လက္ခဏာတွေကို ခံစားခဲ့ကြရတာပါ။

အေဘရာမိုဗစ်နဲ့ အဖွဲ့ကတော့ အဲ့ဒိဆွေးနွေးစဥ္ကာလအတွင်း

ချောကလက်နဲ့ ရေကိုသာ စား၊ သောက်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒိလို တူညီတဲ့ အစားအစာတွေကို စားသုံးတဲ့ယူကရိန်းဘက်က

အခြားကိုယ်စားလှယ်တစ်ဦးကတော့ အေဘရာမိုဗစ်တို့လို

လက္ခဏာ မပြခဲ့ဘူးလို့ဆိုပါတယ်။

ဒိလို အဆိပ်သင့်တဲ့ လက္ခဏာတွေကို နောက်တစ်နေ့

မိုးလင်းအထိ ခံစားခဲ့ကြရတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အဆိပ်သင့်လက္ခဏာတွေပြနေလျက်က အေဘရာမိုဗစ်၊

အူမာနော့ဗ်နဲ့ အခြားကိုယ်စားလှယ်တွေဟာ ကိယက်ဗ်မြို့ကနေ Lviv မြို့၊

အဲ့ဒိကနေ ပိုလန်၊ တူရကီနို်င်ငံ အစ္စတန်ဘူလ်မြို့အထိ ခရီးဆက်ခဲ့ကြပြီး

ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။

ဓါတုဗေဒဆိုင်ရာကျွမ်းကျင်သူတွေနဲ့ နယ်သာလန်အခြေစိုက်

စုံစမ်းစစ်ဆေးဖော်ထုတ်တဲ့ ဂျာနယ်လစ်အဖွဲ့အစည်း Bellingcat က

စုံစမ်းရေးမှုးတစ်ဦးကတော့ အမျိုးအမည်မသိတဲ့ဓါတုလက်နက်တစ်ခုခုနဲ့

ရည်ရွယ်ချက်ရှိရှိ အဆိပ်သင့်စေခဲ့ခြင်းဖြစ်တယ်လို့ ကောက်ချက်ဆွဲသုံးသပ်ခဲ့ပါတယ်။

အေဘရာမိုဗစ်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေးအတွက်

ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန်ကြိုးစားနေပေမယ့်

ရုရှားဘက်က သဘောထားတင်းမာသူတွေက ဒီလို ဓါတုအဆိပ်သင့်မှုကို

ဖန်တီးလုပ်ဆောင်ခဲ့တာလို့လည်း ဝေါစထရီဂျာနယ်ဘက်က စွပ်စွဲထားပါတယ်။

သတင်းတွေရဲ့ ဖော်ပြမှုအရ အေဘရာမိုဗစ်ဟာ နာရီအတန်ကြာ

မျက်လုံးကွယ်သွားခဲ့သေးပြီး တူရကီနိုင်ငံမှာ

ဆေးရုံတက် ကုသမှု ခံယူခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

zawgyi

ၿငိမ္းခ်မ္းေရးရဖို႔ အစြမ္းကုန္ႀကိဳးစားေနတဲ့ ႐ိုမန္ေအဘရာမိုဗစ္နဲ႔ ယူကရိန္းဘက္က ေဆြးေႏြးတဲ့ စီနီယာ အရာရွိ ၂ ဦး ဓါတုအဆိပ္မိခဲ့ၾက

ယူကရိန္းကို ႐ုရွားကက်ဳးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ စစ္ပြဲေတြအဆုံးသတ္ဖို႔

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲျပဳလုပ္ခဲ့ၾကတဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေဟာင္း

႐ိုမန္ေအဘရာမိုဗစ္နဲ႔ ယူကရိန္းဘက္က ေဆြးေႏြးတဲ့ စီနီယာ အရာရွိ ၂ ဦး၊

စုစုေပါင္း ၃ ဦးဟာ ဓါတုအဆိပ္မိခဲ့ၾကတယ္လို႔

အေမရိကန္ ေဝါစထရိဂ်ာနယ္က ေဖာ္ျပလိုက္ပါတယ္။

႐ုရွားနဲ႔ယူကရိန္းတို႔အၾကားၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ၃ ဦးပါတဲ့႐ုရွားအဖြဲ႕ကို

ေအဘရာမိုဗစ္က ဦးေဆာင္လာၿပီးမတ္လ ၃ ရက္ေန႔က

ယူကရိန္းႏိုင္ငံ ကိ ယက္ဗ္ ၿမိဳ႕မွာ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၾကတာပါ။

အဲ့ဒိေဆြးေႏြးပြဲမွာ ေအဘရာမိုဗစ္၊ ႐ုရွားစီးပြားေရးလုပ္ငန္းရွင္တစ္ဦး၊

ယူကရိန္းလြတ္ေတာ္အမတ္ ႐ူစတန္အူမာေရာ့ဗ္တို႔ပါဝင္ခဲ့ၿပီး

ည ၁၀ နာရီတိုင္ေအာင္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ကိယက္ဗ္ၿမိဳ႕မွာ ညနက္ပိုင္းအထိ ေဆြးေႏြးခဲ့ၾကၿပီးေနာက္

ဓါတုအဆိပ္မိတဲ့ လကၡဏာေတြကို ေအဘရာမိုဗစ္အပါအဝင္

ယူကရိန္းဘက္က ကိုယ္စားလွယ္ ၂ ဦး ခံစားခဲ့ရတာပါ။

မ်က္ႏွာ အေရျပားေတြနီၿပီးကြာလာတာ၊ မ်က္လုံးေတြနီၿပီး

နာက်င္လာတာစတဲ့ လကၡဏာေတြကို ခံစားခဲ့ၾကရတာပါ။

ေအဘရာမိုဗစ္နဲ႔ အဖြဲ႕ကေတာ့ အဲ့ဒိေဆြးေႏြးစၪၠာလအတြင္း

ေခ်ာကလက္နဲ႔ ေရကိုသာ စား၊ ေသာက္ခဲ့တယ္လို႔ဆိုပါတယ္။

အဲ့ဒိလို တူညီတဲ့ အစားအစာေတြကို စားသုံးတဲ့ယူကရိန္းဘက္က

အျခားကိုယ္စားလွယ္တစ္ဦးကေတာ့ ေအဘရာမိုဗစ္တို႔လို

လကၡဏာ မျပခဲ့ဘူးလို႔ဆိုပါတယ္။

ဒိလို အဆိပ္သင့္တဲ့ လကၡဏာေတြကို ေနာက္တစ္ေန႔

မိုးလင္းအထိ ခံစားခဲ့ၾကရတယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္ အဆိပ္သင့္လကၡဏာေတြျပေနလ်က္က ေအဘရာမိုဗစ္၊

အူမာေနာ့ဗ္နဲ႔ အျခားကိုယ္စားလွယ္ေတြဟာ ကိယက္ဗ္ၿမိဳ႕ကေန Lviv ၿမိဳ႕၊

အဲ့ဒိကေန ပိုလန္၊ တူရကီႏို္င္ငံ အစၥတန္ဘူလ္ၿမိဳ႕အထိ ခရီးဆက္ခဲ့ၾကၿပီး

ၿငိမ္းခ်မ္းေရးအတြက္ ဆက္လက္ေဆြးေႏြးခဲ့ၾကပါတယ္။

ဓါတုေဗဒဆိုင္ရာကြၽမ္းက်င္သူေတြနဲ႔ နယ္သာလန္အေျခစိုက္

စုံစမ္းစစ္ေဆးေဖာ္ထုတ္တဲ့ ဂ်ာနယ္လစ္အဖြဲ႕အစည္း Bellingcat က

စုံစမ္းေရးမႈးတစ္ဦးကေတာ့ အမ်ိဳးအမည္မသိတဲ့ဓါတုလက္နက္တစ္ခုခုနဲ႔

ရည္႐ြယ္ခ်က္ရွိရွိ အဆိပ္သင့္ေစခဲ့ျခင္းျဖစ္တယ္လို႔ ေကာက္ခ်က္ဆြဲသုံးသပ္ခဲ့ပါတယ္။

ေအဘရာမိုဗစ္ဟာ သူ႔ရဲ႕ ဂုဏ္သိကၡာကို ျပန္ဆယ္ႏိုင္ေရးအတြက္

ၿငိမ္းခ်မ္းေရးရဖို႔ အစြမ္းကုန္ႀကိဳးစားေနေပမယ့္

႐ုရွားဘက္က သေဘာထားတင္းမာသူေတြက ဒီလို ဓါတုအဆိပ္သင့္မႈကို

ဖန္တီးလုပ္ေဆာင္ခဲ့တာလို႔လည္း ေဝါစထရီဂ်ာနယ္ဘက္က စြပ္စြဲထားပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပမႈအရ ေအဘရာမိုဗစ္ဟာ နာရီအတန္ၾကာ

မ်က္လုံးကြယ္သြားခဲ့ေသးၿပီး တူရကီႏိုင္ငံမွာ

ေဆး႐ုံတက္ ကုသမႈ ခံယူခဲ့ရေသးတယ္လို႔လည္း သိရပါတယ္။