
ဘယ်လ်ဂျီယံကစားသမား မီဂေးလ် ဗန်ဒမ်မီ ဟာ သွေးကင်ဆာရောဂါကြောင့်
သူ့အသက် ၂၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဗန်ဒမ်မီဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမတိုင်ခင် ဆေးစစ်မှုပြုလုပ်ခဲ့ရာကနေ
ဒီရောဂါကိုစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ငါးနှစ်ကျော်ကြာ သတ္တိရှိရှိ ရင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သူရဲ့ ရောဂါဟာ ကုသလို့မရနိုင်တော့တဲ့အဆင့် ဖြစ်နေပြီဆိုတာကိုသိရချိန်ဟာ
(၂၀၂၀)ခုနှစ်မှာဖြစ်ပြီး တိုက်ဆိုင်စွာနဲ့ သူ့မှာသမီးလေးရရှိတော့မယ်ဆိုတာကိုသိလိုက်ရပြီး
(၂)ရက်အကြာမှာပဲဖြစ်ပါတယ်။
သူကွယ်လွန်ချိန်မှာ သူ့ရဲ့ဇနီးနဲ့ တစ်နှစ်အရွယ်သမီးငယ်လေး ကာမီလီတို့ကျန်ရစ်ခဲ့ပါတယ်။
သူ့ရဲ့လက်တွဲဖော်ဖြစ်တဲ့ Kyana Dobbelaere က သူရှင်သန်ချိန်က
ကောင်းမွန်ခြင်းတွေကို ပြန်လည်ချီးမွန်းခဲ့တဲ့စာရေးသားခဲ့ပါတယ်။
Kyana Dobbelaere က ” ကျွန်မရဲ့အချစ်ရဆုံးသူ၊ သမီးလေးရဲ့ဖေဖေက
မနေ့ညကပွဲမှာတော့ အနိုင်မယူနိုင်ခဲ့တော့ပါဘူး။
ရှင်ဟာ ဒီရောဂါကို ခြင်္သေ့တစ်ကောင်လို တိုက်ခိုက်ခဲ့သူပါ။ အရမ်းရဲရင့်ခဲ့သလို အရမ်းသန်မာခဲ့ပါတယ်။
ရှင်နဲ့အတူရှိနေခဲ့ရတာတွေအတွက်လည်း ကျွန်မတို့အရမ်းကျေးဇူးတင်ပါတယ်။
ရှင်သန်နိုင်ခွင့် နဲနဲလေးရှိခဲ့ရင်တောင် မစွန့်လွှတ်ခဲ့ဘူးဆိုတာကိုလည်း ကျွန်မကိုသဘောပေါက်စေခဲ့ပါတယ်။
အခုတော့ အနားယူလိုက်ပါတော့ ချစ်သူရယ်။
ရှင်ရင်ဆိုင်နေခဲ့ရတဲ့ ခက်ခဲမှုတွေက အဆုံးသတ်သွားခဲ့ပါပြီ။
ဝေဒနာအားလုံးက လွတ်မြောက်သွားခဲ့ပါပြီ။
ကျွန်မတို့တွေ ချစ်ခြင်းတွေနဲ့အတူရှင့်ကိုတွေ့ချင်ပါသေးတယ်။
ရှင့်ချစ်တဲ့ ကောင်မလေးနှစ်ယောက်လုံးကလည်း ရှင့်ကို ထွေးဖက်ထားချင်ပါသေးတယ်။
ကျွန်မတို့တွေ နောက်ပြန်ဆုံကြတာပေါ့” ဆိုပြီး ရေးသားခဲ့ပါတယ်။
ဗန်ဒမ်မီ ရဲ့ ကလပ် Cercle Brugge ကလည်း သူတို့ရဲ့ ကစားသမား
ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းရေးသားခဲ့ပါတယ်။
‘ကျွန်ုပ်တို့ရဲ့သူငယ်ချင်းနဲ့ အသင်းဖော် မီဂေးလ် ဗန်ဒမ်မီ ဟာ
သူ ကာလကြာရှည်စွာ ရင်ဆိုင်နေခဲ့ရတဲ့ သွေးကင်ဆာရောဂါကြောင်း
ကွယ်လွန်သွားခဲ့ရတာကို ကြားသိရတဲ့အတွက်ကျွန်တော်တို့ အလွန်ဝမ်းနည်းမိပါတယ်။
‘ကျွန်တော်တို့ခံစားရတာတွေကို ဖော်ပြဖို့ စကားလုံးတွေက မလုံလောက်ပါဘူး။
ဒီနေ့ဟာ Cercle Brugge ရဲ့ 123 နှစ်နီးပါးရှိတဲ့သမိုင်းမှာ အလွန်ခက်ခဲတဲ့နေ့တစ်နေ့ပါပဲ။
ကျွန်တော်တို့ဟာ သူ့ရဲ့မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။
မီဂေးလ်၊ မင်းရဲ့ ဇွဲလုံ့လနဲ့ ခွန်အားတွေ စိတ်ဓါတ်ခိုင်မာစွာနဲ့ရင်ဆိုင်ခဲ့တာတွေဟာ ချီးမွမ်းစရာပါပဲ။
မင်းရဲ့ စိတ်ဓါတ်ခိုင်မာမှု၊ အကောင်းမြင်စိတ်ရှိတာတွေဟာ စံနမူနာတစ်ခုပါပဲ။
တိုက်ပွဲဝင်သူတိုင်းအတွက်လည်း အတုယူစရာဖြစ်စေခဲ့ပါတယ်။
မင်းက ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ ထာဝရ၊ထာဝရရှိနေမယ့်
နံပါတ်(16)ပါပဲ’ လို့ရေးသားထားပါတယ်။
zawgyi
ငါးႏွစ္ေက်ာ္ၾကာ သတၱိရွိရွိ ေသြးကင္ဆာကို ရင္ဆိုင္ခဲ့တဲ့ ဘယ္လ္ဂ်ီယံဂိုးသမား မီေဂးလ္ ဗန္ဒမ္မီ သူခ်စ္တဲ့ သမီးငယ္ ကာမီလီနဲ႔ ဇနီးတို႔ကို ခ်န္ထားရစ္ခဲ့ရၿပီ
ဘယ္လ္ဂ်ီယံကစားသမား မီေဂးလ္ ဗန္ဒမ္မီ ဟာ ေသြးကင္ဆာေရာဂါေၾကာင့္
သူ႔အသက္ ၂၈ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။
ဗန္ဒမ္မီဟာ ၂၀၁၆-၁၇ ေဘာလုံးရာသီမတိုင္ခင္ ေဆးစစ္မႈျပဳလုပ္ခဲ့ရာကေန
ဒီေရာဂါကိုစတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ငါးႏွစ္ေက်ာ္ၾကာ သတၱိရွိရွိ ရင္ဆိုင္ခဲ့သူလည္းျဖစ္ပါတယ္။
သူရဲ႕ ေရာဂါဟာ ကုသလို႔မရႏိုင္ေတာ့တဲ့အဆင့္ ျဖစ္ေနၿပီဆိုတာကိုသိရခ်ိန္ဟာ
(၂၀၂၀)ခုႏွစ္မွာျဖစ္ၿပီး တိုက္ဆိုင္စြာနဲ႔ သူ႔မွာသမီးေလးရရွိေတာ့မယ္ဆိုတာကိုသိလိုက္ရၿပီး
(၂)ရက္အၾကာမွာပဲျဖစ္ပါတယ္။
သူကြယ္လြန္ခ်ိန္မွာ သူ႔ရဲ႕ဇနီးနဲ႔ တစ္ႏွစ္အ႐ြယ္သမီးငယ္ေလး ကာမီလီတို႔က်န္ရစ္ခဲ့ပါတယ္။
သူ႔ရဲ႕လက္တြဲေဖာ္ျဖစ္တဲ့ Kyana Dobbelaere က သူရွင္သန္ခ်ိန္က
ေကာင္းမြန္ျခင္းေတြကို ျပန္လည္ခ်ီးမြန္းခဲ့တဲ့စာေရးသားခဲ့ပါတယ္။
Kyana Dobbelaere က ” ကြၽန္မရဲ႕အခ်စ္ရဆုံးသူ၊ သမီးေလးရဲ႕ေဖေဖက
မေန႔ညကပြဲမွာေတာ့ အႏိုင္မယူႏိုင္ခဲ့ေတာ့ပါဘူး။
ရွင္ဟာ ဒီေရာဂါကို ျခေသၤ့တစ္ေကာင္လို တိုက္ခိုက္ခဲ့သူပါ။ အရမ္းရဲရင့္ခဲ့သလို အရမ္းသန္မာခဲ့ပါတယ္။
ရွင္နဲ႔အတူရွိေနခဲ့ရတာေတြအတြက္လည္း ကြၽန္မတို႔အရမ္းေက်းဇူးတင္ပါတယ္။
ရွင္သန္ႏိုင္ခြင့္ နဲနဲေလးရွိခဲ့ရင္ေတာင္ မစြန႔္လႊတ္ခဲ့ဘူးဆိုတာကိုလည္း ကြၽန္မကိုသေဘာေပါက္ေစခဲ့ပါတယ္။
အခုေတာ့ အနားယူလိုက္ပါေတာ့ ခ်စ္သူရယ္။
ရွင္ရင္ဆိုင္ေနခဲ့ရတဲ့ ခက္ခဲမႈေတြက အဆုံးသတ္သြားခဲ့ပါၿပီ။
ေဝဒနာအားလုံးက လြတ္ေျမာက္သြားခဲ့ပါၿပီ။
ကြၽန္မတို႔ေတြ ခ်စ္ျခင္းေတြနဲ႔အတူရွင့္ကိုေတြ႕ခ်င္ပါေသးတယ္။
ရွင့္ခ်စ္တဲ့ ေကာင္မေလးႏွစ္ေယာက္လုံးကလည္း ရွင့္ကို ေထြးဖက္ထားခ်င္ပါေသးတယ္။
ကြၽန္မတို႔ေတြ ေနာက္ျပန္ဆုံၾကတာေပါ့” ဆိုၿပီး ေရးသားခဲ့ပါတယ္။
ဗန္ဒမ္မီ ရဲ႕ ကလပ္ Cercle Brugge ကလည္း သူတို႔ရဲ႕ ကစားသမား
ကြယ္လြန္မႈနဲ႔ ပတ္သက္ၿပီး ဝမ္းနည္းေၾကာင္းေရးသားခဲ့ပါတယ္။
‘ကြၽႏ္ုပ္တို႔ရဲ႕သူငယ္ခ်င္းနဲ႔ အသင္းေဖာ္ မီေဂးလ္ ဗန္ဒမ္မီ ဟာ
သူ ကာလၾကာရွည္စြာ ရင္ဆိုင္ေနခဲ့ရတဲ့ ေသြးကင္ဆာေရာဂါေၾကာင္း
ကြယ္လြန္သြားခဲ့ရတာကို ၾကားသိရတဲ့အတြက္ကြၽန္ေတာ္တို႔ အလြန္ဝမ္းနည္းမိပါတယ္။
‘ကြၽန္ေတာ္တို႔ခံစားရတာေတြကို ေဖာ္ျပဖို႔ စကားလုံးေတြက မလုံေလာက္ပါဘူး။
ဒီေန႔ဟာ Cercle Brugge ရဲ႕ 123 ႏွစ္နီးပါးရွိတဲ့သမိုင္းမွာ အလြန္ခက္ခဲတဲ့ေန႔တစ္ေန႔ပါပဲ။
ကြၽန္ေတာ္တို႔ဟာ သူ႔ရဲ႕မိသားစုဝင္ေတြနဲ႔ထပ္တူ ဝမ္းနည္းရပါတယ္။
မီေဂးလ္၊ မင္းရဲ႕ ဇြဲလုံ႔လနဲ႔ ခြန္အားေတြ စိတ္ဓါတ္ခိုင္မာစြာနဲ႔ရင္ဆိုင္ခဲ့တာေတြဟာ ခ်ီးမြမ္းစရာပါပဲ။
မင္းရဲ႕ စိတ္ဓါတ္ခိုင္မာမႈ၊ အေကာင္းျမင္စိတ္ရွိတာေတြဟာ စံနမူနာတစ္ခုပါပဲ။
တိုက္ပြဲဝင္သူတိုင္းအတြက္လည္း အတုယူစရာျဖစ္ေစခဲ့ပါတယ္။
မင္းက ကြၽန္ေတာ္တို႔ရဲ႕ႏွလုံးသားထဲမွာ ထာဝရ၊ထာဝရရွိေနမယ့္ နံပါတ္(16)ပါပဲ’ လို႔ေရးသားထားပါတယ္။