
အာဆင်နယ်ကနေ အငှားဖြင့်လာရောက်ကစားနေတဲ့ဖီအိုရင်တီးနား
အလယ်တန်းကစားသမားဟာမနေ့ညတုန်းကအင်တာမီလန်နှင့်
တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့သွားတစ်ချောင်းကျိုးခဲ့ပါတယ်။
တော်ရဲရားဟာသွားတစ်ချောင်းကျိုးခဲ့ပေမဲ့လည်း
အင်တာမီလန်နှင့်ပွဲကိုပွဲချိန်ပြည့်ကစားခဲ့ရပါတယ်။
သူဟာရှေ့အပေါ်သွားကျိုးသွားခဲ့ပြီးနောက်ဆေးအဖွဲ့ထံသို့
တည်တည်ငြိမ်ငြိမ်သွားရောက်ပြီးနာကျင်မှုသက်သာအောင်လုပ်ပြီး
နောက်ပွဲချိန်ပြည့်ကစားသွားခဲ့တာလည်းဖြစ်ပါတယ်။
တော်ရဲရားဟာအင်တာမီလန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
ဖီအိုရင်တီးနားရဲ့နောက်ဆုံးနှစ်ပွဲဆက်ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။
သူဟာယခုရာသီတွင်ဖီအိုရင်တီးနားအတွက်စီးရီးအေပွဲ၂၅ပွဲ
ကစားထားရာမှာ၄ဂိုးသွင်းယူထားနိုင်ပါတယ်။
zawgyi
ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် သွားတစ်ချောင်းကျိုးခဲ့တဲ့ တော်ရဲရား
ကစားထားရာမှာ၎ဂိုးသွင်းယူထားနိုင်ပါတယ်။