
ကိုမိုရို့စ်သူရဲကောင်းချာခါအယ်ဟက်ဟော်ဟာ မနေ့ညတုန်းက
ကင်မရွန်းနှင့်ကစားခဲ့ရတဲ့အာဖရိကဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ
ကိုယ့်ကိုယ်ကိုဂိုးသမားတစ်ဦးအဖြစ်
ဝင်ရောက်ကစားနေရတယ်ဆိုတာမေ့သွားခဲ့ပါတယ်။
တကယ်တော့အသက်၃၀နှစ်ရှိအယ်ဟက်ဟော်ဟာ
ဘယ်နောက်ခံလူတစ်ဦးပါ။ပြင်သစ်လီဂူး၂ကလပ်အေစီအဂျာစီယိုမှာ
ကစားနေတဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ကိုမိုရို့စ်ရဲ့အဓိကဂိုးသမားဆာလမ်ဘင်ဘွိုင်နာမှာ
မော်ရိုကိုနှင့်ပွဲမှာဒဏ်ရာရရှိသွားမှု၊အရန်ဂိုးသမားနှစ်ဦးမှာလည်း
ကိုဗစ်ကြောင့်ပွဲမကစားနိုင်မှုနဲ့အတူ ကင်မရွန်းနဲ့ပွဲမှာ
ဘယ်နောက်ခံလူအယ်ဟက်ဟော်ဟာ ဂိုးသမားအဖြစ်ဝင်ရောက်ကစားခဲ့ရပါတယ်။
အရပ်၅ပေ၊၈လက်မရှိအယ်ဟက်ဟော်ဟာဂိုးသမားအဖြစ်
ဝင်ရောက်ကစားခဲ့ရတယ်ဆိုပေမဲ့ ယင်းပွဲမှာအရေးပါတဲ့
ကာကွယ်မှုများပြုလုပ်ခဲ့ပါတယ်။
အထူးသဖြင့်သူဟာပွဲချိန်၅၇မိနစ်မှာ နှစ်ဆင့်ကန်ချက်ကို
ကာကွယ်ခဲ့မှုအတွက်ချီးကျူးခြင်းခံခဲ့ရပါတယ်။
ယင်းပွဲမှာကိုမိုရို့စ်ဟာပွဲအစ၇မိနစ်မှာဘဲအက်ဒူအထုတ်ခံရလို့
တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရပါတယ်။
ပွဲချိန်၂၉မိနစ်မှာအဲကမ်ဘီကကင်မရွန်းအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
ပွဲချိန်၇၀မိနစ်မှာအဘူဘာကာဟာကွင်းလယ်ကထိုးပေးလိုက်တဲ့
ဘောလုံးရရှိသွားခဲ့ပြီး ကိုမိုရို့စ်ဂိုးသမားအယ်ဟက်ဟော်နှင့်
တစ်ဦးချင်းရင်ဆိုင်ခဲ့ရပါတယ်။
အယ်ဟက်ဟော်ဟာသူဟာဂိုးသမားတစ်ဦးအဖြစ်
ဝင်ရောက်ကစားနေရတယ်ဆိုတာမေ့ပြီး လက်ထိဘောဖြစ်မှာစိုးလို့
နောက်ကိုနောက်မှာဝှက်ထားခဲ့ပါတယ်။
ဒါကြောင့်လည်းအဘူဘာကာဟာကင်မရွန်းအတွက်
ဒုတိယဂိုးကိုအလွယ်တကူပဲသွင်းသွားနိုင်ခဲ့ပါတယ်။
ကိုရိုမို့စ်အတွက်နှစ်သိမ့်ဂိုးကိုပွဲချိန်၈၁မိနစ်မှာအမ်ချန်ဂါမာကသွင်းယူခဲ့ပါတယ်။
zawgyi
ဂိုးသမားတစ္ဦးအျဖစ္ ဝင္ေရာက္ကစားေနရတယ္ဆိုတာေမ့သြားတဲ့ အယ္ဟက္ေဟာ္
ကိုမို႐ို႕စ္သူရဲေကာင္းခ်ာခါအယ္ဟက္ေဟာ္ဟာ မေန႔ညတုန္းက
ကင္မ႐ြန္းႏွင့္ကစားခဲ့ရတဲ့အာဖရိကဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ
ကိုယ့္ကိုယ္ကိုဂိုးသမားတစ္ဦးအျဖစ္
ဝင္ေရာက္ကစားေနရတယ္ဆိုတာေမ့သြားခဲ့ပါတယ္။
တကယ္ေတာ့အသက္၃၀ႏွစ္ရွိအယ္ဟက္ေဟာ္ဟာ
ဘယ္ေနာက္ခံလူတစ္ဦးပါ။ျပင္သစ္လီဂူး၂ကလပ္ေအစီအဂ်ာစီယိုမွာ
ကစားေနတဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့ကိုမို႐ို႕စ္ရဲ႕အဓိကဂိုးသမားဆာလမ္ဘင္ဘြိဳင္နာမွာ
ေမာ္႐ိုကိုႏွင့္ပြဲမွာဒဏ္ရာရရွိသြားမႈ၊အရန္ဂိုးသမားႏွစ္ဦးမွာလည္း
ကိုဗစ္ေၾကာင့္ပြဲမကစားႏိုင္မႈနဲ႔အတူ ကင္မ႐ြန္းနဲ႔ပြဲမွာ
ဘယ္ေနာက္ခံလူအယ္ဟက္ေဟာ္ဟာ ဂိုးသမားအျဖစ္ဝင္ေရာက္ကစားခဲ့ရပါတယ္။
အရပ္၅ေပ၊၈လက္မရွိအယ္ဟက္ေဟာ္ဟာဂိုးသမားအျဖစ္
ဝင္ေရာက္ကစားခဲ့ရတယ္ဆိုေပမဲ့ ယင္းပြဲမွာအေရးပါတဲ့
ကာကြယ္မႈမ်ားျပဳလုပ္ခဲ့ပါတယ္။
အထူးသျဖင့္သူဟာပြဲခ်ိန္၅၇မိနစ္မွာ ႏွစ္ဆင့္ကန္ခ်က္ကို
ကာကြယ္ခဲ့မႈအတြက္ခ်ီးက်ဴးျခင္းခံခဲ့ရပါတယ္။
ယင္းပြဲမွာကိုမို႐ို႕စ္ဟာပြဲအစ၇မိနစ္မွာဘဲအက္ဒူအထုတ္ခံရလို႔
တစ္ေယာက္အေလွ်ာ့ျဖင့္ကစားခဲ့ရပါတယ္။
ပြဲခ်ိန္၂၉မိနစ္မွာအဲကမ္ဘီကကင္မ႐ြန္းအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။
ပြဲခ်ိန္၇၀မိနစ္မွာအဘူဘာကာဟာကြင္းလယ္ကထိုးေပးလိုက္တဲ့
ေဘာလုံးရရွိသြားခဲ့ၿပီး ကိုမို႐ို႕စ္ဂိုးသမားအယ္ဟက္ေဟာ္ႏွင့္
တစ္ဦးခ်င္းရင္ဆိုင္ခဲ့ရပါတယ္။
အယ္ဟက္ေဟာ္ဟာသူဟာဂိုးသမားတစ္ဦးအျဖစ္
ဝင္ေရာက္ကစားေနရတယ္ဆိုတာေမ့ၿပီး လက္ထိေဘာျဖစ္မွာစိုးလို႔
ေနာက္ကိုေနာက္မွာဝွက္ထားခဲ့ပါတယ္။
ဒါေၾကာင့္လည္းအဘူဘာကာဟာကင္မ႐ြန္းအတြက္
ဒုတိယဂိုးကိုအလြယ္တကူပဲသြင္းသြားႏိုင္ခဲ့ပါတယ္။
ကို႐ိုမို႔စ္အတြက္ႏွစ္သိမ့္ဂိုးကိုပြဲခ်ိန္၈၁မိနစ္မွာအမ္ခ်န္ဂါမာကသြင္းယူခဲ့ပါတယ္။