
လူးဝစ်ဆွာရက်ဇ်ဟာအက်စတွန်ဗီလာသို့ပြောင်းရွှေ့ကာ
ပရီးမီးယားလိဂ်သို့ တကျော့ပြန်ရောက်လာဖို့ ရှိနေပါတယ်။
စတီဗင်ဂျရတ်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်
ဘာစီလိုနာမှ ကစားဖော်ဟောင်းဖီးလစ်ပီကော်တင်ဟိုကို ခေါ်ယူထားပြီးဖြစ်ပါတယ်။
ကော်တင်ဟိုဟာပြီးခဲ့တဲ့အပတ်က ယူနိုက်တက်နှင့်ပွဲတွင်
ဗီလာအတွက် ပထမဆုံးပွဲအဖြစ် ဝင်ရောက်ကစားခဲ့ရာမှာ
ဖန်တီးမှုပြုလုပ်နိုင်ခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။
ယခုစတီဗင်ဂျရတ်ဟာလာမယ့်နွေရာသီတွင်
လီဗာပူးကစားဖော်ဟောင်းလူးဝစ်ဆွာရက်ဇ်ကိုခေါ်ယူရေး
စတင်လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။
အက်သလက်တီကိုတိုက်စစ်မှူးဟာယခုရာသီအကုန်မှာ
စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ဒေးဗစ်ဘက်ဟမ်းရဲ့
အင်တာမီယာမီရဲ့ဆက်သွယ်မှုလည်း ရရှိထားပါတယ်။
ဒါ့အပြင်သူ့ကို ဘရာဇီးထိပ်သီးကလပ်များဖြစ်ကြတဲ့
ပါးမီးရပ်စ်၊ကိုရင်သီယန်နှင့်အက်သလက်တီကိုမီနိုင်းရိုးတို့ကလည်း ခေါ်ယူလိုနေပါတယ်။
ဒါပေမဲ့ အသက်၃၄နှစ်ရှိဘာစီလိုနာတိုက်စစ်မှူးဟောင်းကတော့
စတီဗင်ဂျရတ်ရှိရာ အက်စတွန်ဗီလာသို့သာ
ပြောင်းရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
စတီဗင်ဂျရတ်ဟာ လူးဝစ်ဆွာရက်ဇ်ကို ကိုယ်တိုင်ဆက်သွယ်ကာ
စကားပြောထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
အက်စတွန်ဗီလာတွင် တိုက်စစ်အတွက် အိုလီဝတ်ဆင်နှင့်
ဒန်နီအင်းစ်တို့ ရှိနေပေမဲ့လည်း လူးဝစ်ဆွာရက်ဇ်သာ ရောက်လာပါက
တိုက်စစ်ပိုင်းပါဝါမြင့်မားလာဖို့သေချာနေပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာယခုရာသီမှာလာလီဂါတွင်
၇ဂိုးအပါအဝင်စုစုပေါင်း၉ဂိုးသွင်းယူထားနိုင်ပါတယ်။
သူဟာလီဗာပူးတွင်စတီဗင်ဂျရတ်နှင့်သုံးနှစ်ခွဲကြာတွဲကစားခဲ့ဖူးသူဖြစ်ပါတယ်။
zawgyi
ဂျရတ်ရှိရာသို့သာပြောင်းရန် စိတ်ဝင်စားနေတဲ့ လူးဝစ်ဆွာရက်ဇ်