ဂန်းနားအဖွဲ့ဝင်မဖြစ်ခင်က သူရဲနီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ဖို့နီးစပ်ခဲ့တဲ့ မာတင်နယ်လီ

ဒီနေ့မနက်ပိုင်းက အာဆင်နယ်အသင်းဟာ သမိုင်းကြောင်းပြိုင်ဘက်မန်ချက်စတာယူနိုက်တက်အသင်းကို (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့်

အာဆင်နယ်အသင်းရဲ့လူငယ်တိုက်စစ်ကစားသမား မာတင်နယ်လီက ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အော်ဒီဂွါ ဒုတိယချေပဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အသက်(၂၀)အရွယ်သာရှိသေးတဲ့ ဘရာဇီးလ်လူငယ်ကစားသမားမာတင်နယ်လီဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး

ပြီးခဲ့တဲ့တစ်ပတ်က နယူးကာဆယ်ကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၂၀၂၁-၂၂ ရာသီအတွက် သူ့ရဲ့ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ပုံစံကောင်းတွေပြသနေသူ မာတင်နယ်လီဟာ အာဆင်နယ်အသင်း အခါးသီးဆုံးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပြီး ယူ-၁၈အသင်းအတွက်ပါ ကစားခဲ့ဖူးသူဖြစ်ပါတယ်။

မာတင်နယ်လီဟာ ကိုရင်သီယန်အသင်းအကယ်ဒမီမှာကစားခဲ့ချိန်ကတည်းက ယူနိုက်တက်ကင်းထောက်တွေက သူ့ရဲ့ခြေစွမ်းကို သတိပြုမိခဲ့တာဖြစ်ပြီး

၂၀၁၅ ခုနှစ်မှာ ကိုရင်သီယန်အကယ်ဒမီကနေ ဆော်ပေါ်လိုအခြေစိုက် Ituano အကယ်ဒမီကိုပြောင်းရွှေ့ခဲ့ချိန်မှာ ယူနိုက်တက်အကယ်ဒမီတာဝန်ရှိသူတွေက မာတင်နယ်လီကို အသင်းနဲ့အတူလာရောက်ပူးပေါင်းလေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

မာတင်နယ်လီက လေ့ကျင့်ခန်းအစီအစဉ်တွေမှာ တာဝန်ရှိသူတွေ သဘောကျလောက်တဲ့အထိစွမ်းဆောင်ပြခဲ့တာကြောင့် ယူနိုက်တက်ယူ-၁၈အသင်းရဲ့ခြေစွမ်းပွဲတစ်ခုမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိနေချိန်အတွင်း မာတင်နယ်လီဟာ နာမည်ကျော်ကစားသမားတွေနဲ့ဆုံတွွေ့ခွင့်ရခဲ့ပြီး ပေ့ါဘာနဲ့တောင် အတူဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် မာတင်နယ်လီက အီဗရာ၊ ဖယ်လိုင်နီစတဲ့ကစားသမားတွေနဲ့ ညစာအတူစားခွင့်ရတဲ့အထိ အဆင်ပြေခဲ့ပေမယ့် ယူနိုက်တက်အသင်းက မာတင်နယ်လီကို နှစ်ရှည်စာချုပ်မချုပ်ခဲ့ပါဘူး။

အဲဒီနောက် မာတင်နယ်လီဟာ ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီမှာ လေ့ကျင့်ခန်းဆင်းခဲ့ဖူးပေမယ့်

ဘာစီလိုနာအသင်းကလည်း မာတီနယ်လီကို ခေါ်ယူဖို့ဆန္ဒမရှိဖြစ်ခဲ့တာကြောင့် နောက်ဆုံး Ituano အသင်းကိုပဲ ပြန်ရောက်ခဲ့ပြီး အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့လို့ အာဆင်နယ်အသင်းက ၂၀၁၉ ခုနှစ်မှာ ပေါင်(၆)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားဘဝ စုစုပေါင်း(၅၇)ပွဲကစား၊ (၁၃)ဂိုးသွင်းယူထားတဲ့ မာတင်နယ်လီဟာ အခုအချိန်မှာ ဒဏ်ရာတွေကင်းစင်နေပြီဖြစ်တာကြောင့်

အသင်းအတွက်ခြေစွမ်းပြကစားဖို့ အသင့်ဖြစ်နေတဲ့အတွက် သူ့ကို လက်လွှတ်ခဲ့ရတဲ့ ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းအတွက် ကစားသမားကောင်းတစ်ဦး လက်လွှတ်လိုက်ရတယ်လို့ပြောရမှာပါပဲ . .

zawgyi

ဂန္းနားအဖြဲ႕ဝင္မျဖစ္ခင္က သူရဲနီတပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ဖို႔နီးစပ္ခဲ့တဲ့ မာတင္နယ္လီ

ဒီေန႔မနက္ပိုင္းက အာဆင္နယ္အသင္းဟာ သမိုင္းေၾကာင္းၿပိဳင္ဘက္မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ အာဆင္နယ္အသင္းရဲ႕လူငယ္တိုက္စစ္ကစားသမား မာတင္နယ္လီက ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ေအာ္ဒီဂြါ ဒုတိယေခ်ပဂိုးသြင္းယူႏိုင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အသက္(၂၀)အ႐ြယ္သာရွိေသးတဲ့ ဘရာဇီးလ္လူငယ္ကစားသမားမာတင္နယ္လီဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ အာဆင္နယ္အသင္းအတြက္ ေျခစြမ္းျပကစားေနၿပီး ၿပီးခဲ့တဲ့တစ္ပတ္က နယူးကာဆယ္ကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ၂၀၂၁-၂၂ ရာသီအတြက္ သူ႔ရဲ႕ ပထမဆုံးဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းအတြက္ ပုံစံေကာင္းေတြျပသေနသူ မာတင္နယ္လီဟာ အာဆင္နယ္အသင္း အခါးသီးဆုံးၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာက္ရွိဖို႔ နီးစပ္ခဲ့ၿပီး ယူ-၁၈အသင္းအတြက္ပါ ကစားခဲ့ဖူးသူျဖစ္ပါတယ္။ မာတင္နယ္လီဟာ ကိုရင္သီယန္အသင္းအကယ္ဒမီမွာကစားခဲ့ခ်ိန္ကတည္းက ယူႏိုက္တက္ကင္းေထာက္ေတြက သူ႔ရဲ႕ေျခစြမ္းကို သတိျပဳမိခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ကိုရင္သီယန္အကယ္ဒမီကေန ေဆာ္ေပၚလိုအေျခစိုက္ Ituano အကယ္ဒမီကိုေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာ ယူႏိုက္တက္အကယ္ဒမီတာဝန္ရွိသူေတြက မာတင္နယ္လီကို အသင္းနဲ႔အတူလာေရာက္ပူးေပါင္းေလ့က်င့္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

မာတင္နယ္လီက ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ တာဝန္ရွိသူေတြ သေဘာက်ေလာက္တဲ့အထိစြမ္းေဆာင္ျပခဲ့တာေၾကာင့္ ယူႏိုက္တက္ယူ-၁၈အသင္းရဲ႕ေျခစြမ္းပြဲတစ္ခုမွာ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။ ယူႏိုက္တက္အကယ္ဒမီကို ေရာက္ရွိေနခ်ိန္အတြင္း မာတင္နယ္လီဟာ နာမည္ေက်ာ္ကစားသမားေတြနဲ႔ဆုံေတြြ႕ခြင့္ရခဲ့ၿပီး ေပ့ါဘာနဲ႔ေတာင္ အတူဓာတ္ပုံတြဲ႐ိုက္ခဲ့ပါေသးတယ္။

ဒါ့အျပင္ မာတင္နယ္လီက အီဗရာ၊ ဖယ္လိုင္နီစတဲ့ကစားသမားေတြနဲ႔ ညစာအတူစားခြင့္ရတဲ့အထိ အဆင္ေျပခဲ့ေပမယ့္ ယူႏိုက္တက္အသင္းက မာတင္နယ္လီကို ႏွစ္ရွည္စာခ်ဳပ္မခ်ဳပ္ခဲ့ပါဘူး။ အဲဒီေနာက္ မာတင္နယ္လီဟာ ဘာစီလိုနာအသင္းရဲ႕လာမာစီယာအကယ္ဒမီမွာ ေလ့က်င့္ခန္းဆင္းခဲ့ဖူးေပမယ့္ ဘာစီလိုနာအသင္းကလည္း မာတီနယ္လီကို ေခၚယူဖို႔ဆႏၵမရွိျဖစ္ခဲ့တာေၾကာင့္ ေနာက္ဆုံး Ituano အသင္းကိုပဲ ျပန္ေရာက္ခဲ့ၿပီး အသင္းအတြက္ေျခစြမ္းျပႏိုင္ခဲ့လို႔ အာဆင္နယ္အသင္းက ၂၀၁၉ ခုႏွစ္မွာ ေပါင္(၆)သန္းနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားဘဝ စုစုေပါင္း(၅၇)ပြဲကစား၊ (၁၃)ဂိုးသြင္းယူထားတဲ့ မာတင္နယ္လီဟာ အခုအခ်ိန္မွာ ဒဏ္ရာေတြကင္းစင္ေနၿပီျဖစ္တာေၾကာင့္ အသင္းအတြက္ေျခစြမ္းျပကစားဖို႔ အသင့္ျဖစ္ေနတဲ့အတြက္ သူ႔ကို လက္လႊတ္ခဲ့ရတဲ့ ယူႏိုက္တက္နဲ႔ ဘာစီလိုနာအသင္းအတြက္ ကစားသမားေကာင္းတစ္ဦး လက္လႊတ္လိုက္ရတယ္လို႔ေျပာရမွာပါပဲ . .