
အီတလီနိုင်ငံက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဂျူဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အတွင်း ကစားသမားတွေခေါ်ယူခဲ့တဲ့နေရာမှာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း(Financial Fair Play)နဲ့ကိုက်ညီအောင်လို့
ပြောင်းရွှေ့ကြေးတွေကို အမှန်အတိုင်းမဖော်ပြခဲ့ဘူးဆိုတဲ့စွဲချက်နဲ့ ပြီးခဲ့တဲ့သောကြာနေ့က အီတလီရဲတပ်ဖွဲ့ဟာ တူရင်၊ မီလန်မြို့တွေမှာရှိတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ရုံးခန်းတွေကို ရှောင်တခင်စီးနင်းဝင်ပြီးတော့
ကစားသမားတွေရဲ့ စာချုပ်အချက်အလက်၊ Invoices ၊ ဘဏ္ဍာရေးအချက်အလက်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
အခုလောလောဆယ် ဂျူဗင်တပ်စ်အသင်းဥက္ကဌ အက်ဂ်နယ်လီ၊ ဒု-ဥက္ကဌဖြစ်သူနက်ဗက်တို့အပါအဝင် တာဝန်ရှိသူတချို့ဟာ စုံစမ်းစစ်ဆေးမှုနဲ့ရင်ဆိုင်နေရပြီး
ဂျူဗင်တပ်စ်အသင်းမှာ ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ရှိစပါးအသင်းရဲ့မန်နေဂျင်းဒါရိုက်တာ ပါရာတီစီလည်း အပါအဝင်ဖြစ်ပါတယ်။
အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ပြီးခဲ့တဲ့နွေရာသီတုန်းက ဂျူဗင်တပ်စ်အသင်းကနေ ပေါင်(၁၂.၉)သန်းနဲ့ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ကိုလည်း စစ်ဆေးမှုတွေလုပ်ဖို့ အကြီးအဲတွေက ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်။
အီတလီနာမည်ကျော်သတင်းစာ La Gazzetta dello Sport က စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းဒါရိုက်တာတွေက စည်းမျဉ်းစည်းကမ်းနဲ့မကိုက်ညီတဲ့အစီအစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့တစ်ခုတည်းတင်မဟုတ်ဘဲ ကန်ဆယ်လို၊ အာသာ၊ ဒန်နီလို၊ ခရစ္စရှန်ရိုမဲရိုး၊ ယာနစ်တို့ရဲ့အပြောင်းအရွှေ့အပါအဝင် စုစုပေါင်းအပြောင်းအရွှေ့(၄၂)ခုကို အီတလီအာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ အခုဖြစ်ရပ်တွေအပေါ် ငြင်းချက်ထုတ်တာမျိုးမရှိသေးဘဲ တာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
zawgyi
ဂ်ဴဗီကေန ယူႏိုက္တက္ကို စီေရာ္နယ္လ္ဒိုေျပာင္းေ႐ႊ႕ခဲ့မႈအေပၚ အီတလီအာဏာပိုင္ေတြ စစ္ေဆးေန
အီတလီႏိုင္ငံက တာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဂ်ဴဗင္တပ္စ္ကေန မန္ခ်က္စတာယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္လို႔ စစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၉ ကေန ၂၀၂၁ ခုႏွစ္အတြင္း ကစားသမားေတြေခၚယူခဲ့တဲ့ေနရာမွာ ဘ႑ာေရးမွ်ေျခစည္းမ်ဥ္း(Financial Fair Play)နဲ႔ကိုက္ညီေအာင္လို႔ ေျပာင္းေ႐ႊ႕ေၾကးေတြကို အမွန္အတိုင္းမေဖာ္ျပခဲ့ဘူးဆိုတဲ့စြဲခ်က္နဲ႔ ၿပီးခဲ့တဲ့ေသာၾကာေန႔က အီတလီရဲတပ္ဖြဲ႕ဟာ တူရင္၊ မီလန္ၿမိဳ႕ေတြမွာရွိတဲ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕႐ုံးခန္းေတြကို ေရွာင္တခင္စီးနင္းဝင္ၿပီးေတာ့ ကစားသမားေတြရဲ႕ စာခ်ဳပ္အခ်က္အလက္၊ Invoices ၊ ဘ႑ာေရးအခ်က္အလက္နဲ႔သက္ဆိုင္တဲ့စာ႐ြက္စာတမ္းေတြကို သိမ္းဆည္းခဲ့ပါတယ္။
အခုေလာေလာဆယ္ ဂ်ဴဗင္တပ္စ္အသင္းဥကၠဌ အက္ဂ္နယ္လီ၊ ဒု-ဥကၠဌျဖစ္သူနက္ဗက္တို႔အပါအဝင္ တာဝန္ရွိသူတခ်ိဳ႕ဟာ စုံစမ္းစစ္ေဆးမႈနဲ႔ရင္ဆိုင္ေနရၿပီး ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၂၀ ကေန ၂၀၂၁ ခုႏွစ္အတြင္းတာဝန္ထမ္းေဆာင္ခဲ့တဲ့ လက္ရွိစပါးအသင္းရဲ႕မန္ေနဂ်င္းဒါ႐ိုက္တာ ပါရာတီစီလည္း အပါအဝင္ျဖစ္ပါတယ္။
အခုေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းေတြအရ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဂ်ဴဗင္တပ္စ္အသင္းကေန ေပါင္(၁၂.၉)သန္းနဲ႔ ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕ကိုလည္း စစ္ေဆးမႈေတြလုပ္ဖို႔ အႀကီးအဲေတြက ၫႊန္ၾကားလိုက္ၿပီျဖစ္ပါတယ္။ အီတလီနာမည္ေက်ာ္သတင္းစာ La Gazzetta dello Sport က စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕မွာ ဂ်ဴဗင္တပ္စ္အသင္းဒါ႐ိုက္တာေတြက စည္းမ်ဥ္းစည္းကမ္းနဲ႔မကိုက္ညီတဲ့အစီအစဥ္ေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕တစ္ခုတည္းတင္မဟုတ္ဘဲ ကန္ဆယ္လို၊ အာသာ၊ ဒန္နီလို၊ ခရစၥရွန္႐ိုမဲ႐ိုး၊ ယာနစ္တို႔ရဲ႕အေျပာင္းအေ႐ႊ႕အပါအဝင္ စုစုေပါင္းအေျပာင္းအေ႐ႊ႕(၄၂)ခုကို အီတလီအာဏာပိုင္ေတြက စုံစမ္းစစ္ေဆးသြားမွာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ အခုျဖစ္ရပ္ေတြအေပၚ ျငင္းခ်က္ထုတ္တာမ်ိဳးမရွိေသးဘဲ တာဝန္ရွိသူေတြနဲ႔ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။