ခြေစွမ်းပိုင်း ပြန်လည်တောက်ပနေတဲ့ အဲရစ်ဆင်ကို စပါးနဲ့ ယူနိုက်တက်တို့ စောင့်ကြည့်လျက် ရှိနေ

အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းမှာ ရာသီကုန်အထိသာ

စာချုပ်သက်တမ်းကို ချုပ်ထားခဲ့တာဖြစ်ပြီး သူဟာ နှလုံးခုန်ရပ်သွားတဲ့ ရောဂါကနေ

သက်သာအပြီးမှာ သူကိုယ်တိုင်ရော သူများတွေကိုရော

အကောင်းဆုံး ခြေစွမ်းကို ပြသဖို့ ဆုံးဖြတ်ထားပုံပေါ်ပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ သူ့ရဲ့ခြေစွမ်းကိုဖော်ပြနိုင်တဲ့

ဘရန့်ဖို့ဒ်အသင်းကနေ ခေါ်ထုတ်နိုင်တဲ့ အသင်းရှိပါက

ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့လို့ရပြီဖြစ်ပါတယ်။

“ကစားသမားတွေ အသင်းပြောင်းတော့မယ်ဆိုရင်

တွေးရတာတွေ အများကြီးရှိတယ်။

အဲရစ်ဆင်အတွက်လည်း အတူတူပဲဖြစ်ပါလိမ့်မယ်။

မျှမျှတတပြောရရင်တော့ အဲရစ်ဆင်က ကစားရတာကို ပျော်နေတာပါ။

ကျွန်တော်တို့ကတော့ နောက်သုံးလ၊ လေးလမှာ ဖြစ်လာမယ့်ကိစ္စတွေကို

အများကြီးမတွေးချင်တော့ပါဘူး။

သူကျွန်တော်တို့အတွက် ကစားပေးနေတာကိုပဲ ကျွန်တော်ပျော်ပါတယ်။

ရာသီကုန်ရင်တော့ အပြောင်းအရွှေ့မေးခွန်းတွေကို ကျွန်တော်ဖြေရမယ်ထင်ပါတယ်။

အဲတော့မှပဲ ဆက်ကြည့်ကြတာပေါ့လို့” ဘရန့်ဖို့ဒ်နည်းပြ သောမတ်ဖရန့်ခ်က ဆိုပါတယ်။

ခြေစွမ်းပိုင်း ပြန်လည်တောက်ပလို့နေတဲ့ အဲရစ်ဆင်ကို

သူ့အသင်းဟောင်း စပါးနဲ့ ယူနိုက်တက်တို့က အဲရစ်ဆင်ရဲ့အခြေအနေကို

အနီးကပ် စောင့်ကြည့်လျက် ရှိနေပါတယ်။

အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ကာလတိုစာချုပ်အဖြစ် (၆)လစာချုပ်နဲ့ ချုပ်ဆိုခဲ့ပြီး

လက်ရှိမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲ ပါဝင်ကစားပေးထားရင်း

ချယ်လ်ဆီးကို (၁)ဂိုး (၄)ဂိုးနဲ့ အနိုင်ရသွားခဲ့တဲ့ ပွဲမှာအဲရစ်ဆင်က

အကောင်းဆုံး ခြေစွမ်းပြခဲ့သလို သူရဲ့ဘရန့်ဖိုဒ်ကစားသမားဘဝ

ပထမဆုံးသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

zawgyi

ေျခစြမ္းပိုင္း ျပန္လည္ေတာက္ပေနတဲ့ အဲရစ္ဆင္ကို စပါးနဲ႔ ယူႏိုက္တက္တို႔ ေစာင့္ၾကည့္လ်က္ ရွိေန

အဲရစ္ဆင္ဟာ ဘရန႔္ဖို႔ဒ္အသင္းမွာ ရာသီကုန္အထိသာ

စာခ်ဳပ္သက္တမ္းကို ခ်ဳပ္ထားခဲ့တာျဖစ္ၿပီး သူဟာ ႏွလုံးခုန္ရပ္သြားတဲ့ ေရာဂါကေန

သက္သာအၿပီးမွာ သူကိုယ္တိုင္ေရာ သူမ်ားေတြကိုေရာ

အေကာင္းဆုံး ေျခစြမ္းကို ျပသဖို႔ ဆုံးျဖတ္ထားပုံေပၚပါတယ္။

အသက္ ၃၀ အ႐ြယ္ကစားသမားဟာ သူ႔ရဲ႕ေျခစြမ္းကိုေဖာ္ျပႏိုင္တဲ့

ဘရန႔္ဖို႔ဒ္အသင္းကေန ေခၚထုတ္ႏိုင္တဲ့ အသင္းရွိပါက

ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕လို႔ရၿပီျဖစ္ပါတယ္။

“ကစားသမားေတြ အသင္းေျပာင္းေတာ့မယ္ဆိုရင္

ေတြးရတာေတြ အမ်ားႀကီးရွိတယ္။

အဲရစ္ဆင္အတြက္လည္း အတူတူပဲျဖစ္ပါလိမ့္မယ္။

မွ်မွ်တတေျပာရရင္ေတာ့ အဲရစ္ဆင္က ကစားရတာကို ေပ်ာ္ေနတာပါ။

ကြၽန္ေတာ္တို႔ကေတာ့ ေနာက္သုံးလ၊ ေလးလမွာ ျဖစ္လာမယ့္ကိစၥေတြကို

အမ်ားႀကီးမေတြးခ်င္ေတာ့ပါဘူး။

သူကြၽန္ေတာ္တို႔အတြက္ ကစားေပးေနတာကိုပဲ ကြၽန္ေတာ္ေပ်ာ္ပါတယ္။

ရာသီကုန္ရင္ေတာ့ အေျပာင္းအေ႐ႊ႕ေမးခြန္းေတြကို ကြၽန္ေတာ္ေျဖရမယ္ထင္ပါတယ္။

အဲေတာ့မွပဲ ဆက္ၾကည့္ၾကတာေပါ့လို႔” ဘရန႔္ဖို႔ဒ္နည္းျပ ေသာမတ္ဖရန႔္ခ္က ဆိုပါတယ္။

ေျခစြမ္းပိုင္း ျပန္လည္ေတာက္ပလို႔ေနတဲ့ အဲရစ္ဆင္ကို

သူ႔အသင္းေဟာင္း စပါးနဲ႔ ယူႏိုက္တက္တို႔က အဲရစ္ဆင္ရဲ႕အေျခအေနကို

အနီးကပ္ ေစာင့္ၾကည့္လ်က္ ရွိေနပါတယ္။

အဲရစ္ဆင္ဟာ ဘရန႔္ဖို႔ဒ္အသင္းနဲ႔ ကာလတိုစာခ်ဳပ္အျဖစ္ (၆)လစာခ်ဳပ္နဲ႔ ခ်ဳပ္ဆိုခဲ့ၿပီး

လက္ရွိမွာလည္း အသင္းအတြက္ ပရီးမီးယားလိဂ္ (၄)ပြဲ ပါဝင္ကစားေပးထားရင္း

ခ်ယ္လ္ဆီးကို (၁)ဂိုး (၄)ဂိုးနဲ႔ အႏိုင္ရသြားခဲ့တဲ့ ပြဲမွာအဲရစ္ဆင္က

အေကာင္းဆုံး ေျခစြမ္းျပခဲ့သလို သူရဲ႕ဘရန႔္ဖိုဒ္ကစားသမားဘဝ

ပထမဆုံးသြင္းဂိုးကိုပါ သြင္းယူႏိုင္ခဲ့ပါတယ္။