ခရစ္စတီယန်ပူလီဆစ်ကချဲလ်ဆီးတွင်ရုန်းကန်နေရကြောင်းဖွင့်ဟလာပါတယ်။
ပေါင်၅၈သန်းတန်တောင်ပံကစားသမားကသောမတ်စ်တူချယ်လက်အောက်တွင်
သူ့စိတ်ကြိုက်နေရာတွင်ကစားခွင့်မရရှိမှုနဲ့အတူ
အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရကြောင်းဖွင့်ဟလာတာလည်းဖြစ်ပါတယ်။
ပူလီဆစ်ဟာယခုရာသီတွင်ချဲလ်ဆီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်
၁၉ပွဲကစားခွင့်ရရှိထားပြီး၃ဂိုးသွင်းယူထားပါတယ်။
ဒါပေမဲ့သူဟာဆက်တိုက်ပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်နေရသလို
နေရာစုံတွင်လည်းကစားနေရပါတယ်။
ယခုအခါပူလီဆစ်က “ဒီနှစ်(၂၀၂၁)မှာနိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့တယ်။
ကျွန်တော်ဖြစ်ချင်သလိုမဖြစ်ခဲ့တာကတော့သေချာပါတယ်။
ကျွန်တော့်ဘက်ကတော့ဆက်ပြီးတော့ကြိုးစားသွားပါမယ်။
ဒီကို(အမေရိကန်အတွက်လာကစားချိန်)လာတဲ့အချိန်မှာရိုက်ခတ်မှုမရှိပါဘူး။
ဒီကိုလာကစားရတာလည်းစိတ်လှုပ်ရှားရတယ်။
လက်ရွေးစင်အသင်းသို့ရောက်လာချိန်မှာ ချဲလ်ဆီးမှ
ာဖြစ်ပျက်နေတာနဲ့ပတ်သက်ပြီး မစဉ်းစားတတ်အောင်ဖြစ်ရတယ်။
စိတ်ဓာတ်ပိုင်းကအရေးပါပါတယ်။ဒါပေမဲ့လက်ရွေးစင်မှ
ာပါဝင်ခွင့်ရလို့စိတ်လှုပ်ရှားရတယ်။ကိုယ်ကစားချင်တဲ့နေရာမှာ
ကစားခွင့်မရဘဲကိုယ်မကစားချင်တဲ့နေရာမှာပဲကစားရတာ
အင်မတန်ခက်ခဲပါတယ်။တဖက်မှာနေရာစုံ
ကစားနိုင်တာကလည်းကောင်းပါတယ်။အများကြီးသင်ယူခဲ့တယ်။
လာမယ့်ပွဲအချို့မှာနေရာရလာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ပူလီဆစ်ဦးဆောင်တဲ့အမေရိကန်အသင်းဟာသောကြာနေ့မှာ
အယ်ဆာဗေးဒိုးနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားသွားရပါမယ်။
ပူလီဆစ်မတိုင်မီ ရိုမဲလူလူကာကူဟာလည်းချဲလ်ဆီးတွင်
နည်းပြတူချယ်လက်အောက်တွင်မပျော်မရွှင်ဖြစ်နေကြောင်
းဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။
လူကာကူဟာယင်းသို့ပြောကြားမှုအတွက်
လူသိရှင်ကြားတောင်းပန်မှုပြုလုပ်ခဲ့ရသလို
တစ်ပတ်လုပ်ခ (ပေါင်၃၂၅၀၀၀)ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
zawgyi
ခ်ဲလ္ဆီးတြင္႐ုန္းကန္ေနရေၾကာင္းဖြင့္ဟလာတဲ့ ေနာက္ထပ္ခ်ဲလ္ဆီးစတား
ခရစၥတီယန္ပူလီဆစ္ကခ်ဲလ္ဆီးတြင္႐ုန္းကန္ေနရေၾကာင္းဖြင့္ဟလာပါတယ္။
ေပါင္၅၈သန္းတန္ေတာင္ပံကစားသမားကေသာမတ္စ္တူခ်ယ္လက္ေအာက္တြင္
သူ႔စိတ္ႀကိဳက္ေနရာတြင္ကစားခြင့္မရရွိမႈနဲ႔အတူ
အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရေၾကာင္းဖြင့္ဟလာတာလည္းျဖစ္ပါတယ္။
ပူလီဆစ္ဟာယခုရာသီတြင္ခ်ဲလ္ဆီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္
၁၉ပြဲကစားခြင့္ရရွိထားၿပီး၃ဂိုးသြင္းယူထားပါတယ္။
ဒါေပမဲ့သူဟာဆက္တိုက္ပြဲထြက္ကစားခြင့္ရရွိရန္႐ုန္းကန္ေနရသလို
ေနရာစုံတြင္လည္းကစားေနရပါတယ္။
ယခုအခါပူလီဆစ္က “ဒီႏွစ္(၂၀၂၁)မွာနိမ့္လိုက္ျမင့္လိုက္ျဖစ္ေနခဲ့တယ္။
ကြၽန္ေတာ္ျဖစ္ခ်င္သလိုမျဖစ္ခဲ့တာကေတာ့ေသခ်ာပါတယ္။
ကြၽန္ေတာ့္ဘက္ကေတာ့ဆက္ၿပီးေတာ့ႀကိဳးစားသြားပါမယ္။
ဒီကို(အေမရိကန္အတြက္လာကစားခ်ိန္)လာတဲ့အခ်ိန္မွာ႐ိုက္ခတ္မႈမရွိပါဘူး။
ဒီကိုလာကစားရတာလည္းစိတ္လႈပ္ရွားရတယ္။
လက္ေ႐ြးစင္အသင္းသို႔ေရာက္လာခ်ိန္မွာ ခ်ဲလ္ဆီးမွ
ာျဖစ္ပ်က္ေနတာနဲ႔ပတ္သက္ၿပီး မစဥ္းစားတတ္ေအာင္ျဖစ္ရတယ္။
စိတ္ဓာတ္ပိုင္းကအေရးပါပါတယ္။ဒါေပမဲ့လက္ေ႐ြးစင္မွ
ာပါဝင္ခြင့္ရလို႔စိတ္လႈပ္ရွားရတယ္။ကိုယ္ကစားခ်င္တဲ့ေနရာမွာ
ကစားခြင့္မရဘဲကိုယ္မကစားခ်င္တဲ့ေနရာမွာပဲကစားရတာ
အင္မတန္ခက္ခဲပါတယ္။တဖက္မွာေနရာစုံ
ကစားႏိုင္တာကလည္းေကာင္းပါတယ္။အမ်ားႀကီးသင္ယူခဲ့တယ္။
လာမယ့္ပြဲအခ်ိဳ႕မွာေနရာရလာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ပူလီဆစ္ဦးေဆာင္တဲ့အေမရိကန္အသင္းဟာေသာၾကာေန႔မွာ
အယ္ဆာေဗးဒိုးႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကစားသြားရပါမယ္။
ပူလီဆစ္မတိုင္မီ ႐ိုမဲလူလူကာကူဟာလည္းခ်ဲလ္ဆီးတြင္
နည္းျပတူခ်ယ္လက္ေအာက္တြင္မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္
းဖြင့္ဟေျပာၾကားခဲ့ဖူးပါတယ္။
လူကာကူဟာယင္းသို႔ေျပာၾကားမႈအတြက္
လူသိရွင္ၾကားေတာင္းပန္မႈျပဳလုပ္ခဲ့ရသလို
တစ္ပတ္လုပ္ခ (ေပါင္၃၂၅၀၀၀)ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။