
ချဲလ်ဆီးမှ ပဲလေ့စ်သို့ အငှားဖြင့်သွားရောက် ကစားနေတဲ့
ကော်နာဂါလက်ဂါကို အင်တာမီလန်နှင့် ဂျူဗင်တပ်စ်တို့က
ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
ဂါလက်ဂါအတွက် အီတလီအသင်းများက
ဘောလုံးကင်းထောက်များခေါ်ပြီး စောင့်ကြည့်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ အကယ်ဒမီထွက်
လူငယ်ကြယ်ပွင့်လေး ကော်နာဂါလက်ဂါကို ခရစ်စ္စတယ်ပဲလေစ့်အသင်းထံ
တစ်ရာသီ အငှားစေလွှတ်ထားခဲ့ပါတယ်။
သူဟာလူငယ်ကစားသမားလေး ဆိုပေမဲ့ သူ့ရဲ့ ထက်မြက်တဲ့ခြေစွမ်းတွေကြောင့်
ပရီးမီးယားလိဒ်မှာ တောက်ပနေပြီး ၊ ပဲလေစ့်အသင်းအတွက်
ပရီးမီးယားလိဒ် ပွဲ ၂၅ပွဲအထိပါဝင်ကစားပေးထားပြီး
၈ဂိုးသွင်းကာ ၃ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။
သတင်းတွေအရတော့ စီးရီးအေထိပ်သီးကလပ်များဟာ
ပြီးခဲ့တဲ့ ပဲလေစ့် နဲ့ မန်စီးတီးပွဲစဉ်ကို ကင်းထောက်တွေ စေလွှတ်ခဲ့ပြီး
ဂါလက်ဂါရဲ့ ခြေစွမ်းကိုစောင့်ကြည့်ခိုင်းခဲ့တယ်လို့ သိရပါတယ် ။
အဲဒီပွဲမှာ ဂါလက်ဂါက အထူးခြေစွမ်းပြခဲ့ပြီး
မန်စီးတီးကို ဂိုးမရှိသရေကစားနိုင်ခဲ့ပါတယ်။
zawgyi
ဂါလက်ဂါရဲ့ ခြေစွမ်းကို ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့ကြတဲ့ စီးရီးအေ ထိပ်သီး ကလပ်များ